ဒေါ်အောင်ဆန်းစုကြည်မှအကျင့်ပျက်ခြစားမှုကင်းသောအစိုးရဖြစ်ရန်မဲဆန္ဒရှင်များထံကတိပေး

...

ဒေါ်အောင်ဆန်းစုကြည်မှအကျင့်ပျက်ခြစားမှုကင်းသောအစိုးရဖြစ်ရန်မဲဆန္ဒရှင်များထံကတိပေး

Reuters, 21 Oct 2015

URL: http://www.reuters.com/article/2015/09/21/us-myanmar-politics-idUSKCN0RL0D120150921
နှစ်ဆယ့်ငါးနှစ်တာကာလအတွင်းအရှေ့တောင်အာရှနိုင်ငံ၏ပထမဆုံးအကြိမ်လွတ်လပ်သောနိုင်ငံတော်ဆိုင်တာမဲဆန္ဒပေးရေးအ
တွက်တနင်္လာနေ့တွင်ပြုလုပ်သောသူမ၏စည်းရုံးရေးဆင်းရာတွင်မြန်မာနိုင်ငံ၏အတိုက်အခံပါတီခေါင်းဆောင်ဖြစ်သောဒေါ်အောင်
ဆန်းစုကြည်မှအကျင့်ပျက်ခြစားမှုကင်းသောအစိုးရဖြစ်ပေါ်ရန်၊အလုပ်သမားလုပ်ပိုင်ခွင့်များဖြစ်ပေါ်လာရန်နှင့်နိုင်ငံခြားအကူအညီ
များအပေါ်မှီခိုခြင်းမှကင်းဝေးစေရန်အတွက်ကတိပေးခဲ့သည်။

မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သောရန်ကုန်မြို့စွန်ရှိသူမ၏မဲဆန္ဒနယ်မြေတွင်စည်းရုံးရေးဆင်းရာ၌ထောင်ပေါင်းများစွာသော
ထောက်ခံသူများမှအနီရောင်အင်္ကျီများဝတ်ဆင်ပြီးပါတီအလံများဝှေ့ရမ်းကာဆယ်စုနှစ်နှစ်စုစာယခင်စစ်တပ်အစိုးရအားဦးဆောင်
ဆန့်ကျင်ခဲ့သောဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုခဲ့ကြသည်။

နိုဝင်ဘာလ(၈)ရက်နေ့ရွေးကောက်ပွဲသည်၂၀၁၁ခုနှစ်တွင်အဆုံးသတ်ခဲ့သည့်ရာစုနှစ်တဝက်စာစစ်တပ်အုပ်ချုပ်ရေးအတွင်းအတိုက်
အခံပြုခဲ့သည့်ဒီမိုကရေစီတက်ကြွစွာလှုပ်ရှားသူများကိုနေရာပိုမိုရရှိစေလိမ့်မည်ဖြစ်ပြီးစစ်တပ်နောက်ခံအစိုးရဖြစ်သည့်သမ္မတဦး
သိန်းစိန်မှနိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခဲ့ခြင်းဖြင့်အရပ်သားအစိုးရအဖြစ်ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်ပေးခဲ့ကာနိုင်ငံ၏စီးပွား
ရေးကိုဖွင့်လှစ်ပေးခဲ့သည်။

"တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အကျင့်ပျက်ခြစားမှုကင်းတဲ့အစိုးရတစ်ခုဖြစ်ပေါ်ဖို့လိုအပ်ပါတယ်"ဟုသူမ၏အမျိုးသားဒီမိုကရေ
စီအဖွဲ့(NLD)အတွက်အခိုင်အမာရပ်တည်ပေးခဲ့သောဆန်စပါးစိုက်ပျိုးရာနေရာဖြစ်သည့်ချွတ်ခြုံကျနေသောကော့မှူးမြို့နယ်တွင်မဲ
ဆွယ်စည်းရုံးရာ၌ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့ခြင်းဖြစ်သည်။

မဲဆန္ဒစည်းရုံးရေးဆင်းရာ၌ဒေါ်အောင်ဆန်းစုကြည်မှဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊သဘာဝပတ်ဝန်းကျင်ထိခိုက်စေမည့်ရင်း
နှီးမြှုပ်နှံမှုများကိုကန့်သတ်ချက်ထားရန်အတွက်ရင်းနှီးမြှုပ်နှံမှုများကိုစေ့စေ့စပ်စပ်ကြည့်ရှု့စစ်ဆေးရန်နှင့်သူမအားသမ္မတဖြစ်ရန်
ကန့်သတ်ထားသည့်စစ်အစိုးရမှရေးဆွဲထားသောဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ရန်စသည်တို့ကိုကတိပေးခဲ့သည်။
"ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဆိုတာနိုင်ငံမှာနိုင်ငံသားတိုင်းကသူတို့ရှင်သန်နေထိုင်ဖို့အတွက်အလုပ်လုပ်နိုင်ရမယ်။အခြားတိုင်းပြည်တွေ
ကိုအကူအညီတောင်းခံဖို့လိုနေတဲ့နိုင်ငံတနိုင်ငံမဖြစ်ချင်ဘူး”ဟုဒေါ်အောင်ဆန်းစုကြည်မှအလှဆင်ထားသည့်စင်ပေါ်တွင်လက်ဝှေ့
ယမ်းပြကာပြောကြားသွားခဲ့သည်။

၁၉၈၉ခုနှစ်အတွင်းဒေါ်အောင်ဆန်းစုကြည်သည်နေအိမ်အကျယ်ချုပ်အဖြစ်နှစ်ပေါင်း(၁၅)နှစ်နေထိုင်ခဲ့ရပြီး၂၀၁၀ခုနှစ်တွင်လွတ်
မြောက်ခဲ့သည်။သူမသည်၁၉၉၁ခုနှစ်တွင်နိုဘယ်လ်ဆုရရှိခဲ့သည်။

“ကျွန်တော်သူမကိုယုံကြည်ပါတယ်။သူမကကျွန်တော်တို့ရဲ့နိုင်ငံကိုငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုဆောင်ယူလာနိုင်မယ့်တစ်
ဦးတည်းသောပုဂ္ဂိုလ်ပါပဲ”ဟုNLDခေါင်းစည်းပဝါနှင့်အတူရိုးရာအင်္ကျီကိုဝတ်ဆင်ထားသည့်တိုင်းရင်းသားကရင်လူငယ်အမျိုးသား
အစည်းအရုံးမှအဖွဲ့ဝင်တစ်ဦးဖြစ်သူအသက်(၂၂)အရွယ်ရှိစောမူထူးကပြောခဲ့သည်။

“သူမနဲ့သူမရဲ့ပါတီရွေးကောက်ပွဲမှာနိုင်ကိုနိုင်ရမယ်” ဟု အနီရောင်NLDအလံကိုလေထဲတွင်ကိုင်မြှောက်လျက်သူကပြောခဲ့သည်။
၂၀၁၂ခုနှစ်ရွေးကောက်ပွဲတွင်ကော့မှူးမြို့နယ်မှအနိုင်ရရှိခဲ့ပြီးမြန်မာနိုင်ငံအကြီးဆုံးပါတီခေါင်းဆောင်မှနိုင်ငံရေးကြိုးဝိုင်းထဲသို့ပြန်
လည်ဝင်ရောက်လာခြင်းဖြစ်ပြီးနေရာကိုအလွယ်တကူထိန်းသိမ်းထားနိုင်မည်ဟုဒေါ်အောင်ဆန်းစုကြည်မှမျှော်လင့်ခဲ့သည်။
သူမသည်ကြံ့ခိုင်ရေးပါတီနှင့်အတိုက်အခံပါတီငယ်များမှပြိုင်ဘက်(၄)စုနှင့်ရင်ဆိုင်ယှဉ်ပြိုင်နေသည်။

“ကျွန်မနိုင်ငံတဝှမ်းလုံးမှာစည်းရုံးရေးဆင်းနေပေမယ့်လည်းဒီကပြည်သူလူထုကဒီမှာကျွန်မအတွက်မဲပေးခဲ့တကြောင့်မို့ကျွန်မအ
တွက်ကော့မှူးကအထူးပါပဲ၊ဒါကြောင့်၂၀၁၂ခုနှစ်ရွေးကောက်ပွဲကနေပြီးကျွန်မအမတ်တစ်ဦးဖြစ်လာနိုင်တာပါ” ဟုဒေါ်အောင်ဆန်း
စုကြည်ကပြောခဲ့သည်။