မြန်မာနိုင်ငံဒီမိုကရေစီအကူးအပြောင်း၌လာမည့်ရွေးကောက်ပွဲသည်သမိုင်းမှတ်တိုင်တခုစိုက်ထူနိုင်မည် -ဘန်ကီမွန်း

...

မြန်မာနိုင်ငံဒီမိုကရေစီအကူးအပြောင်း၌လာမည့်ရွေးကောက်ပွဲသည်သမိုင်းမှတ်တိုင်တခုစိုက်ထူနိုင်မည် -ဘန်ကီမွန်း

UN News, 29 Sep 2015

URL: http://www.un.org/apps/news/story.asp?NewsID=52047#.Vg5MJOyqpBf
မြန်မာနိုင်ငံ၌ဒီမိုကရေစီအကူးအပြောင်းကာလတွင်လာမည့်ရွေးကောက်ပွဲသည်သမိုင်းမှတ်တိုင်တစ်ခုအဖြစ်စိုက်ထူနိုင်မည်ဖြစ်
ကြောင်းကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးကယနေ့တွင်ပြောကြားလိုက်သည်၊မိမိတို့ယုံကြည်စိတ်ချရသည့်နိုင် ငံရေးခေါင်း
ဆောင်များနှင့်ကျယ်ပြန့်သည့်လူဦးရေအကြား၎င်းရလဒ်ကိုလက်ခံမှုအပေါ်မူတည်လိမ့်မည်ဖြစ်ကြောင်းထပ်ပေါင်းပြောကြားခဲ့
သည်။

“ဒါတွေကိုရှေ့ဆက်လုပ်ဆောင်တဲ့အခါမျှမျှတတနဲ့အားလုံးပါဝင်နိုင်ပြီးပွင့်လင်းမြင်သာမှုရှိဖို့အရေးကြီးပါတယ်။မြန်မာ့လူမှုအဖွဲ့
အစည်းအားလုံးသာမကအစိုးရ၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊တပ်မတော်တို့နဲ့အတူကျန်တဲ့လူတွေကပါတာဝန်ရှိပါတယ်၊”
ဟုကုလသမဂ္ဂအထွေထွေညီလာခံ၏အဆင့်မြင့်အပိုင်းတွင်ကျင်းပသည့်မြန်မာနိုင်ငံမိတ်ဖက်အဖွဲ့၏အစည်းအဝေးတစ်ခုတွင်သူက
ပြောခဲ့သည်။
တပ်မတော်ခေါင်းဆောင်များမှလွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်ဖို့စေရန်လူထုကိုကတိပေးထားပြီးရရှိလာသည့်ရ
လဒ်များကိုလေးစား၊ဂုဏ်ပြုရမည်ဟု Mr. Ban ကထုတ်ဖော်ပြောဆိုခဲ့သည်၊အစိုးရသည်ကိုယ်စားလှယ်လောင်းများနှင့်မဲဆန္ဒရှင်
များအတွက်လုပ်ငန်းစဉ်များတွင်လွတ်လပ်ပြီးတရားမျှတမှုရှိစေဖို့သေချာရန်လိုအပ်သည်။

ထို့ပြင်ထိုလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်ရန်အတွက်အရပ်ဖက်အဖွဲ့စည်းများအတွက်အခွင့်အရေးလိုအပ်သည်ကိုသူသ
တိပြုမိကြောင်း၊မီဒီယာများနှင့်တက်ကြွစွာလှုပ်ရှားသူများအပါအဝင်တဖက်သတ်ဖမ်းဆီးခြင်းများနှင့်ထိမ်းသိမ်းခြင်းများကိုရပ်
တန့်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။“ယခင်ရွေးကောက်ပွဲတုန်းကမဲပေးနိုင်ခဲ့တဲ့သူအားလုံးကသူတို့ရဲ့အခွင့်အရေးကိုထိန်း
သိမ်းထားဖို့အတွက်အာဏာပိုင်များဘက်ကသေချာစေရပါမယ်” ဟု Mr. Ban ကဆက်လက်ပြောကြားခဲ့သည်။

“အခြားလူနည်းစုအသိုင်းအဝိုင်းနဲ့ရိုဟင်ဂျာတွေကိုမဲပေးပိုင်ခွင့်ရုပ်သိမ်းတဲ့အပေါ်ကျွန်တော်အလွန်အမင်းစိတ်ပျက်မိပါတယ်။
တာဝန်ထမ်းဆောင်ဆဲလွှတ်တော်အဖွဲ့ဝင်ရိုဟင်ဂျာတွေကိုပြန်လည်ရွေးကောက်ဖို့အစွမ်းကုန်တားဆီးထားပါတယ်”ဟုသူကထုတ်
ဖော်ပြောကြားခဲ့သည်။

အစည်းအဝေးတွင်တင်ပြသည့်အချက်အလက်များအရတက်ရောက်ပါဝင်သည့်နိုင်ငံများမှအဖွဲ့ဝင်များကစခန်းများ၌ပြည်တွင်း
နေရပ်စွန့်ခွာထွက်ပြေးသူများနှင့်ရိုဟင်ဂျာများအတွက်နိုင်ငံသားဖြစ်ခွင့်ကျယ်ကျယ်ပြန့်ပြန့်အကြောင်းအရာများနှင့်ပတ်သက်
၍လူသားချင်းစာနာထောက်ထားသည့်အခြေအနေများကိုဖြေရှင်းရာတွင်တိတိကျကျပြုလုပ်ရန်လိုအပ်သည်ကိုဂရုပြုမိကြသည်၊
ထိုသို့ပြုလုပ်ရန်ပျက်ကွက်ခြင်းသည်အသက်များကိုပိုမိုထိခိုက်ဆုံးရှုံးသည့်ရလဒ်ရှိနိုင်သည်ဟုထပ်ပေါင်းပြောခဲ့သည်။

ဆန္ဒရှင်များကိုမဲပေးပိုင်ခွင့်ရုပ်သိမ်းခြင်းနှင့်အထူးသဖြင့်ယခင်ရွေးကောက်ပွဲ၌သတ်မှတ်ချက်နှင့်ပြည့်မီခဲ့သည့်မူဆလင်ကိုယ်
စားလှယ်များဖြစ်သောကိုယ်စားလှယ်လောင်းများအားပယ်ချခြင်းများပြုလုပ်သည့်အတွက်စိုးရိမ်ပူပန်ကြောင်းဖော်ပြခဲ့သည်။

နောက်ဆုံးတွင်အများယုံကြည်လက်ခံနိုင်စွမ်းရှိသည့်ရွေးကောက်ပွဲနှင့်အာဏာချောချောမောမောလွှဲပြောင်းနိုင်ရေးသည်မြန်
မာနိုင်ရှိနိုင်ငံရေးခေါင်းဆောင်များနှင့်ကျယ်ပြန့်သည့်လူဦးရေအကြား၎င်းရလဒ်ကိုလက်ခံမှုအပေါ်မူတည်လိမ့်မည်ဖြစ်ပြီးထို
အရာများသည်အာဏာချောချောမွေ့မွေ့လွှဲပြောင်းနိုင်ဖို့သေချာစေနိုင်မည်ကိုဂရုပြုမိခဲ့သည့် Mr. Ban ကထပ်မံပြောကြား
လိုက်ခြင်းဖြစ်ပြီးအစည်းအဝေးတွင်အသေးစိတ်အချက်အလက်များတင်ပြခဲ့သည်။