ဝန်ကြီးများနှင့်တိုင်းရင်းသားခေါင်းဆောင်များအပစ်အခတ်ရပ်စဲရေးအတွက်ရှေ့ဆက်တွေ့ဆုံ

...

ဝန်ကြီးများနှင့်တိုင်းရင်းသားခေါင်းဆောင်များအပစ်အခတ်ရပ်စဲရေးအတွက်ရှေ့ဆက်တွေ့ဆုံ

Myanmar Times, 09 Sep 2015

URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/16386-ministers-and-ethnic-leaders-meet-ahead-of-ceasefire-talks.html
သမ္မတနှင့်ကာကွယ်ရေးစစ်ဦးစီးချုပ်တို့သည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုအပြီးသတ်နိုင်ရန်
ရည်ရွယ်၍ယနေ့၌အဓိကကျသောအစည်းအဝေးရှေ့ဆက်ကျင်းပနေစဉ်တွင်နေပြည်တော်၌အစိုးရဝန်ကြီးများနှင့်တိုင်းရင်း
သားခေါင်းဆောင်များသည်အကြိုဆွေးနွေးပွဲကျင်းပခဲ့သည်။

အစိုးရညှိနှိုင်းဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူဦးအောင်မင်းသည်တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ the capital’s
Lake Garden Hotel တွင်အခြားပြည်ထောင်စုဝန်ကြီးများနှင့်တွေ့ဆုံစည်းဝေးခဲ့ဟုမြန်မာ့ငြိမ်းချမ်းရေးစင်တာ၏ဝါရင့်အကြံ
ပေးဖြစ်သူဦးလှမောင်ရွှေကဆွေးနွေးပွဲကိုယမန်နေ့ညနေစောင်းပိုင်းတွင်ပြုလုပ်ခဲ့ကြောင်းမီဒီယာများကိုပြောကြားခဲ့သည်။

“ကျွန်တော်တို့စီစဉ်ထားရှိခဲ့တာတွေကြောင့်ခုထက်ထိအခြေအနေကောင်းနေတုန်းပါပဲ” ဟုသူကပြောခဲ့သည်၊ဆွေးနွေးမှုတွင်
တိုင်းရင်းသားညှိနှိုင်းဆွေးနွေးသူ(၈)ဦးမှသမ္မတဦးသိန်းစိန်နှင့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်အတူဘာတွေစီစဉ်တင်ပြ
မည်ဆိုသည်ကိုဆွေးနွေးကြလိမ့်မည်ဖြစ်ကြောင်းရှင်းပြခဲ့သည်။

ဆွေးနွေးမှုသည်အပစ်အခတ်ရပ်စဲရေးစာချုပ်၏စာပိုဒ်များအပေါ်ဦးတည်ထားဆွေးနွေးမည်မဟုတ်သော်လည်းအဆင့်လိုက်
ဆောင်ရွက်မှုများနှင့်ပတ်သက်၍စစ်တပ်၊နိုင်ငံရေးနှင့်လူမှုရေးအာမခံချက်များအပါအဝင်သဘောတူစာချုပ်လက်မှတ်ရေးထိုး
ခြင်းသည်နောက်ဆက်တွဲအနေဖြင့်လိုက်သွားမည်ဖြစ်သည်။ အစိုးရမှလက်မှတ်ရေးထိုးခြင်းကိုမြန်နိုင်သလောက်မြန်နိုင်ရန်
လိုလားသည်၊သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းသည်နိုဝင်ဘာလတွင်ကျင်းပမည့်ရွေးကောက်ပွဲ၌ကြံ့ခိုင်ရေးပါတီအ
တွက်မျှော်လင့်ချက်များမြှင့်တင်ပေးရန်မျှော်လင့်သည်။

သဘောတူစာချုပ်တွင်အဓိကအတားအဆီးဖြစ်နေသည့်အရာများကိုမေးမြန်းခဲ့သည်၊တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး
စာချုပ်တွင်အစိုးရမှလက်နက်ကိုင်အဖွဲ့မည်မျှထည့်သွင်းမည်နည်း၊ပါဝင်သည့်စာသားအပိုဒ်များကို(၁၈)လကျော်ကြာညှိနှိုင်း
ဆွေးနွေးဖြေရှင်း၍အတည်ပြုလက်ခံခဲ့ပြီဖြစ်ပြီးရလဒ်များကိုသမ္မတနှင့်ဆွေးနွေးပွဲပြီးတွင်တွေ့မြင်ရမည်ဖြစ်ကြောင်းဦးလှ
မောင်ရွှေကပြောခဲ့သည်။

နှစ်ဖက်စလုံးအားလွန်ခဲ့သည့်လေးနှစ်ကပင်ဦးသိန်းစိန်အဆိုပြုထားခဲ့သည့်အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုအပြီးသတ်ရန်အ
တွက်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှအပြင်းအထန်ဖိအားပေးခဲ့သည်။

အဖွဲ့(၁၄၈)ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ငြိမ်းချမ်းရေးဖိုရမ်ကနှစ်ဖက်စလုံးမှလွန်လေပြီးသောအ
ခါကညှိနှိုင်းဆွေးနွေးမှုများမအောင်မမြင်ဖြစ်ခဲ့ပုံကိုသင်ခန်းစာယူသင့်ကြောင်း၊တဖက်စီ၏အနေအထားအပေါ်တွင်ပုံသေဆုပ်
ကိုင်မထားပဲညှိနှိုင်းဆွေးနွေးသင့်ကြောင်းပြောခဲ့သည်။

သို့သော်လည်းအစိုးရအားကိုးကန်းဒေသတွင်တိုက်ပွဲဖြစ်နေသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ကိုအပစ်အခတ်သ
ဘောတူစာချုပ်တွင်ပါဝင်ခွင့်ပြုရန်တောင်းဆိုခဲ့သည်၊သို့သော်လည်းအစိုးရမှခွင့်မပြုကြောင်းသာထပ်တလဲလဲပြောခဲ့သည်။
EAOs သည်အစိုးရနှင့်အတူနှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရေးတွင်လက်မှတ်ရေးထိုးခဲ့နှင့်ပြီးဖြစ်သည်။ထိုလုပ်ငန်းစဉ်ကို
၂၀၁၁ခုနှစ်ကတည်းကပင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။လပေါင်း(၂၀)ကြာစတင်ခဲ့ရသည့်လုပ်ငန်းစဉ်သည်တနိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေးတစ်ခုကိုရယူနိုင်ခဲ့ပြီးရှေ့ဆက်ရန်စတင်ခဲ့သည့်ခြေလှမ်းများထဲမှတစ်ခုဖြစ်သည်၊ကချင်ငြိမ်းချမ်းရေး
ကွန်ယက်အဖွဲ့ဝင်ဒေါ်ခွန်ဂျာမှအရပ်ဖက်လူမှု့အဖွဲ့အစည်းများသည်အစိုးရနှင့်တိုင်းရင်းသားညှိနှိုင်းရေးအဖွဲ့များ၏ကွဲပြားခြား
နားသောရပ်တည်ချက်နှင့်ပတ်သက်၍ယနေ့တွင်ရလဒ်သဘောတူညီမှုတစ်စုံတစ်ခုမရှိပါက၎င်းအပေါ် စိုးရိမ်မှုများခဲ့ရှိသည်
ဟုပြောခဲ့သည်။

“နေပြည်တော်အစည်းအဝေးရလဒ်ကပြည်သူလူထုအတွက်အလွန်အရေးကြီးပါတယ်။ CSOs ကအပစ်အခတ်ရပ်စဲရေးမှာ
အားလုံးကိုပါဝင်စေချင်တယ်၊”

“အားလုံးပါဝင်တဲ့အပစ်အခတ်ရပ်စဲရေးကအလွန်ကိုအရေးပါပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာတပ်မတော်နဲ့ TNLA
တို့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲ့ဒီနေရာမှာသူတို့တိုက်ပွဲဖြစ်နေရင်ကချင်လွတ်မြောက်ရေး
တပ်မတော်ကလည်းဒီတိုက်ပွဲထဲပါလာမှာပဲ။”

ယမန်နေ့ကအရပ်ဖက်လူမှုအဖွဲ့များသည်ယနေ့ဆွေးနွေးပွဲအောင်မြင်ရန်အတွက်ပြည်နယ်နှင်တိုင်းတစ်ခုစီတိုင်းတွင်ဝတ်
ပြုဆုတောင်းပွဲများစီစဉ်လုပ်ဆောင်ခဲ့ကြသည်။

အရပ်ဖက်လူမှု့အဖွဲ့အစည်းများ၏ငြိမ်းချမ်းရေးဖိုရမ်အသင်းဝင်များသည်လည်းနေပြည်တော်သို့ခရီးထွက်ခွာခဲ့ကြပြီးသမ္မတ
ဦးသိန်းစိန်နှင့်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီဝင်များနှင့်တွေ့ဆုံခဲ့သည်။

လွတ်လပ်စွာတွေးခေါ်သူများအဖွဲ့မှဒေါ်သိန္ဒီဦးkအရပ်ဖက်လူမှု့ကိုယ်စားလှယ်များသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်
မြင်ရန်အတွက်သမ္မတနှင့်အခြားညှိနှိုင်းဆွေးနွေးသူများနှင့်အတူဆုတောင်းခဲ့သည်ဟုပြောခဲ့သည်။