အပစ်အခတ်ရပ်စဲရေးအဖွဲ့များအားမတရားအသင်းသတ်မှတ်ထားမှုစာရင်းမှပယ်ဖျက်ပေးမည်

...

အပစ်အခတ်ရပ်စဲရေးအဖွဲ့များအားမတရားအသင်းသတ်မှတ်ထားမှုစာရင်းမှပယ်ဖျက်ပေးမည်

Myanmar Times, 07 Oct 2015

URL: http://www.mmtimes.com/index.php/national-news/16869-ceasefire-groups-to-be-taken-off-unlawful-list.html
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုအောက်တိုဘာလ(၁၅)ရက်နေ့တွင်
၎င်းတို့မှလက်မှတ်ရေးထိုးရန်ရည်ရွယ်သည်ဟုကြေငြာလိုက်ပြီးအကြိုအဖြစ်အစိုးရမှမတရားအသင်းစာရင်းထည့်သွင်းထားခြင်း
မှ၎င်းတို့အားပယ်ဖျက်ပေးမည်ဖြစ်ကြောင်းမြန်မာ့ငြိမ်းချမ်းရေးစင်တာရှိအကြံပေးဖြစ်သူတစ်ဦး၏ပြောကြားချက်အရသိရှိရသည်။

မတရားအသင်းအက်ဥပဒေသည်အဓိကခရာတစ်ခုဖြစ်ခဲ့ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏လှုပ်ရှားမှုများကို၎င်းတို့၏မူဝါ
ဒဖြင့်ပထုတ်ရန်အတွက်အစိုးရမှရွေးထုတ်နှုတ်ထားသည့်ပုဒ်မဖြစ်သည်၊နိုင်ငံတော်ထိန်းချုပ်မှုနှင့်လက်လှမ်းမမီသည့်နေရာဒေသ
များ၌လက်နက်ကိုင်အဖွဲ့များနှင့်ဆက်သွယ်ရန်ကြိုးပမ်းသည့်နိုင်ငံရေးသမားများ၊သတင်းထောက်များ၊အကူအညီပေးသည့်လုပ်
သားများနှင့်အခြားသူများအားတရားစွဲဆိုနိုင်ခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးရန်ရည်ရွယ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်အောက်တို
ဘာလ(၁၂)ရက်နေ့တွင်၎င်းတို့ရည်ရွယ်ထားသည်များကိုတရားဝင်ပြုလုပ်သင့်ကြောင်းမြန်မာ့ငြိမ်းချမ်းရေးစင်တာရှိငြိမ်းချမ်းရေး
ဆွေးနွေးမှုအစီအစဉ်ညွှန်ကြားရေးမှူးဖြစ်သူဦးအောင်နိုင်ဦးကယမန်နေ့ကပြောကြားခဲ့သည်။

“NCAကနိုင်ငံတော်အဆင့်သဘောတူညီမှုပါ၊ဒါကြောင့်နာမည်စာရင်းအတိအကျသူတို့ပို့ပေးဖို့လိုပါတယ်၊ဒါမှအစိုးရကသူတို့ကို
မတရားအသင်းအဖြစ်ကဖယ်ထုတ်ပေးရမှာပါ”ဟုသူကပြောခဲ့သည်။

အများစုကိုအနိုင်ထက်ပြုကာပါဝင်ရန်ဖျောင်းဖျမှုများပြုလုပ်ရန်အစိုးရမှအလားအလာမရှိသော်လည်းအောက်တိုဘာလ(၁၅)ရက်
နေ့တွင်အဖွဲ့မည်မျှလက်မှတ်ရေးထိုးမည်ဆိုသည်ကိုရှင်းရှင်းလင်းလင်းမရှိသေးပေ။

၎င်းတို့ထဲတွင်အဓိကအင်အားကြီးမားသည့်အဖွဲ့ဖြစ်သောကရင်အမျိုးသားအစည်းအရုံးမှစဉ်းစားတွေးတောနေသော်လည်းအဖွဲ့
(၇)ဖွဲ့မှာလက်မှတ်ရေးထိုးရန်အတွက်ကြေငြာပြီးနှင့်ပြီဖြစ်သည်။

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့၏ကိုယ်စားလှယ်များအတွင်းပြုလုပ်သည့်(၂)နှစ်နီးပါးကြာညှိနှိုင်းဆွေးနွေးပွဲ
များကိုဖြစ်မြောက်အောင်ဆောင်ရွက်ပေးခဲ့သောမြန်မာ့ငြိမ်းချမ်းရေးစင်တာသည်ရှမ်းပြည်တောင်ပိုင်းတပ်၏နိုင်ငံရေးအဖွဲ့ဖြစ်
သောရှမ်းပြည်ပြန်လည်ထူထောင်ကောင်စီကလက်မှတ်ရေးထိုးလိမ့်မည်ဟုမျှော်မှန်းဆဲဖြစ်သည်။RCSSသည်KNUထက်အင်
အားပိုမိုကြီးမားပြီးခန့်မှန်းခြေတပ်သား(၆၀၀၀)ခန့်ရှိသည်ဟုမြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်စစ်ဆေးသူများ၏အဆိုအရသိရှိရ
သည်။

RCSSမှပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းလှအောင်ကအဖွဲ့သည်ဆုံးဖြတ်ချက်ချရန်အတွက်ခေါင်းဆောင်ပိုင်းအစည်းအဝေး
ကိုယမန့်ကကျင်းပပြုလုပ်ခဲ့ပြီးအစည်းအဝေးကိုနောက်ထပ်သုံးရက်ဆက်လက်ပြုလုပ်ရန်ရှိကြောင်းယမန်နေ့ကပြောကြားခဲ့
သည်။အဖွဲ့မှမည်သို့သဘောထားရပ်တည်မည်ဆိုသည်ကိုမှတ်ချက်ပေးရန်၎င်းမှငြင်းဆန်ခဲ့သည်။

“လက်ရှိမှာတော့RCSSကဗဟိုကော်မတီအစည်းအဝေးကျင်းပနေတယ်လို့ကျွန်တော်တို့ကြားပါတယ်။အောက်တိုဘာ(၁၅)မှာ
အဖွဲ့(၇)ဖွဲ့နဲ့အတူသူတို့NCAကိုလက်မှတ်ရေးထိုးလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်။အောက်တိုဘာ(၁၅)မှအဖွဲ့
တွေပိုမိုများများပါဝင်နိုင်ဖို့အတွက်ကျွန်တော်တို့နဲ့အဖွဲ့(၇)ဖွဲ့ကကြိုးပမ်းနေပါတယ်”ဟုဦးအောင်နိုင်ဦးကပြောခဲ့သည်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုသူ၏ထိပ်ဆုံးဦးစားပေးများတွင်တစ်ခုအနေဖြင့်ပြုလုပ်ခဲ့သည့်သမ္မတဦး
သိန်းစိန်ကယမန်နေ့ကပြောကြားခဲ့သောရေဒီယိုမိန့်ခွန်း၌အစိုးရသည်တိုင်းရင်းသားအဖွဲ့များကိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
မှထွက်ခွာမသွားစေချင်ကြောင်းနှင့်လက်မှတ်ရေးထိုးရန်အတွက်အခြားသူများကိုလည်းတံခါးဆက်လက်ဖွင့်ထားပေးခဲ့ကြောင်း
ပြောကြားသွားခဲ့သည်။

သို့သော်လည်းအင်အားအကြီးမားဆုံးလက်နက်ကိုင်အဖွဲ့(၂)ဖွဲ့ဖြစ်သည့်ကချင်လွတ်မြောက်ရေးအဖွဲ့အစည်းနှင့်“ဝ”ပြည်သွေး
စည်းညီညွတ်ရေးတပ်တို့သည်လက်မှတ်ရေးထိုးရန်ငြင်းဆန်ခဲ့ကြသည်၊အဘယ့်ကြောင့်ဆိုသော်အစိုးရသည်ရှမ်းပြည်နယ်ဒေ
သကြီး၏ကိုးကန့်နယ်စပ်အနီးတွင်ပဋိပက္ခဖြစ်ပွားနေသည့်၎င်းတို့၏မဟာမိတ်အဖွဲ့(၃)ဖွဲ့ကိုဖယ်ထုတ်ထားသောကြောင့်ဖြစ်
သည်။

တိုက်ပွဲများသည်ယမန့်နေ့ကဆက်လက်ဖြစ်ပွားခဲ့ကြောင်းကိုတရုတ်တိုင်းရင်းသားလက်နက်ကိုင်အများစုဖြစ်သည့်မြန်မာအ
မျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်နှင့်တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှစ်ဖွဲ့စလုံးမှပြောရေးဆို
ခွင့်ရှိသူများ၏ပြောကြားချက်သိရှိရသည်။

အောက်တိုဘာ(၁၅)ရက်နေ့တွင်ပြုလုပ်မည့်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုနေပြည်တော်၌ကျင်းပပြုလုပ်မည်ဖြစ်ပြီး
အခြားအဖွဲ့တွေကိုမူလိုက်လေဝေးလေဖြစ်ဟန်ရှိသည်။

လက်မှတ်ရေးထိုးရန်ရည်ရွယ်ထားသည့်သူများသည်ရန်ကုန်၌အောက်တိုဘာ(၄)ရက်နေ့တွင်ညှိနှိုင်းဆွေးနွေးသူအရာရှိများ
တွေ့ဆုံခဲ့သော်လည်းအစိုးရမှလုပ်ထုံးလုပ်နည်းအရအကြောင်းကြားဆင့်ခေါ်မှုများနှင့်ပတ်သက်၍အဖွဲ့များအားပြောကြားမှု
မရှိခဲ့ကြောင်းKNUမှအထွေထွေအတွင်းရေးမှူးဖြစ်သူစောကွယ်ထူးဝင်းကပြောခဲ့သည်။

“ကျွန်တော်တို့NCAမှာလက်မှတ်ထိုးမယ်လို့ကြေငြာပြီးပါပြီ။ဒါပေမယ့်ကျွန်တော်တို့အစိုးရကိုတရားဝင်ကြောင်းကြားအသိပေး
ဖို့လိုတယ်ဆိုတာတော့ကျွန်တော်တို့မသိပါဘူး”ဟုသူကပြောခဲ့သည်။