မြန်မာမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ထိုးမည်

...

မြန်မာမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ထိုးမည်

Reuters, 14 Oct 2015

URL: http://www.reuters.com/article/2015/10/14/us-myanmar-politics-idUSKCN0S82MR20151014
မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့်အစိုးရတို့အတွင်းအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်ကိုကြာသပ
တေးနေ့တွင်လက်မှတ်ရေးထိုးရန်သတ်မှတ်လိုက်ပြီဖြစ်သည်၊နှစ်နှစ်ကျော်ကြာညှိနှိုင်းဆွေးနွေးခဲ့သည့်အဆုံးသတ်ရလဒ်သည်တိုင်း
ပြည်တွင်နှစ်ပေါင်းကြာရှည်စွာဖြစ်ပွားနေသောပဋိပက္ခများအများစုကိုအဆုံးသတ်ခြင်းတွေဆောင်ယူလာရန်ရည်ရွယ်ခဲ့သည်။

သို့သော်လည်းစာချုပ်သည်တနိုင်ငံလုံးအတိုင်းအတာနှင့်စာလျှင်အတိုင်းအတာတစ်ခုထိသာအောင်မြင်သည်၊လက်နက်ကိုင်အဖွဲ့
(၁၅)ဖွဲ့တွင်(၇)ဖွဲ့သာလက်မှတ်ရေးထိုးမည်ဖြစ်ပြီးအခြားအဖွဲ့များမှာလုပ်ငန်းစဉ်များတွင်အားလုံးထည့်သွင်းသင့်သည်ဟူသောအ
ချက်အပေါ်အစိုးရမှသဘောမတူသောကြောင့်ပါဝင်လက်မှတ်ထိုးရန်ငြင်းဆန်ခဲ့ပြီးမြန်မာနိုင်ငံ၏အရပ်သားတဝက်အစိုးရနှင့်အာ
ဏာဆက်လက်ရှိနေသေးသည့်စစ်တပ်အပေါ်ဆက်လက်မယုံမကြည်ဖြစ်နေသည်။

တက်ရောက်ရန်ပျက်ကွက်သူများသည်နှစ်(၅၀)နီးပါးကြာစစ်အုပ်ချုပ်ရေးကိုအဆုံးသတ်ပြီးနောက်၂၀၁၁ခုနှစ်တွင်အာဏာရလာ
ပြီးနောက်ပိုင်းတွင်၎င်း၏ပြန်လည်ပြုပြင်ရေးလုပ်ငန်းများတွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကိုအဓိကလမ်းစဉ်အဖြစ်
လုပ်ဆောင်သူဖြစ်သည့်ယခင်ကဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူသမ္မတဦးသိန်းစိန်အတွက်ထိုးနှက်မှုတခုဖြစ်ပင်ဖြစ်သည်။

သူမှနိုဝင်ဘာလ(၈)ရက်နေ့၊အထွေထွေရွေးကောက်ပွဲမတိုင်မီလက်မှတ်ရေးထိုးကြရန်တိုက်တွန်းခဲ့သည်။

နိုင်ငံခြားသံတမန်များ၊စစ်တပ်အရာရှိများနှင့်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့်အတူဦးသိန်းစိန်သည်နေပြည်တော်
၌ပြုလုပ်မည့်လက်မှတ်ရေးထိုးသည့်အခမ်းအနားသို့တက်ရောက်မည်ဖြစ်ပြီးပြည်တွင်းသတင်းစာများမှကျယ်ကျယ်ပြန့်ပြန့်လူသိ
ရှင်ကြားသတင်းလွှင့်ကြေငြာမည်ဖြစ်သည်။အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှတက်ရောက်မည်မဟုတ်ပေ။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည်နိုင်ငံ၏တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်အကြီးမားဆုံးနှင့်လက်နက်အ
ကောင်းဆုံးတပ်ဆင်ထားသည်ဟုထင်မြင်ယူဆခဲ့သည်၊၎င်းသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များစတင်စဉ်ကတည်းကပင်ဘေးထွက်
ကျန်နေခဲ့ပြီးလက်မှတ်ရေးထိုးမည်မဟုတ်ပေ။

မြန်မာနိုင်ငံမြောက်ပိုင်းရှိကချင်ပြည်နယ်ဒေသအတော်များများကိုထိန်းချုပ်ထားသည့်ကချင်အမျိုးသားလွတ်မြောက်ရေးအစည်း
အရုံးသည်လည်းလက်မှတ်ရေးထိုးရန်ပျက်ကွက်ခဲ့သည်။

အဖွဲ့၏လမ်းညွှန်မှုအောက်တွင်ရှိသောကချင်လွတ်မြောက်ရေးတပ်သည်(၁၇)နှစ်ကြာအဖွဲ့နှစ်ဖွဲ့ကြားအပစ်အခတ်ရပ်စဲရေးလုပ်ခဲ့
ပြီးနောက်ပြိုကွဲခဲ့ပြီး၂၀၁၁ခုနှစ်ကတည်းကပင်မြန်မာတပ်နှင့်တိုက်ပွဲများပုံမှန်ဖြစ်ပွားခဲ့သည်။

အစိုးရနှင့်ချိတ်ဆက်ထားသည့်မြန်မာ့ငြိမ်းချမ်းရေးစင်တာမှတာဝန်ရှိသူတစ်ဦးကတရုတ်-မြန်မာနယ်စပ်ပေါ်တွင်နှစ်ဖက်စလုံးမှ
ဖြစ်ပွားခဲ့သောတိုက်ပွဲများသည်လက်မှတ်မထိုးရန်အတွက်တရုတ်အစိုးရမှဖိအားပေးခြင်းကြောင့်ဖြစ်လာခြင်းဖြစ်သည်ဟု Reuters
အားပြောခဲ့သည်။တရုတ်မှထိုသို့ပြောဆိုချက်များကိုငြင်းဆန်ခဲ့သည်။

၎င်းတို့အကြားတွင်မြန်မာနိုင်ငံ၏သက်တမ်းအရှည်ဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်သည့်ကရင်အမျိုးသားအစည်းရုံး(KNU)သည်လက်
မှတ်ရေးထိုးမည်ဖြစ်သည်။

KNUသည်မြန်မာစစ်တပ်နှင့်သက်တမ်း (၇၀) နီးပါးကြာတိုက်ခိုက်ခဲ့သည့်ကမ္ဘာ့သက်တမ်းအရှည်ဆုံးပဋိက္ခဖြစ်ခဲ့သည့်အဖွဲ့ဖြစ်သည်။

KNU၏ကြေငြာချက်၌အပစ်အခတ်ရပ်စဲရေးသည်ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်
မည်ဟုမျှော်လင့်ကြောင်းပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးသည့်အဖွဲ့များအားလုံးကိုအစိုးရကယခုတပတ်တွင်မတရားအသင်းသတ်မှတ်ထားမှုမှပယ်ဖျက်ပေးမည်ဖြစ်သည်။

ပြည်ပအဖွဲ့အစည်းများနှင့်ဆက်သွယ်သည့်ဥပဒေကိုအဖွဲ့များနှင့်ဆက်သွယ်သူများကိုတရားစွဲဆိုရန်အတွက်အသုံးပြုခဲ့သည်။ပယ်
ဖျက်ပေးလိုက်ခြင်းသည်အဖွဲ့များအတွက်နိုင်ငံရေးရေစီးကြောင်းတွင်ပါဝင်နိုင်ရန်အတွက်အရေးပါသည့်အဆင့်ပင်ဖြစ်သည်။

ကြာသပတေးနေ့တွင်လက်မှတ်မထိုးပဲဘေးဖယ်နေသည့်အဖွဲ့များသည်နောင်အနာဂတ်တွင်ထိုသို့လက်မှတ်ရေးထိုးနိုင်သေးသည်။