အပစ်အခတ်ရပ်စဲရေးစာချုပ်ပါအချက်များကိုအကောင်အထည်ဖော်ရန်အတွက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့စည်း

...

အပစ်အခတ်ရပ်စဲရေးစာချုပ်ပါအချက်များကိုအကောင်အထည်ဖော်ရန်အတွက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့စည်း

Asis & Pacific Edition, 18 Oct 2015

URL: http://news.xinhuanet.com/english/2015-10/18/c_134724613.htm
ကြာသာပတေးနေ့တွင်တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး(NCA)လက်မှတ်ရေးထိုးပြီးနောက်ပိုင်းနောက်ဆက်တွဲအနေ
ဖြင့်စာချုပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်လွန်ခဲ့သည့်ရက်က၎င်းတို့နှစ်ရက်တာအစည်းအဝေးဆက်တိုက်ကျင်း
ပရာ၌မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်ပူးတွဲစောင့်ကြည့်ရေးကော်မတီကိုဖွဲ့စည်းခဲ့သည်။

ပူးတွဲကော်မတီသည်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီဖြစ်ပြီး၎င်းသည်လက်နက်ကိုင်တိုက်ပွဲများပြန်
လည်ဖြစ်ပွားမည်ကိုကာကွယ်ရန်ဖြစ်သည်၊ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးပူးတွဲကော်မတီသည်နိုင်ငံရေးဆွေးနွေးပွဲများ
ကိုဖြစ်မြောက်အောင်ဆောင်ရွက်ပေးသည့်အဖွဲ့ဖြစ်သည်။

နှစ်ဖက်စလုံးမှ NCA တွင်လက်မှတ်မထိုးရသေးသည့်ကျန်ရှိနေသေးသောလက်နက်ကိုင်အဖွဲ့များကို NCA တွင်ပါဝင်ရန်နှင့်ငြိမ်း
ချမ်းရေးအပြီးသတ်လုပ်ဆောင်နိုင်ရန်အတွက်ဖြစ်မြောက်အောင်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုသဘောတူညီခဲ့ကြသည်။

နှစ်ဖက်စလုံးမှနိုဝင်ဘာလလယ်တွင်ထပ်မံတွေ့ဆုံရန်နှင့်နိုင်ငံရေးဆွေးနွေးပွဲစီစဉ်ရန်ဆုံးဖြတ်ခဲ့ကြသည်။

နှစ်ဖက်စလုံးမှ NCA တရားဝင်လက်မှတ်ရေးထိုးပြီးနောက်ရက်ပေါင်း(၆၀)အတွင်းနိုင်ငံရေးမူဘောင်ရေးဆွဲမည်ဖြစ်ပြီးရက်(၉၀)
အတွင်းနိုင်ငံရေးဆွေးနွေးပွဲကျင်းပမည်ဖြစ်သည်။

မြန်မာအစိုးရနှင့်အဖွဲ့(၁၅)ဖွဲ့မှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သည်အစိုးရနှင့်အတူငြိမ်းချမ်းရေးစာချုပ်တွင်ပါဝင်ခဲ့ပြီး
နေပြည်တော်၌တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကိုစတင်လက်မှတ်ရေးထိုးခဲ့ကာပြည်တွင်းပြည်ပလေ့
လာသူများမှအသိသက်သေအဖြစ်လက်မှတ်ရေးထိုးခဲ့ကြသည်။

အဖွဲ့(၈)ဖွဲ့မှာကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးပါတီ(KNLA)-ငြိမ်းချမ်းရေးကောင်စီ၊ပအို့
အမျိုးသားလွတ်မြောက်ရေးအစည်းအရုံး(PNLO)၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ချင်း
အမျိုးသားပါတီ(CNF)၊ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ၊ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)နှင့်ရှမ်းပြည်နယ်ပြန်
လည်ထူထောင်ရေးကောင်စီ (RCSS) / ရှမ်းပြည်တောင်ပိုင်းတပ်(SSA-S)တို့ဖြစ်ကြသည်။

အဖွဲ့(၁၅)ဖွဲ့တွင်NCAကိုလက်မှတ်မထိုးပဲကျန်ရှိနေသည့်အဖွဲ့(၇)ဖွဲ့မှာကချင်လွတ်မြောက်ရေးအစည်းအရုံး(KIO) ၊ကရင်နီအ
မျိုးသားတိုးတက်ရေးပါတီ(KNPP)၊အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA),၊မွန်ပြည်သစ်ပါတီ(NMSP) ၊နာဂလန်း-
ခလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)၊ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ရှမ်းပြည်တိုးတက်ရေးပါ
တီရှမ်းပြည်နယ်မြောက်ပိုင်းတပ်(SSPP/SSA-N) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)တို့ဖြစ်သည်။