မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်UN၏လေ့လာသူတစ်ဦးဖြစ်သည့်ဗီဂျေးနမ်ဘီးယားနှင့် တွေ့ဆုံမေးမြန်းခြင်း

...

မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်UN၏လေ့လာသူတစ်ဦးဖြစ်သည့်ဗီဂျေးနမ်ဘီးယားနှင့် တွေ့ဆုံမေးမြန်းခြင်း

Democratic Voice of Burma, 08 Sep 2015

URL: http://www.dvb.no/interview/interview-vijay-nambiar-the-uns-observer-to-burmas-peace-talks-burma-myanmar/57090
မြန်မာသမ္မတဦးသိန်းစိန်သည်မနက်ဖြန်တွင်တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီးထိုတွေ့ဆုံဆွေး
နွေးမှုသည်အနာဂတ်ကိုပုံဖော်နိုင်မည်ဖြစ်သည်။သို့သော်လည်းအရေးပါသည့်အကြောင်းအရာကိစ္စအချို့သည်မဖြေရှင်းနိုင်
သေး(သို့)မသေချာသေးပဲကျန်ရှိနေသည်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင်ဝင်ရောက်လေ့လာသည့်တရားဝင်လေ့လာသူတစ်ဦးဖြစ်သူUN
အထွေထွေအတွင်းရေးမှူး၏မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးဗီဂျေးနမ်ဘီးယားနှင့်(DVB)မှတွေ့ဆုံစကားပြောပြီးတနိုင်ငံ
လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးနှင့်ပက်သက်၍ကြိုတင်ခန့်မှန်းမှုများရှိမရှိ(သို့မဟုတ်)(NCA)ကိုနောက်ဆုံးတွင်အောင်မြင်
စွာအတည်ပြုနိုင်မည်လားဆိုသည်နှင့်စပ်လျဉ်း၍၎င်း၏ထင်မြင်ချက်ကိုမေးမြန်းခြင်းဖြစ်သည်။

မေး ။ ။ သင့်အနေနဲ့အပစ်အခတ်ရပ်စဲရေးမှာလက်တွေ့လေ့လာခဲ့တယ်။လေ့လာခဲ့ရလောက်အားလုံးကိုပြောပြပေးပါလား။

ဖြေ။ ။ အပစ်အခတ်ရပ်စဲရေးခိုင်မာတောင့်တင်းဖို့အတွက်ဦးဆုံးခြေလှမ်းရဲ့အဆုံးကိုကျွန်တော်တို့ရောက်ရှိနိုင်ပြီးဆယ်စုနှစ်
များစွာပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်ချမှတ်ထားတဲ့နိုင်ငံရေးဆိုင်ရာအ
ချီချကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပွဲတွေစတင်ဖို့အစပိုင်းကိုကျွန်တော်တို့ရောက်ရှိနိုင်ပါပြီ......ပြည်တွင်းစစ်မှာအသက်အတော်
တော်များများဆုံးရှုံးခဲ့ရပြီးထောင်ပေါင်းရာနှင့်ချီရှိတဲ့သူတွေဟာသူတို့အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးဖို့အတင်းအကျပ်ဖိအား
ပေးခံခဲ့ရပါတယ်။မျိုးဆက်အများအပြားကိုလည်းကျမ်းမာရေးတိုးတက်ကောင်းမွန်စေမယ့်အခွင့်အလမ်းတွေကိုလက်လွှတ်ဆုံး
ရှုံးစေခဲ့ပါတယ်။ဒါကမြန်မာနိုင်ငံမှာပထမဆုံးအကြိမ်အပစ်ရပ်ညှိနှိုင်းဆွေးနွေးခြင်းမဟုတ်ပါဘူး။ကြိုးပမ်းအားထုတ်မှုမအောင်
မမြင်ဖြစ်ခဲ့ပြီးကတိပျက်ခဲ့တဲ့သမိုင်းလည်းရှိပါတယ်။ဒါပေမယ့်ယနေ့ရရှိတဲ့အစစ်အမှန်တစ်ခုကနေညှိနှိုင်းဆွေးနွေးမှာဖြစ်ပြီး
နိုင်ငံရေးနဲ့စီးပွားရေးနစ်နာမှုတွေကိုဖြေရှင်းဖို့အတွက်ကြိုပမ်းအားထုတ်မှုအစပိုင်းဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါ
ဟာကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းရဲ့အမှန်တရားပါပဲ။သို့ပေမယ့်လည်းပူးပေါင်းပါဝင်သူများနဲ့တွေ့ဆုံ
ဆွေးနွေးနိုင်တဲ့ရှေ့ဆက်ငြိမ်းချမ်းရေးရရှိခြင်းအတွက်အရေးပါမှုတွေကိုတန်ဖိုးမထားရင်တော့မှားပါလိမ့်မယ်။ကမ္ဘာကြီးဟာ
ပြောင်းလဲမှုလျှင်လျှင်မြန်မြန်ဖြစ်နေပြီးမြန်မာနိုင်ငံကလည်းအကူးအပြောင်း၊အပြောင်းအလဲကြီးကြီးမားမားကြုံတွေ့နေရ
တယ်ဆိုတာကျွန်တော်တို့နားလည်သဘောပေါက်ရပါမယ်။သမိုင်းကကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာတွေကိုကျွန်တော်
တို့သင်ယူလေ့လာဖို့ဆန္ဒရှိရပါမယ်။ဒါပေမယ့်အတိတ်ကအရာတွေကအဟန့်အတားမဖြစ်စေဖို့အတွက်လည်းကျွန်တော်
တို့သင်ယူရပါမယ်၊အနာဂတ်အတွက်အဖြေရှာနည်းအသစ်တွေကိုရှာဖွေရပါမယ်။ဒီလိုကိုင်တွယ်ဖြေရှင်းနည်းတွေဟာအ
ရင်ကကျွန်တော်တို့မရနိုင်တဲ့အရာတွေအတွက်ဖြေရှင်းနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းတရုတ်နိုင်ငံနဲ့အတူငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုလေ့လာဖို့အတွက်ကုလသမဂ္ဂအတွင်း
ရေးမှူးကိုယ်စားဖိတ်ကြားခံရတာကျွန်တော်အလွန်ကိုဂုဏ်ယူပါတယ်။ငြိမ်းချမ်းရေးနဲ့ပြန်လည်ရင်ကြားစေ့ရေးဖြစ်စဉ်တွေ
မှာထိပ်သီးတွေ့ဆုံပွဲတွေနဲ့ညီလာခံအချို့တွေမှာလေ့လာဖို့အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကကျွန်
တော့်ကိုဖိတ်ကြားတာကလည်းကျွန်တော့်အတွက်အထူးအခွင့်အရေးပါပဲ။လေ့လာသူတစ်ယောက်အနေနဲ့ကျွန်တော်ပြော
ချင်တာကတော့နှစ်ဖက်စလုံးကစိတ်ရှည်သီးခံပြီးစိတ်ဇွဲထက်သန်ပုံဟာအမှန်တကယ့်ကိုအထင်ကြီးစရာကောင်းပါတယ်။
ညှိနှိုင်းဆွေးနွေးမှုတွေမှာအကြောင်းအရာကိစ္စတွေရှင်းရှင်းလင်းလင်းပါဝင်ခဲ့ပါတယ်၊နှစ်ဖက်စလုံးအတွင်းစားပွဲထိုင်ဆွေး
ဆွေးရုံသာမကသက်ဆိုင်ရာပါတီတွေကလည်းပဲသူတို့ကိုယ်တိုင်လေးလေးနက်နက်ပူးပေါင်းပါဝင်ကြပါတယ်။ပြီးခဲ့တဲ့လ
တွေတုန်းက(UPWC)(ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ)နဲ့(NCCT)(တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်
ရပ်စဲရေးညှိနှိုင်းအသင်း)တို့ကမသိမသာကွဲပြားခြားနားမှုတွေကိုရှာဖွေခဲ့ပြီးနည်းလမ်းတွေကိုအသေအချာဂရုတစိုက်နဲ့
ပြင်ဆင်ရေးသားခဲ့ပါတယ်။ကိုယ်တွေ့အနေနဲ့မမြင်ရဘဲနဲ့ဒီခက်ခဲရှုပ်ထွေးမှုတွေကိုနားလည်ဘောပေါက်ဖို့ခက်ခဲပါလိမ့်
မယ်။ညှိနှိုင်းဆွေးနွေးမှုတွေကတဆင့်ကွဲပြားခြားနားတဲ့အဆင့်အများအပြားမှာအသေးစိတ်ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုတွေ
ရှိပြီးအသေးစိတ်စဉ်းစားဆင်ခြင်မှုအတိုင်းအတာနဲ့အခြေအနေတိုင်းမှာနည်းပညာပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေရှိခဲ့ပါ
တယ်။ဒီပြည်တွင်းဖြစ်လုပ်ငန်းစဉ်နည်းလမ်းဟာတမူထူးခြားစွာပြောင်းလဲဖြစ်ပေါ်နေတယ်လို့ကျွန်တော်အမှန်တကယ်
ကိုခံစားမိပါတယ်။
လုပ်ငန်းစဉ်အပေါ်မှာUNကဘာကြောင့်ပိုမိုတိုက်ရိုက်လုပ်ပိုင်ခွင့်ကဏ္ဍကနေတာဝန်ယူဖို့မကြိုးစားတာလဲ၊ဒါမှမဟုတ်ပိုမို
ကြီးမားတဲ့တာဝန်ကိုဘာကြောင့်မယူတာလဲစသည်ဖြင့်အဲ့ဒီအချိန်မှာမေးခွန်းများမြင့်တက်လာပါတယ်။ကျွန်တော်မှတ်ချက်
သုံးခုပေးချင်ပါတယ်။ပထမတစ်ခုကအပြင်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ပါဝင်မယ့်မည်သည့်အခန်းကဏ္ဍမဆိုပဋိပက္ခဖြစ်နေ
တဲ့အဖွဲ့တွေရဲ့ကြိုတင်သဘောတူညီမှုလိုအပ်ပါတယ်၊စည်းမျဉ်းစည်းကမ်းများကိုသာမကအရေးပါတဲ့အသေးစိတ်အရေးပါ
မှုတွေကိုပါလေးစားရပါမယ်။နေသားတကျအဆင့်ဖြစ်ဖို့အချိန်ပိုမိုယူရပါမယ်။ဒုတိယအချက်ကတော့မည်သည့်ဆွေးနွေး
ခြင်းကိုမဆိုသူတို့အဖွဲ့အတွင်းသူတို့ကိုယ်တိုင်တိုက်ရိုက်ဖြေရှင်းတာပိုကောင်းပါတတ်။ကျွန်တော့အမြင်ကတော့ထိခိုက်
သက်ရောက်ခံရတဲ့အဖွဲ့တွေကသာခက်ခဲရှုပ်ထွေးမှုတွေကိုအမှန်ကယ်နားလည်ဖို့အလားအလာရှိတဲ့အဖွဲ့တွေဖြစ်ပြီးအမျိုး
မျိုးသောအကြောင်းကိစ္စတွေရဲ့သမိုင်းဝင်အရေးပါမှုတွေဟာအဖွဲ့တဖွဲ့စီဘက်တိုင်းကိုသက်ရောက်မှုရှိနေပါတယ်၊ပြီးတော့
သူတို့ရဲ့လူထုကိုယ်စားဆုံးဖြတ်ချက်နိုင်ပြီးခိုင်မာတဲ့ခံယူချက်နဲ့တရားဝင်ဖြစ်မှုတွေဆောင်ယူလာနိုင်ပါတယ်။တတိယအ
ချက်ကတော့ကျွန်တော်နှစ်ဖက်စလုံးနဲ့အတူလေ့လာဆွေးနွေးတာတွေပြုလုပ်နေရင်းနဲ့ပဲကျွန်တော်အချိန်ပိုမိုကုန်ဆုံးစေ
ပါတယ်။ကျွန်တော့ကိုပိုမိုယုံကြည်လက်ခံလာပါတယ်၊အကြောင်းအရာတွေနဲ့၎င်းတို့ထဲကဒေသတွင်းဘာသာစကားကျွမ်း
ကျင်မှုတွေကိုနားလည်ဖို့လိုအပ်တယ်ဆိုတဲ့အောက်ခြေအခြေအနေမှာအသေးစိတ်ဝေဖန်မှုတွေရှိပါတယ်။အခြေခံအား
ဖြင့်တိုက်ရိုက်ဆက်သွယ်ခြင်းကသာခိုင်မာတဲ့မည်သည့်ငြိမ်းချမ်းရေးကိုမဆိုတည်ဆောက်နိုင်ခြင်းနဲ့ပတ်သက်ပြီးယုံကြည်
စိတ်ချမှုကိုတည်ဆောက်နိုင်တဲ့တစ်ခုတည်းသောအရာပါပဲ။အပြင်လူတွေအနေနဲ့ကတော့ပတ်ဝန်းကျင်ကိုကူညီပံ့ပိုးပေးတာ
တစ်ခုသာပံ့ပိုးပေးနိုင်ပါတယ်။

မေး။ ။ဆွေးနွေးတာ(၁၈)လကြာခဲ့တယ်၊ဒါပေမယ့်ကမ္ဘာတဝှမ်းလုံးကအခြားနိုင်ငံတွေမှာပြုလုပ်တဲ့ပစ်အခတ်ရပ်စဲရေးညှိ
နှိုင်းဆွေးနွေးမှုတွေထက်စာရင်တော့အကုန်လုံးမဟုတ်သေးပါဘူး၊၂၀၁၃ခုနှစ်ကျော်ကတည်းကဒီလုပ်ငန်းတွေကိုတသတ်
မတ်ထဲရှေ့ဆက်ဆောင်ရွက်ဖို့အတွက်လေ့လာခွင့်ပြုထားခဲ့တဲ့အပေါ်ဘာအကြောင်းအရာတွေကိုသင်လေ့လာခဲ့သလဲ။
ဖြေ။ ။နိုင်ငံရေးလုပ်ငန်းစဉ်တွေက(၁၈)လကြာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ၂၀၁၃ခုနှစ်အစောပိုင်းမှာနိုင်ငံရေးဆိုင်ရာဆွေး
နွေးမှုအများအပြားရှိတဲ့လုပ်ငန်းစဉ်တွေကိုလေ့လာသူအဖြစ်ကျွန်တော်တို့ရောက်ရှိခဲ့ပါတယ်။နိုင်ငံတကာအမြင်နဲ့ကြည့်
မယ်ဆိုရင်နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုထဲကမကြာရှည်ပါဘူး၊လူတိုင်းပါဝင်တာကိုတွေ့မြင်ရခြင်းအားဖြင့်ဒါဟာအခုမှအစပိုင်း
ပဲရှိသေးတာပါ။ဒါပေမယ့်အဓိကအကြောင်းပြချက်ကတော့ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်တွေကအမှန်တကယ်စစ်မှန်မှုတွေ
ဟာမြန်မာပြည်သူလူထုကိုငြိမ်းချမ်းရေးရစေရန်အတွက်တစိတ်တပိုင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။နှစ်ဖက်
စလုံးကညှိနှိုင်းဆွေးနွေးတဲ့အဖွဲ့တွေကလည်းဒါကိုလက်ခံထားတယ်လို့ကျွန်တော်ထင်ပါတယ်။အစိုးရဘက်ကတိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေကနိုင်ငံရေးဆိုင်ရာပြေငြိမ်းမှုတွေရရှိလာတဲ့ကာလတိုင်အောင်သူတို့ရဲ့လက်နက်တွေကိုစွဲကိုင်ထား
နိုင်တယ်ဆိုတဲ့အရေးပါတဲ့လိုက်လျောမှုတွေကိုအာမခံချက်ပေးပြီးပြုလုပ်ခဲ့တယ်လို့လည်းကျွန်တော်ထင်ပါတယ်။ကတိပေး
ထားတာတွေကတော့မကြုံစဖူးကြုံရမယ့်ဒီမိုကရေစီကိုအခြေခံတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့နဲ့နောက်ထပ်သ
ဘောတူညီမှုကတော့အပစ်အခတ်ရပ်စဲရေးလှည့်လည်စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်နည်းလမ်းတွေအကောင်အထည်ဖော်
ဆောင်ရွက်ဖို့နဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုစတင်ဖို့ပဲဖြစ်ပါတယ်။နှစ်ဖက်စလုံးကယခင်ကအယုံအကြည်ကင်းမဲ့ခဲ့တာတွေနဲ့
နာကြည်းချက်တွေကိုရင်ဆိုင်ကျော်လွှားဖို့အတွက်စားပွဲထိုင်တွေ့ဆုံပြီးကြိုးပမ်းအားထုတ်ရာမှာစိတ်ဓာတ်ခိုင်မာမှုတွေနဲ့က
တိပေးလုပ်ဆောင်မှုတွေအပေါ်ကျွန်တော်နက်နက်ရှိုင်းအထင်ကြီးလေးစားမိပါတယ်။ဆက်လက်အယုံအကြည်ကင်းမဲ့နေ
မယ်ဆိုရင်တောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုရှေ့ဆက်လုပ်ဆောင်နိုင်မယ့်လက်ခံနိုင်လောက်တဲ့နည်းလမ်းတွေရှိမယ်
လို့မြင်ပါတယ်၊ မယုံမကြည်ဆက်လက်ဖြစ်နေမယ်ဆိုရင်တောင်ရှေ့ဆက်သွားနေတဲ့လုပ်ငန်း စဉ်တွေနဲ့အတူအသိအမှတ်ပြု
ထားတဲ့နည်းလမ်းတွေရှိတယ်လို့ထင်ပါတယ်၊ အခြေအနေတွေကတိုးတက်နိုင်ပြီးအောက်ခြေမှာဖန်တီးထားတဲ့ငြိမ်းချမ်းရေး
အတွက်အခြေခံစနစ်တစ်ခုကိုထိန်းထားနိုင်ပါတယ်။

မေး။ ။တကယ်လို့နောက်ဆုံးအချိန်ထိသဘောတူညီမှုမရရှိခဲ့ရင်၊တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာ
ချုပ်မအောင်မမြင်ဖြစ်ခဲ့ရင်ဘာအကျိုးဆက်တွေဖြစ်လာမလဲ။
ဖြေ။ ။ ဒီအခြေအနေမှာတော့ဒါကိုကျွန်တော်အရဲစွန့်ပြီးထင်ကြေးပေးမှာမဟုတ်ပါဘူး။ဒါပေမယ့်ကတိဝတ်အများအပြားပြု
လုပ်ထားပြီးပြီလို့ကျွန်တော်ယုံကြည်ပါတယ်၊ပြီးတော့ဒါတွေကိုလေးစားတန်ဖိုးထားတည်ဆောက်မယ်လို့လည်းကျွန်တော်တို့
မျှော်လင့်ပါတယ်။

မေး။ ။ဒီနှစ်ဇွန်လ(၂)ရက်နေ့မှာကျင်းပတဲ့လော်ခီးလာညီလာခံအဖွင့်ပွဲမှာသင်က“မြန်မာနိုင်ငံမှာပဋိပက္ခဖြစ်ပွားနေတာ
တွေကိုစစ်တပ်ကအဖြေရှာခြင်းမရှိဘူးဆိုတာကျွန်တော်တို့အားလုံးသိတယ်။ရှေ့ဆက်သွားမယ့်တစ်ခုထဲသောနည်းလမ်းက
တော့လူတိုင်းရင်ဖွင့်ပြောဆိုနိုင်ပြီးသူတို့ရဲ့နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေကိုခွင့်ပြုချက်အတိုင်းအတာပေးနိုင်မယ့်နိုင်ငံ
ရေးဆွေးနွေးမှုတွေကနေတဆင့်သွားဖို့ပါပဲလို့သင်ပြောခဲ့တယ်နော်”သင်ဆိုလိုလိုက်တဲ့သူတို့ရဲ့နိုင်ငံရေးအခွင့်အရေးအတွက်
ခွင့်ပြုချက်တိုင်းတာဆိုတာပတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့်ရှင်းပြလို့ရမလား။
ဖြေ။ ။စစ်တပ်အဖြေရှာခြင်းတွေကတခါမှကောင်းမွန်တဲ့အဖြေရှာခြင်းတွေမရှိခဲ့ပါဘူး။ဆက်လက်ပြီးဆင်းရဲဒုက္ခကံဆိုးမိုး
မှောင်ကျနေတုန်းပါပဲ။နိုင်ငံရေးပါတီအားလုံးအတွက်တန်းတူညီတူဖြစ်မှုနဲ့အနာဂတ်ကိုထိန်းသိမ်းနိုင်ဖို့အတွက်လူတွေက
အတူတကွလုပ်ဆောင်ကြတာဟာမကြုံစဖူးထူးခြားတဲ့အခြေအနေတစ်ရပ်ပါပဲ။တပ်ပိုင်းဆိုင်ရာနဲ့အဖြေရှာဖို့တွန်းအားပေး
တဲ့သူတွေ၊ပြည်တွင်းစစ်အောင်နိုင်ပြီလို့ယုံကြည်နေတဲ့နှစ်ဖက်စလုံးကသူတွေဟာဆုံးဖြတ်ချက်လွဲမှားနေတယ်လို့ကျွန်တော်
ယုံကြည်ပါတယ်။နှစ်ဖက်စလုံးကအများအကြိုက်လိုက်ပြောတာတွေ၊ခြိမ်းခြောက်တာတွေလုပ်ရမယ့်အချိန်မဟုတ်ဘူးလို့
လည်းကျွန်တော်ယုံကြည်ပါတယ်။

မေး။ ။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၆)ဖွဲ့ဖြစ်တဲ့ကိုးကန့်နဲ့သူ့ရဲ့မဟာမိတ်အဖွဲ့တွေကိုNCAမှာထည့်သွင်းဖို့ကိစ္စတွေနဲ့
ပတ်သက်ပြီးအခုလက်ရှိအခြေအနေဟာအကျဉ်းအကြပ်ထဲမှာရှိနေပါတယ်။ဒီအကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီးသင်ဘယ်
နေရာကရပ်တည်မလဲ။
ဖြေ။ ။လုပ်ငန်းစဉ်တွေကိုလေ့လာသူတစ်ဦးအနေနဲ့တစ်ခုချင်းအလိုက်အကြောင်းအရာကိစ္စတွေအပေါ်ရပ်တည်ဖို့ကျွန်တော်
တို့ဆန္ဒမရှိပါဘူး။အဖွဲ့နှစ်ဖွဲ့စလုံးနဲ့အတူကျွန်တော်တို့ရဲ့အနီးကပ်ဆွေးနွေးမှုတွေကိုကျွန်တော်တို့ဆက်လက်လုပ်မှာဖြစ်ပြီးကု
လသမဂ္ဂလမ်းညွှန်ချက်နဲ့အညီနှစ်ဦးနှစ်ဖက်အကျိုးကိုရှေ့ဆက်လုပ်ဆောင်ဖို့အတွက်နည်းလမ်းတွေရှာဖွေဖို့သူတို့ကိုကူညီပံ့
ပိုးပေးနေပါတယ်။လုပ်ငန်းစဉ်တွေရှေ့ဆက်လုပ်ဆောင်နေတဲ့အချိန်မှာအဖွဲ့တွေအားလုံးကိုအောက်ခြေကပဋိပက္ခသက်
ရောက်မှုရှိတဲ့ပြည်သူလူထုတွေကိုအမှတ်ရအလေးထားကြဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်။

မေး။ ။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာချန်လှပ်ထားတဲ့အဖွဲ့(၆)ဖွဲ့ကိုNCAမှာပါဝင်ဖို့အတွက်ကချင်လွတ်မြောက်ရေးအ
စည်းအရုံး(KIO)ကအလျော့မပေးပဲတင်းခံနေပါတယ်။ KIO မပါပဲနဲ့ NCAရလာနိုင်မလား။ KIO ခေါင်းဆောင်တွေအတွက်
သင့်မှာသီးသန့်မှာကြားတာရှိသလား။
ဖြေ။ ။KIO ကသင်ဆိုလိုတဲ့အဖွဲ့(၆)ဖွဲ့ဖြစ်တဲ့(TNLA၊ AA ၊ ကိုးကန့်၊ ANC ၊ LDU နဲ့ WNO)အဖွဲ့တွေထဲကတစ်ဖွဲ့မှမဟုတ်
ပါဘူးလို့ရှေးဦးစွာရှင်းလင်းစေချင်ပါတယ်။ကျွန်တော်ခုနကပြောခဲ့သလိုပဲဒါဟာUNဆုံးဖြတ်ရမှာမဟုတ်ပါဘူး။ဒီလုပ်ငန်းစဉ်
တလျှောက်လုံးမှာကျွန်တော်တို့ KIOနဲ့အပြုသဘောဆောင်တဲ့စကားစမည်ပြောခြင်းပဲရှိပါတယ်။သူတို့ခေါင်းဆောင်တွေက
ရှေ့ဆက်ဖို့အတွက်ငြိမ်းချမ်းရေးနဲ့အပြုသဘောဆောင်တဲ့နည်းလမ်းတွေမှာပါဝင်ကြတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။
ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင်တော့ကချင်ပြည်နယ်ကခေါင်းဆောင်တွေနဲ့အနီးကပ်ဆက်သွယ်ခွင့်ရပြီးသူတို့လူထုတွေ
နဲ့သိကျွမ်းခွင့်ရတာကျွန်တော့်အတွက်တော့အထူးအခွင့်အရေးတစ်ခုပါပဲလို့ကျွန်တော်ပြောချင်ပါတယ်။လိုင်ဇာမှာရှိတဲ့ KIO
ဌာနချုပ်အပါအဝင်ကျွန်တော့်ရဲ့ကချင်ပြည်နယ်အလည်အပတ်ခရီးဟာနိုးကြားတက်ကြွခဲ့ပါတယ်။သူတို့ကျွန်တော့်ကိုကူညီ
ခဲ့ပြီးပြည်သူလူထုရင်ဆိုင်နေရတဲ့အခက်အခဲစိန်ခေါ်မှုတွေကိုပိုမိုနားလည်သဘောပေါက်ခဲ့ပါတယ်။UNကပဋိပက္ခစစ်ပွဲတွေ
လျော့ကျစေဖို့နဲ့ကချင်ပြည်နယ်မှာလူသားချင်းစာနာထောက်ထားမှုအခွင့်အလမ်းတွေတိုးတက်စေဖို့အတွက်ဆက်လက်လုပ်
ဆောင်မှာပါ။မကြာသေးမီကဆွန်ပရာဘွန်မှာရှိတဲ့IDPsတွေအတွက်ကျွန်တော်တို့စိုးရိမ်ပူပန်ခဲ့ပါတယ်။သို့သော်လည်းလုပ်
ငန်းစဉ်တလျှောက်လုံးမှာကျွန်တော်တို့နှိမ့်နှိမ့်ချချနှိုင်းနှိုင်းယှဉ်ယှဉ်လုပ်ဆောင်ပြီးမီဒီယာတွေကနေတဆင့်လူထုကိုပြောတာ
ထက်စာရင်ပြည်သူလူထုနဲ့တိုက်ရိုက်စကားပြောနိုင်အောင်ကြိုးစားပါတယ်။ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကUNနဲ့နိုင်ငံတ
ကာအဖွဲ့အစည်းတွေပိုင်တဲ့လုပ်ငန်းစဉ်တွေမဟုတ်ပါဘူး။လုပ်ငန်းစဉ်တွေနဲ့အကျိုးရလဒ်နှစ်ခုစလုံးကိုမြန်မာပြည်သူလူထုက
သာပိုင်တာပါ။UNအနေနဲ့ကတော့ကျွန်တော့်ရဲ့တာဝန်နဲ့ပါဝင်မှုဟာသူတို့ရဲ့ကြိုးပမ်းမှုတွေကိုပံ့ပိုးကူညီပေးဖို့ပါပဲ၊သူတို့နဲ့အ
ပြိုင်လုပ်ဖို့မဟုတ်ပါဘူး။ဒါဟာကျွန်တော်တို့ပါဝင်မှုယန္တရားပါပဲ။ဖြစ်ရပ်အများအပြားနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်တိုင်ပြော
ရမယ်ဆိုရင်တော့ကမ္ဘာတဝှမ်းလုံးကအခြေအနေအရှုပ်အထွေးအများအပြားမှာအပြင်ပန်းအမြင်ကောင်းမွန်ဖို့အတွက်လုပ်
တာလား၊ ဒါမှမဟုတ်တကယ့်ကိုကောင်းတာအချို့လုပ်တာလားဆိုတာသင်ရွေးနိုင်ပါတယ်။

မေး။ ။ရွေးကောက်ပွဲမတိုင်မီ NCAကနေတဆင့်အပူတပြင်းကြိုးပမ်းအားထုတ်ရာမှာအနာဂတ်ငြိမ်းချမ်းရေးရဲ့အရေးအကြီး
ဆုံးအကြောင်းအရာတွေကိုရွှေ့ဆိုင်းနေတဲ့အပေါ်စိုးရိမ်စရာရှိပါသလား။
ဖြေ။ ။ကမ္ဘာအနှံ့မှာရှိတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက်ရွေးကောက်ပွဲဟာစိုးရိမ်စရာစိန်ခေါ်မှုပါ၊တချိန်ထဲမှာဘဲမည်
သည့်ဒီကမိုကရေစီအတွက်ကိုမဆိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဟာအရေးပါတဲ့သမိုင်းမှတ်တိုင်တစ်ခုပါ။မြန်မာ
နိုင်ငံကအထွေထွေရွေးကောက်ပွဲဟာစစ်မှန်ပြီးလိုအပ်တဲ့အရာတစ်ခုပါ။ဒီလုပ်ငန်းစဉ်မှာပါဝင်တဲ့ဘယ်သူမဆိုအနာဂတ်ငြိမ်း
ချမ်းရေးကောက်ကြောင်းဟာရွေးကောက်ပွဲမတိုင်မီလုံးလုံးလျားလျားပြီးပြတ်မယ်လို့အမြဲယုံကြည်နေကြတယ်။ဘယ်တိုးတက်
မှုမဆိုပြုလုပ်ဖို့အတွက်အကြိုပဏာမမူဘောင်အချို့ကိုရေးဆွဲခြင်းနှင့်ကြိုတင်ကတိပေးထားသည်များကိုဆောက်တည်ဖို့လို
အပ်ပါတယ်။တိုင်းရင်းသားအဖွဲ့တွေနဲ့လူထုအသိုင်းအဝိုင်းတွေအတွက်ပိုမိုအဓိပ္ပယ်ပြည့်ဝတဲ့နည်းလမ်းများနဲ့နိုင်ငံတော်ဆိုင်
ရာကြီးကြီးမားမားပြောင်းလဲရာမှာပါဝင်နိုင်ဖို့နဲ့အဆင့်အတန်းပိုမိုထိန်းသိမ်းထားနိုင်ဖို့အတွက် NCA လုပ်ငန်းစဉ်ကအတိုင်း
အတာကြီးကြီးမားမားကိုလမ်းဖွင့်ပေးနိုင်တယ်လို့ကျွန်တော်အမြဲမျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံကတိုင်းရင်းသားပြည်သူ
လူထုတွေမှာပိုမိုကောင်းမွန်တဲ့သံယံဇာတအရင်းအမြစ်တွေအများအပြားရှိပါတယ်။ဒါဟာကျွန်တော်ကိုယ်တွေ့တွေ့ခဲ့ရတဲ့အ
ရာပါ။ကျွန်တော့်မျှော်လင့်ချက်ကတော့ဒီတစ်ဦးတစ်ယောက်ချင်းစီအများအပြားနဲ့အဖွဲ့အများအပြားဟာအနာဂတ်မှာပိုမိုကြီး
မားတဲ့နိုင်ငံသားအခန်းကဏ္ဍကိုဆောင်ယူနိုင်ပြီးသူတို့ရဲ့ကိုယ်ပိုင်နယ်မြေများမှာကိုယ်စားပြုနိုင်ရုံသာမကမြန်မာနိုင်ငံပြည်သူ
လူထုအားလုံးဆီကိုပါသူတို့ရဲ့တန်ဖိုးတွေကိုဆောင်ယူလာနိုင်မယ်လို့မျှော်လင့်ပါတယ်။နိုင်ငံမှာရှိတဲ့တိုင်းရင်းသားလူမျိုးစုတွေ
အားလုံးနဲ့ဘာသာအားလုံးမှပြည်သူလူထုတွေကဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ကြဖို့အတွက်အတူတကွရပ်တည်ကြ
တယ်လို့ကျွန်တော်ရိုးသားစွာယုံကြည်ပါတယ်၊ဖွဲ့စည်းပုံအခြေခံဥပဒေမှာစစ်မှန်တဲ့ပါဝင်မှုကိုဝေမျှခြင်းဟာရောင်ပြန်ဟပ်ခဲ့ပြီး
မြန်မာနိုင်ငံအတွက်ဒီမိုကရေစီဟာထိန်းထားနိုင်တဲ့စီမံကိန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

မေး။ ။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာဦးသိန်းစိန်အစိုးရအဖွဲ့ပြန်လည်ရွေးကောက်မယ့်အပေါ်မူတည်ပါသလား။
ဖြေ။ ။ရွေးကောက်တာ၊ဒါမှမဟုတ်တစ်ဦးတည်းကိုပဲပြန်လည်ရွေးကောက်တာပဲဖြစ်စေအဲ့ဒါနဲ့ပတ်သက်ပြီးစိတ်ပူရမယ့်ကိစ္စမ
ရှိပါဘူး။ငြိမ်းချမ်းရေးကသူ့ရဲ့အုပ်ချုပ်ရေးလက်ထက်မှာဦးစားပေးတစ်ခုအဖြစ်သမ္မတကအထောက်အပံ့ကြီးကြီးမားမားပေးခဲ့
တယ်လို့ကျွန်တော်ယုံကြည်ပါတယ်၊သူ့ရဲ့ပြည်သူလူထုအပေါ်ပေးထားတဲ့ကတိအတိုင်းနိုင်ငံရေးဆွေးနွေးပွဲတွေကအကျိုးရလဒ်
တွေအပေါ်အခြေခံပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့အတွက်တိုက်တွန်းနေပါတယ်။ပဋိပက္ခအားလုံးကို
စစ်မက်ရေးရာနဲ့မဖြေရှင်းပဲနိုင်ငံရေးနည်းလမ်းတွေကနေတဆင့်ဖြေရှင်းဖို့ကတိပေးခဲ့တာကိုလည်းကျွန်တော်အသိအမှတ်ပြု
ပါတယ်။နိုင်ငံတကာအသိုင်းအဝိုင်းတွေကမြန်မာနိုင်ငံမှာဘယ်အစိုးရပဲဖြစ်ဖြစ်ငြိမ်းချမ်းရေးနဲ့ပြန်လည်ရင်ကြားစေ့ရေးကိုနိုင်
ငံတော်ရဲ့အမြင့်မားဆုံးဦးစားပေးအဖြစ်ဆောင်ရွက်နိုင်ဖို့မျှော်လင့်နေတယ်။သဘောတူထားနှင့်ပြီးသားအရာတွေဟာပြုလုပ်
နိုင်တဲ့ဘယ်အစိုးရသစ်အပေါ်ကိုမဆိုအရေးပါတဲ့စံအမှတ်ဖြစ်လာနိုင်ပါတယ်။

မေး။ ။နိုင်ငံရေးဆွေးနွေးပွဲအချိန်အတောအတွင်းမှာသာစစ်မှန်တဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်တယ်၊ပြီးတော့တိုင်းရင်း
သားအဖွဲ့တွေကိုမြန်မြန်ဆန်ဆန်လုပ်ရမယ်လို့ သင်ပြောခဲ့တယ်။အဖွဲ့တွေကအပစ်အခတ်ရပ်စဲရေးကိုမချိုးဖောက်ပဲအချင်း
ချင်းမယုံကြည်ကြပဲနဲ့အပစ်အခတ်ရပ်စဲရေးကိုစောင့်ထိန်းလိုက်နာနိုင်မယ်လို့သင်မျှော်လင့်သလား။
ဖြေ။ ။ ဘယ်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကမှပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။အမှန်တကယ်မှာတော့ဒီဆောင်ရွက်
တာတွေရဲ့အစပိုင်းအခြေအနေအတောအတွင်းမှစိုးရိမ်ပူပန်မှုတွေမြင့်တက်လေ့ရှိပါတယ်။ဒါဟာအပစ်အခတ်ရပ်စဲရေးမအောင်
မမြင်ဖြစ်မယ်လို့ဆိုလိုဖို့မလိုအပ်ပါဘူး။ဒီအစပိုင်းကာလတွေမှာပဋိပက္ခတွေဆက်လက်ဖြစ်ပွားစေချင်တဲ့အဖျက်သမားတွေကို
ဖော်ထုတ်ဖို့ခွင့်အရေးတစ်ရပ်အနေနဲ့အသုံးပြုသင့်ပါတယ်၊အတိုက်အခံနဲ့နိုင်ငံရေးတင်းမာမှုဖြစ်ပွားရာနေရာတွေကိုရွေးထုတ်
ပြီးအနာဂတ်မှာအပြန်အလှန်တိုက်ခိုက်ခြင်းတွေကိုကာကွယ်ကူညီနိုင်ဖို့အတွက်စောင့်ကြည့်စစ်ဆေးတာတွေလုပ်ဖို့အခြေအ
နေတွေကိုလုပ်ထုံးလုပ်နည်းတွေရေးဆွဲရာမှာအသုံးချနိုင်ပြီးစာချုပ်ကိုလောလောလတ်လတ်ကတိဖျက်ခြင်းတွေအတွက်အမှန်
တကယ်တာဝန်ယူမယ့်သူအားလုံးပါဝင်ဖို့ရှင်းရှင်းလင်းလင်းပြုလုပ်ရပါမယ်။ဒီ့အပြင်လောလောလတ်လတ်ကတိပျက်ခဲ့ပါက
ခေါင်းဆောင်တွေကမြန်မြန်ဆန်ဆန်လာပြီးစားပွဲထိုင်ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက်လုပ်ငန်းစဉ်တွေချမှတ်ထားဖို့အလားအလာ
ရှိပါတယ်။ဒါဟာစစ်ပွဲတွေအရှိန်မြင့်တက်လာတာကိုကာကွယ်ဖို့အတွက်အရေးပါပါတယ်။ဒါဟာကျွန်တော်တို့ဆိုလိုတဲ့မြန်မြန်
ဆန်ဆန်ဆောင်ရွက်ဖို့ ဆိုတာပါပဲ။ဒီသင်္ကေတတန်ဖိုးရဲ့တစိတ်တပိုင်းအနေနဲ့သဘောတူညီမှုရရှိပြီးကတိပေးထားတဲ့အတိုင်း
တာဝန်နဲ့ဝတ္တရားကိုသိတတ်လိုက်နာလိမ့်မှာပဲဖြစ်ပါတယ်။အပစ်အခတ်ရပ်စဲရေးအများအပြားမအောင်မြင်တာကိုကျွန်တော်
တို့သိပါတယ်။ဒါပေမယ့်အပစ်အခတ်ရပ်စဲရေးမပါဘဲနဲ့ငြိမ်းချမ်းရေးရလာဖို့အတွက်ပိုမိုရှားပါးပါတယ်။ဒီလိုပဲအပစ်အခတ်ရပ်
စဲရေးသဘောတူညီမှုဟာသွားရာလမ်းတကြောင်းတလျှောက်မှမရှိမဖြစ်လိုအပ်တဲ့ခြေလှမ်းပါပဲ။ကျွန်တော်တို့ရဲ့မျှော်လင့်ချက်
ကိုလက်တွေ့ကျကျလုပ်ဆောင်ဖို့လိုအပ်ပါတယ်၊ဒါပေမယ့်ကျွန်တော်တို့ပြည်သူတွေကိုထဲထဲဝင်ဝင်ကူညီပံ့ပိုးဖို့အတွက်ကြိုး
ကြိုးစားစားမလုပ်ပဲနဲ့တော့ကျွန်တော်တို့ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုတွေဟာအောင်မြင်ဖို့အလားအလာမရှိပါဘူး။

မေး။ ။ဇွန်လကလောခီးလာညီလာခံမှာတိုင်းရင်းသားခေါင်းဆောင်တွေနဲ့သင်တွေ့တုန်းကသူတို့ကိုလိုက်လျောပေးဖို့အတွက်
သင်မေတ္တာရပ်ခံခဲ့ပါတယ်။အဲ့ဒါတွေကဘာတွေဖြစ်ပါသလဲ။တိုင်းရင်းသားအဖွဲ့တွေကလိုက်လျောပေးဖို့ကောဆန္ဒရှိခဲ့ကြသလား။
ဖြေ။ ။အစပိုင်းမှာနှစ်ဖက်စလုံးကိုအပေးအယူလုပ်ဖို့ကျွန်တော်တို့မေတ္တာရပ်ခံတာရှိပါတယ်။ပြီးခဲ့တဲ့သုံးနှစ်အတောအတွင်းအစိုး
ရ၊စစ်တပ်၊လွှတ်တော်၊တိုင်းရင်းသားအဖွဲ့တွေရောနဲ့သီးခြားတစ်ဦးချင်းစီနဲ့ရောကျွန်တော်တို့အစည်းအဝေးအများအပြားပြုလုပ်ခဲ့
ပါတယ်၊အလျော့ပေးလိုက်လျောကြဖို့ကျွန်တော်ရဲ့အမှာစကားဟာနှစ်ဖက်အားလုံးလုပ်ဆောင်ဖို့လိုပါတယ်၊တစ်ဖက်တည်းလုပ်
ဆောင်ဖို့မဟုတ်ပါဘူး။ အစည်းအဝေးမှာလေ့လာသူတစ်ယောက်အနေနဲ့နှစ်ဖက်စလုံးကတကယ့်ကိုစစ်မှန်တဲ့လိုက်လျောအများ
အပြားပြုလုပ်ခဲ့ပြီးညှိနှိုင်းဆွေးမှုလုပ်ငန်းစဉ်တွေလုပ်ဆောင်စဉ်အတောအတွင်းမှာပေါ်ထွက်လာခဲ့တဲ့ကွဲပြားခြားနားချက်အများ
အပြားအပေါ်အဖြေရှာနည်းတွေတွေ့ရှိခဲ့တာကိုတွေ့မြင်ရပါတယ်။ဘယ်လုပ်ငန်းစဉ်ထဲမှာမဆိုအဆုံးပိုင်းမှာခက်ခဲတဲ့ကိစ္စတိုင်းပုံ
မှန်ကျန်နေတာပါပဲ။အဖွဲ့တွေကိုကျွန်တော်တို့ယခုမှာကြားတဲ့အမှာစကားကအကောင်းဆုံးအရာတစ်ခုဟာအကောင်းရဲ့ရန်သူဖြစ်
မလာဘူးဆိုတာသူတို့လက်ခံပါတယ်။ပြီးခဲ့တဲ့ဒီအခက်အခဲတွေကိုကျော်လွှားဖို့အတွက်အဖွဲ့တွေအားလုံးရဲ့တာဝန်ဖြစ်ပြီးနောက်
ထပ်ပြောင်းလဲမှုအဆင့်ဆင့်ကိုဆက်လက်သွားရပါမယ်။NCAအဆုံးသတ်ပြီးစီးပြီလို့မမြင်ပဲအသစ်တစ်ခုရဲ့အစပိုင်း၊လုပ်ငန်းစဉ်၊
အခက်အခဲတွေပိုမိုရှိကောင်းရှိနိုင်တယ်လို့မြင်ဖို့ကလည်းအရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်။အဖွဲ့တွေကိုကျွန်တော်တို့
ယခုမှာကြားတဲ့အမှာစကားကအကောင်းဆုံးအရာတစ်ခုဟာအကောင်းရဲ့ရန်သူဖြစ်မလာဘူးဆိုတာသူတို့လက်ခံပါတယ်။

မေး။ ။အကယ်၍အပစ်အခတ်ရပ်စဲရေးကိုရွေးကောက်ပွဲနောက်ပိုင်းအကျော်ထိချိန်ဆွဲနေမယ်ဆိုရင်UNကတိုင်းရင်းသားအ
ဖွဲ့တွေအတွက်လက်ရှိပံ့ပိုးကူညီမှုတွေကိုပြန်လည်သုံးသပ်မယ်လို့လည်းသင်ကသတိပေးခဲ့တယ်နော်။အပစ်ရပ်စဲရေးမှာမပါဝင်
လို့ရှိရင်တိုင်ရင်းသားအဖွဲ့တွေကိုUNကပြစ်ဒဏ်ခတ်မှာလား။
ဖြေ။ ။ဒီအချက်ကိုသင်မေးတဲ့အတွက်ကျွန်တော်ဝမ်းမြောက်မိပါတယ်။တိုင်းရင်းသားခေါင်းဆောင်ညီလာခံမှာကျွန်တော်ပြော
တဲ့မိန့်ခွန်းကိုအဓိပ္ပာယ်ကောက်လွဲတဲ့ရလဒ်အနေနဲ့လော်ခီးလာညီလာခံမှာနားလည်မှုလွဲတာတွေဖြစ်ခဲ့တယ်ဆိုတာကျွန်တော်သိ
ပါတယ်။ကျွန်တော်ဒီအချက်ကိုအလွန့်ကိုရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ကျွန်တော်ပြောခဲ့တာက“UNကသင်တို့ကိုပံ့ပိုးကူညီ
မှုတွေအားလုံးကိုကူညီပေးမှာပါ၊ဒီလုပ်ငန်းစဉ်မှာကျွန်တော်တို့ထောက်ခံအားပေးနိုင်ပါတယ်။သို့သော်လည်းရွေးကောက်ပွဲပြီးတဲ့
တိုင်အောင်ဒီလုပ်ငန်းစဉ်ကနှောင့်နှေးနေမယ်ဆိုရင်UNရှု့ထောင့်ကနေဘာအခြေအနေတွေဖြစ်မလဲဆိုတာကျွန်တော်တို့တောင်
အသေအချာမပြောနိုင်ပါဘူး။ဒါပေမယ့်အခုနောက်ဆုံးအတည်ပြုချင်တာကတော့နိုင်ငံတကာအသိုင်းအဝိုင်းကရော၊UNကပါ
အနီးဆုံးပိုမိုပါဝင်နေတာပါပဲ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာကုလသမဂ္ဂကပါဝင်တယ်ဆိုတာနှစ်ဖက်စလုံးကဖိတ်ကြားတဲ့အပေါ်မှာအခြေခံပါတယ်။ပါဝင်တဲ့
အဖွဲ့တွေကတိတိကျကျဖိတ်တာမျိုးမရှိဘဲနဲ့တော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာကျွန်တော်တို့ဝင်မပါနိုင်ပါဘူး။နှစ်ဖက်စလုံးက
ကျွန်တော်တို့ကိုအချိန်တိုင်းဖိတ်ကြားခဲ့ပါတယ်၊ကျွန်တော်တို့ကလည်းအသေအချာတက်ရောက်ခဲ့ပါတယ်၊မည်သည့်ပူးတွဲမေတ္တာ
ရပ်ခံချက်မျိုးမဆိုတုံ့ပြန်ပေးနိုင်ဖို့အတွက်UNကဆက်လက်ပါဝင်မှာဖြစ်ပြီးကုလသမဂ္ဂအဖွဲ့အစည်းနဲ့အတူရှိနေသရွေ့ပေးအပ်
နေမှာဖြစ်ပြီးကျွန်တော့်ရုံးရဲ့လုပ်ပိုင်ခွင့်နဲ့အညီပေးသွားမှာပါ။
ဆွေးနွေးပွဲအများအပြားနဲ့ညီလာခံအများအပြားမှကျွန်တော်တို့မထင်မရှားပဲပါဝင်ခဲ့ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုစီမပြု
လုပ်မီရော၊ပြုလုပ်ပြီးတဲ့နောက်ပိုင်းရောတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ကိုယ်စားလှယ်တွေကကကချင်ပြည်နယ်စစ်မျက်နှာစာတွေ
ကိုဖြတ်ပြီးကျွန်တော်တို့ကိုလိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ကျွန်တော်တသတ်မတ်တည်းနေတာပါ၊အဖွဲ့တွေကိုတွန်းအားပေးတာ
တွေ၊ဒါမှမဟုတ်အကူအညီမတောင်းပဲပေးတာတွေမရှိပါဘူး။ဒါပေမယ့်ကျွန်တော်တို့ဆက်လက်ပြီးအခိုင်အမာထောက်ခံပေးနေမှာ
ဖြစ်ပြီးနှစ်ဖက်စလုံးနဲ့ပတ်သက်ပြီးဆန္ဒရှိတဲ့မည်သည့်သဘောတူညီမှုမျိုးကိုမဆိုဆက်လက်တုံ့ပြန်ပေးနေမှာပဲဖြစ်ပါတယ်။အနာ
ဂတ်မှာနိုင်ငံရေးအခြေအနေတွေကယနေ့ကနေစပြီးတစ်နှစ်လောက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။UN
ရှိနေတဲ့အချိန်နဲ့ပါဝင်နေတဲ့အချိန်မှာUNဆီကနေပြီးခေါင်းဆောင်တွေကနောက်တဆင့်အနေနဲ့ဘာကိုလိုချင်တယ်ဆိုတာကျွန်
တော့်အနေနဲ့ရှင်းရှင်းလင်းလင်းမရှိပါဘူး။ကျွန်တော်တို့ရဲ့မျက်မှောက်ကနဦးမှာတော့UPWCနဲ့ KIOကအလျော့ပေးလိုက်လျော
ခဲ့တာပါပဲ။NCAမှာလက်ရှိလေ့လာသူတွေဟာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာဆက်လက်တွေ့ဆုံကြဖို့သတ်မှတ်ထားပြီးလက်မှတ်
ရေးထိုးပြီးလဲဒီအတိုင်းပဲဆက်လက်သွားသင့်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာUNဆက်လက်ပါရှိနေမှာဖြစ်ပြီးလူမျိုး၊ဘာသာ၊ကျား၊မစတဲ့ကွဲပြားမှုတွေနဲ့နှင့်စပ်လျဉ်းပြီးအမျိုး
သားရင်ကြားစေ့ရေးမှာမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုဆက်လက်ပံ့ပိုးကူညီသွားမှာပါ။အတူတကွ
ဖြစ်ဖို့အတွက်နိုင်ငံမှာရှိတဲ့အဖွဲ့တွေအားလုံးရဲ့အပြုသဘောဆောင်တဲ့အခြေအနေတွေကိုကျွန်တော်တို့ယုံကြည်ပါတယ်၊ဒါပေမယ့်
သင်တို့ကိုလည်းကျွန်တော်ကသင်တို့ရဲ့ကိုယ်ပိုင်လုပ်ငန်းစဉ်တွေထားရှိဖို့နဲ့နိုင်ငံတကာအသိုင်းအဝိုင်းတွေကသင်တို့ကိုဘယ်လို
အကောင်းဆုံးကူညီနိုင်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိထားဖို့ကျွန်တော်ကတိုက်တွန်းမှာပါ။

မေး။ ။တိုင်းရင်းသားအဖွဲ့အဆင့်မြင့်ကိုယ်စားလှယ်တွေကသမ္မတဦးသိန်းစိန်၊တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်မင်းအောင်
လှိုင်နဲ့ကိုးကန့်အဖွဲ့မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(နဲ့TNLA နဲ့AA)တို့အတွင်းအစည်းအဝေးလုပ်မယ်
လို့ပြောခဲ့ပါတယ်။ဒီအစည်းအဝေးကိုသင်တက်ရောက်မှာပါလား။အကောင်းဆုံးအခြေအနေနဲ့အဆိုးဆုံးအခြေအနေကဘာတွေ
ဖြစ်မလဲ။
ဖြေ။ ။ဒီအစည်းအဝေးမှကျွန်တော်တို့ကိုမဖိတ်ကြားခဲ့ပါဘူး၊ဘာအခြေအနေမှာပဲဖြစ်ဖြစ်မည်သည့်ထင်မြင်ချက်ကိုမဆိုကျွန်
တော်မပေးသင့်ပါဘူး။အပြင်ကလေ့လာသူအများအပြားကငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်သူတို့ရဲ့ထင်မြင်ချက်ကိုပေးကြ
တယ်၊ဝေဖန်အကဲဖြတ်ကြတယ်၊ကောက်ချက်ဆွဲကြပါတယ်။မြန်မာနိုင်ငံကငြိမ်းချမ်းရေးကိုအခက်အခဲအရှုပ်အထွေးတွေဖန်တီး
လောက်မယ့်အရာတွေနဲ့ပတ်သက်ပြီးမည်သည့်လျှင်လျှင်မြန်မြန်ဝေဖန်အကဲဖြတ်ခြင်းကိုမဆိုကျွန်တော်ပြုလုပ်မှာမဟုတ်ဘူးဆို
တာကျွန်တော်ကျိန်းသေပြောရဲပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာအဓိကကျတဲ့အရာအများအပြားကိုကျွန်တော်ကိုယ်စွမ်း
ဉာဏ်စွမ်းစိုက်ထုတ်ပြီးလုပ်ဆောင်ပါတယ်။လူတွေဟာသူတို့ဘဝကိုရုန်းကန်လှုပ်ရှားရင်းနဲ့ပဲကုန်ဆုံးသွားကြတာပါ။ဒီလိုလူတွေ၊
ပြီးတော့ဒုက္ခရောက်နေတဲ့အခြားလူတွေကလည်းဆက်လက်ပြီးဆင်းရဲဒုက္ခရောက်နေတာပါပဲ။ဒါပေမယ့်လည်းငြိမ်းချမ်းရေးအ
တွက်သူတို့ရှာဖွေရာမှာအပတ်တကုတ်ကြိုးစားအားထုတ်နေဆဲပါ။သူတို့ကိုကျွန်တော်အစွမ်းကုန်လေးစားသဘောကျပါတယ်။
ကျယ်ကျယ်ပြန့်ပြန့်အမျိုးမျိုးသောရှု့ထောင့်များကနေပြီးမီဒီယာများနဲ့လူမှု့မီဒီယာများမှတဆင့်စိုးရိမ်ပူပန်သံများကိုလည်းကျွန်
တော်ရရှိခဲ့ပါတယ်။တချို့တွေကအခြားနည်းလမ်းတွေအကြံဉာဏ်ပေးဖို့မရှိပဲနည်းလမ်းတစ်ခုချင်းစီကိုအပြင်းထန်အထင်အ
မြင်သေးနေခဲ့ကြပါတယ်။ကျွန်တော်သင့်ကိုပြောခဲ့ဖူးပါတယ်၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာUNဆက်လက်ပါရှိနေမှာဖြစ်ပြီး
လူမျိုး၊ဘာသာ၊ကျား၊မစတဲ့ကွဲပြားမှုတွေနဲ့နှင့်စပ်လျဉ်းပြီးမျိုးသားရင်ကြားစေ့ရေးမှာမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုရဲ့ကြိုးပမ်း
အားထုတ်မှုတွေကိုဆက်လက်ပံ့ပိုးကူညီသွားမှာပါ။အတူတကွဖြစ်လာဖို့အတွက်နိုင်ငံမှာရှိတဲ့အဖွ?