WA တောင်ပိုင်းတွင်ဘဝသစ်တည်ဆောက်ပြီးနောက်ကိုယ်ပိုင်ဘုရားကျောင်းဆောက်လုပ်ရန်မြန်မာဒုက္ခသည်များစီစဉ်

ABC News, 04 Aug 2015
URL: http://www.abc.net.au/news/2015-08-03/refugees-make-wa-town-home-build-new-life-in-great-southern/6669424
လွန်ခဲ့သည့်ခုနစ်နှစ်တွင်ဒုက္ခသည်အဖွဲ့ငယ်တစ်ဖွဲ့သည်မြန်မာနိုင်ငံရှိနေရပ်စွန့်ခွာထွက်ပြေးသူကရင်လူမျိုးများတွက်အောင်မြင်သည့်
ဇာတ်လမ်းတစ်ခုစတင်ရန်သြစတေးလျအနောက်ပိုင်းကန်တနီးမြို့သို့ရောက်ရှိလာခဲ့သည်။
မြန်မာစစ်တပ်၏ဖိနှိပ်ချုပ်ခြယ်မှုများကြောင့်မြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်လာပြီးနောက်ပိုင်းတွင်ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းများ
မှအမျိုးသား(၇)ဦးနှင့်အမျိုးသမီး(၁)ဦးတို့သည်သြစတေးလျနိုင်ငံသို့ရွှေ့ပြောင်းနေထိုင်ရန်စီစဉ်ခဲ့သည်။
အင်္ဂလိပ်စကားမပြောတတ်သည့်ရွှေ့ပြောင်းအလုပ်သမားများအလုပ်လုပ်သောဒေသတွင်းသားသတ်ရုံ၌အလုပ်လုပ်ကိုင်ရန်ဝိဘတ်မြို့
တောင်ပိုင်းသို့မပြောင်းရွှေ့မီပတ်သ်တွင်ထိုအုပ်စုသည်ကနဦးအခြေချခဲ့သည်။
အစပိုင်းမှစ၍ကန်တနီးမြို့ရှိကရင်ခရစ်ယာန်ဦးရေသည်မိသားစုလေးဆယ်တွင်(၁၅၀)ထိကြီးထွားလာခဲ့ကာထိုအရပ်ဒေသတွင်အခြေ
ချခဲ့သည်။ယခုအခါကိုယ်ပိုင်ဘုရားကျောင်းတည်ဆောက်ရန်၎င်းတို့မှမျှော်လင့်နေကြပြီဖြစ်သည်။
ထိုအဖွဲ့သည်၎င်းတို့ကိုယ်ပိုင်ဘာသာစကားဖြင့်ဝတ်ပြုဆုတောင်းမှုများပြုလုပ်နိုင်ရန်အတွက်ဘုရားကျောင်းခန်းမဆောင်တစ်ခုဆောက်
လုပ်ရန်အစီအစဉ်မှုဖြင့်မြို့နှင့်ကီလိုနှစ်မီတာအကွာတွင်ရှိသော(၁၆)ဧကရှိသည့်မြေတစ်ကွက်ကိုဝယ်ခဲ့သည်။
မြန်မာနှစ်ခြင်းဝတ်ပြုဆုတောင်းခြင်းအတွက်ခေတ်မီအဆောက်အဦးဆောက်လုပ်ရန်ငွေကြေးရန်ပုံငွေပိုမိုရရှိသည်အထိစောင့်ဆိုင်း
ရမည်ဖြစ်ပြီးအဖွဲ့မှငွေကြေးစုဆောင်းနိုင်မည်ဖြစ်သည်။သို့သော်လည်းထိုအချိန်အတောအတွင်းလူထုခေါင်းဆောင်စိုးပွဲမုဝါမှ၎င်းတို့
သည်ဘုရားကျောင်းအတွက်ငွေသွင်းရာတွင်ကူညီရန်အတွက်မြေကွက်ကိုအသုံးပြုပြီးစိုက်ပျိုးခြင်းနှင့်အစားအစာရောင်းချရန်မျှော်
မှန်းသည်။
“ဒါဟာကျွန်တော်တို့အတွက်အိမ်မက်တစ်ခုလိုပါပဲ၊ကျွန်တော်တို့အခုချက်ခြင်းမဆောက်လုပ်နိုင်ပါဘူး၊ဒါကြောင့်ကျွန်တော်တို့မြေ
ကွက်ကိုထိမ်းသိမ်းထားပြီးချေးငွေကိုအနှစ်(၂၀)ကျော်ပေးရမှာပါ”ဟုသူကပြောခဲ့သည်။
အသင်းဝင်တစ်ဦးချင်းစီမှချေးငွေပေးရာတွင်ကူညီရန်အတွက်အပတ်စဉ်တိုင်း(၅)ဒေါ်လာမှ(၁၀)ဒေါ်လာအတွင်းပေးသွားမည်ဖြစ်
သည်၊၎င်းကိုပတ်သ်မှာရှိသည့်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှအကျိုးဆောင်ကူညီပေးခြင်းဖြစ်သည်။
ကရင်တစ်ဦးဖြစ်သူအန်တီဂျင်းမှပေါ်ပေါက်ကာစအသိုင်းအဝိုင်းကိုအင်္ဂလိပ်ဘာသာစကားသင်ကြားခြင်းအပြင်၎င်းတို့နိုင်ငံသစ်၏
ဓလေ့ထုံးတမ်းများနှင့်လုပ်နည်းကိုင်နည်းများကိုသင်ကြားပေးရန်အတွက်မစ္စစ်ဖိလစ်စ်ကိုခေါ်ဆောင်လာခြင်းဖြင့်ကူညီခဲ့သည်။
“သူတို့အလုပ်ကိုကြိုးကြိုးစားစားလုပ်ကြတယ်၊အလွန်ကိုရိုးသားတဲ့သူတွေပဲဖြစ်တယ်၊ပြီးတော့သူတို့ကလေးတွေကိုလဲအပြုအမူ
ကောင်းတွေဆောင်ယူတယ်၊ကြီးသူကိုရိုသေလေးစားတယ်၊အိမ်နီးနားချင်းကောင်းတွေဖြစ်လာမှာပါ”ဟုသူမကပြောခဲ့သည်။
“တဖြည်းဖြည်းနဲ့အချိန်တွေကြာလာတဲ့နောက်သူတို့ထဲက(၂၇)ဦးဟာဒီ(၇)နှစ်အတွင်းမှာအိမ်ပိုင်ရာပိုင်ဝယ်ဖြစ်သွားပါပြီ၊ကန်တနီးရဲ့
အမျိုးမျိုးကွဲပြားတဲ့အသိုင်းအဝိုင်းဟာတိုင်းရင်းသားအုပ်စု(၅၀)နီးပါးရှိနေပါပြီ”
ပတ်သ်ရှိနှစ်ခြင်းခရစ်ယာန်အသိုင်းအဝိုင်း၏အခွဲတစ်ခုဖြစ်ပြီးယခုအခါကန်တနီးခရစ်ယာန်ဘုရားရှိကျောင်းများအသင်းအဖွဲ့ဖြစ်
နေပြီဖြစ်သည်၊မြန်မာအမျိုးသား၊အမျိုးသမီးနှင့်ကလေးများသည်မြို့၏တစိတ်တပိုင်းအဖြစ်ကြီးထွားလာကြပြီးဒုက္ခသည်ကြိုဆိုရေး
နယ်မြေအဖြစ်ဂုဏ်ယူစွာကြေငြာခဲ့သည်။
ကန်တနီးသည်ယခုအခါတိုင်းရင်းသားအုပ်စု(၅၀)နီးပါး၏ကိုယ့်ရပ်ကိုယ့်မြေလိုဖြစ်လာခဲ့သည်၊ဒုက္ခသည်အများစုနှင့်နေရပ်စွန့်ခွာ
ထွက်ပြေးလာသူအများစုမှာစစ်ကြောင့်ဖိနှိပ်ချုပ်ချယ်မှုများနှင့်နှစ်ပေါင်းကြာရှည်စွာဖြစ်ပွားနေသောပြည်တွင်းစစ်မှလွတ်မြောက်
လာသူများဖြစ်သည်။
အမျိုးမျိုးကွဲပြားထင်ဟပ်မှုများအရနေထိုင်သူလေးထောင်ကျော်လူဦးရေအတွက်ဝတ်ပြုဆုတောင်းနေရာများကိုအမျိုးမျိုးသောဘာ
သာရေးဂိုဏ်းခွဲ(၁၅)ကျောင်းဖြင့်ပံ့ပိုးပေးနှင့်ပြီဖြစ်သည်။
ကရင်လူမျိုးများသည်WAတွင်နေသားကျဖြစ်အောင်နေထိုင်သည့်နည်းလမ်းနှင့်ဘာသာစကားအခက်အခဲများကိုလည်းလိုက်လျော
ညီထွေဖြစ်အောင်ဘဝတွင်နေထိုင်ခြင်းကိုအိုကွန်နော်ရခ်ဝီလ်ဆင်၏ဖက်ဒရယ်အသင်းဝင်ကချီးမွမ်းကြောင်းပြောခဲ့သည်။
“ကရင်ကလေးတွေဟာဒေသတွင်းကျောင်းတွေမှာကောင်းစွာအခြေကျနေပါပြီ၊ဘာသာစကားနှစ်မျိုးကိုကျွမ်းကျွမ်းကျင်ကျင်ပြော
နိုင်ပြီးကောင်းမွန်တဲ့ရလဒ်တွေရနေပါပြီ”ဟုသူကပြောခဲ့သည်။
“ရေပိုက်ပြင်သမားတွေ၊ဆေးသုတ်သမားတွေနဲ့စက်ပြင်စရာတွေစသည်ဖြင့်လူငယ်တွေအတွက်သင်တန်းတွေနဲ့အမျိုးသမီးငယ်တွေ
အတွက်သူနာပြုသင်တန်း၊စာသင်ကြာရေးသင်တန်းနဲ့ကလေးပြုစုစောင့်ရှောက်ရေးသင်တန်းတွေနဲ့အတူဘွဲ့ရတွေဟာဒေသတွင်း
အလုပ်အကိုင်အတွေ၊ အလုပ်သင်တွေနဲ့ဒီထက်ပိုတဲ့ပညာရေးတွေဆီကိုတဖြည်းဖြည်းချင်းသွားနေပါပြီ။”
“ဘုရားကျောင်းဆောက်လုပ်ဖို့မြေဝယ်ယူမှုဟာအလွန်ကိုကြိုဆိုဖွယ်ကောင်းတဲ့တိုးတက်မှုတစ်ခုလို့ကျွန်တော်မြင်ပါတယ်။”
“သူတို့ဟာနယ်မြေနဲ့ကန်တနီးအသိုင်းအဝိုင်းမှာရေရှည်ပါဝင်တယ်ဆိုတာပြသလိုက်သလိုသူတို့ခေါင်းဆောင်တွေကိုယ်စားအခွင့်အ
ရေးတွေကိုရှာဖွေဖို့အတွက်နဲ့ဒီခွင့်အရေးတွေလာတဲ့အခါရယူဆုပ်ကိုင်ထားဖို့အတွက်တကယ့်ပဏာမခြေလှမ်းဆိုတာပြသလိုက်တာ
ပါပဲ။”