မွန်ပြည်နယ်၊ရေးမြို့နယ်တွင်မဲဆန္ဒရှင်စာရင်းတိုးလာဖွယ်ရာရှိ

...

မွန်ပြည်နယ်၊ရေးမြို့နယ်တွင်မဲဆန္ဒရှင်စာရင်းတိုးလာဖွယ်ရာရှိ

BMI, 10 Oct 2015

URL: http://www.bnionline.net/2015-election/mon-state/item/978-voter-list-likely-to-increase-in-mon-state-s-ye-township.html
စက်တင်ဘာလ၌မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်နောက်ဆုံးထုတ်ပြန်ကြေငြာချက်အရလာမည့်ရွေးကောက်ပွဲအတွက်သတ်မှတ်
ချက်မီသည့်မဲဆန္ဒရှင်(၁၅၅၉၆၉)ဦးရှိပြီးတခြားဒေသများမှရွှေ့ပြောင်းနေထိုင်သူများအားပုံစံ(၃-က)လျှောက်လွှာဖြည့်သွင်းခွင့်
ပြုပြီးနောက်ပိုင်းတွင်မဲဆန္ဒရှင်စာရင်းတိုးလာဖွယ်ရာရှိသည်။

ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲရုံးမှဥက္ကဌဦးညွှန့်အောင်ကစာရင်းကိုအတည်ပြုပေးခဲ့ပြီးရေးမြို့နယ်တွင်ရက်(၁၈၀)နေ
ထိုင်သည့်ရွှေ့ပြောင်းနေထိုင်သူများကို၎င်းတို့၏လျှောက်လွှာများဖြည့်သွင်းရန်ခွင့်ပြုခဲ့ပြီးနောက်ပိုင်းတွင်စာရင်းထုတ်ပြန်ကြေ
ငြာလိမ့်မည်ဖြစ်သည်။

“ပုံစာ(၃-က)ကိုမလျှောက်ရသေးတဲ့သူများစာရင်းကိုကျွန်တော်တို့ထုတ်ပြန်လို့မရနိုင်ပါဘူး၊ဘာကြောင့်လဲဆိုတော့မတူညီတဲ့
နေရာတွေကနေလာနေကြတဲ့သူတွေစာရင်းကအပြီးသတ်မဖြစ်သေးလို့ပါ။ဒါကြောင့်ကျွန်တော်တို့အောက်တိုဘာလ(၁၃)ရက်
နေ့တစ်ရက်တည်းကိုပဲအတည်ပြုနိုင်ထုတ်ပြန်နိုင်ခဲ့တာပါ” ဟုပြီးခဲ့သည့်လတွင်ပြုလုပ်ခဲ့သည့်တွေ့ဆုံမေးမြန်း မှုတွင်ဦးညွန့်
အောင်ကပြောခဲ့ခြင်းဖြစ်သည်။

မဲစာရင်းတွင်ပါဝင်နိုင်ရန်အတွက်ရွှေ့ပြောင်းအလုပ်သမားများအပါအဝင်လူထုမှလျှောက်ထားခဲ့ကြပြီးအောက်တိုဘာလ(၁၀)
ရက်နေ့မတိုင်မီ၎င်းတို့သက်ဆိုင်ရာဒေသများမှကျေးရွာရွေးကောက်ပွဲကော်မရှင်ခွဲရုံးများက၎င်းတို့အမည်အားမဲဆန္ဒရှင်စာ
ရင်းတွင်ထည့်သွင်းမည်ဖြစ်သည်။

“ပြီးခဲ့တဲ့လကကျွန်တော်တို့ရွာကိုသူစိမ်းအများအပြားစရောက်လာကြတယ်။သူတို့ကပြောသံကမွန်လူမျိုးတွေပြောသံနဲ့မတူ
ဘူး။သူတို့ကျွန်တော့်ဆိုင်မှစျေးလာဝယ်တာတစ်ပတ်နီးပါးရှိပြီ”ဟုရေးမြို့နယ်ရှိမော်ကန်နီရွာမှဆိုင်ရှင်တစ်ဦးဖြစ်သူနိုင်မောင်
မောင်ကပြောခဲ့သည်။

အလားတူစွာရွှေ့ပြောင်းအလုပ်သမားများကိုသံဖြူဇရပ်မြို့တွင်လည်းမဲထည့်ရန်ခွင့်ပြုထားသည်။

၎င်းတို့သည်နေရာဒေသတွင်ရက်(၁၈၀)နေထိုင်ပါကရပ်ကွက်နှင့်ကျေးရွာစုကော်မရှင်ခွဲရုံးများရှိမဲစာရင်း၌၎င်းတို့အမည်
များကိုထည့်သွင်းရန်အတွက်လျှောက်ထားနိုင်သည်။နယ်ဘက်ဝန်ထမ်းများသည်၎င်းတို့နေထိုင်သည့်သက်ဆိုင်ရာနေရာဒေ
သများရှိ၎င်းတို့၏အလုပ်ကြီးကြပ်သူထံမှထောက်ခံချက်လိုအပ်ပြီးအလုပ်သမားများသည်လည်း၎င်းတို့၏သက်ဆိုင်ရာအလုပ်
ရှင်များထံမှဖြစ်စေ၊အလုပ်ရှင်ကိုယ်စားလှယ်များထံမှဖြစ်စေထောက်ခံချက်လိုအပ်သည်။အခြားသူများသည်လည်း၎င်းတို့
လျှောက်လွှာများကိုတင်သွင်းလျှောက်ထားရန်တွက်၎င်းတို့၏သက်ဆိုင်ရာရပ်ကွက်(သို့)ကျေးရွာစုအုပ်ချုပ်သူတို့ထံမှထောက်
ခံချက်လိုအပ်သည်။

အကယ်၍လျှောက်ထားသူသည်အရည်အချင်းပြည့်မီသောမဲဆန္ဒရှင်တစ်ဦးဖြစ်ရန်သတ်မှတ်ချက်နှင့်ကိုက်ညီပါကသက်ဆိုင်
ရာရပ်ကွက်(သို့)ကျေးရွာစုကော်မရှင်ခွဲမှလုပ်ထုံးလုပ်နည်းများနှင့်အညီသူ(သို့)သူမအားမဲဆန္ဒရှင်စာရင်းတွင်ထည့်သွင်းမည်
ဖြစ်သည်။

ရပ်ကွက်(သို့)ကျေးရွာစုကော်မရှင်မှလျှောက်ထားသူများ၏အမည်များကိုမြို့နယ်ကော်မရှင်ခွဲထံတင်သွင်းရမည်ပြီးလျှောက်
ထားသူများ၏ပုံစံ(၃-ခ)တွင်ဖြည်သွင်းထားသည့်မူလနေထိုင်ခဲ့သောနေရာတွင်ရှိသောမဲဆန္ဒရှင်စာရင်းမှပယ်ဖျက်ရန်အတွက်
လျှောက်ထားသူများ၏မူလနေထိုင်ခဲ့သောနေရာရှိမြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲထံဆီသို့အကြောင်းကြားမည်ဖြစ်ကြောင်း
ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ၏ပြောကြားချက်အရသိရှိရသည်။

မွန်ပြည်နယ်ရှိဒုတိယလူဦးရေအများဆုံးဖြစ်သည့်ရေးမြို့နယ်တွင်ကျေးရွာအုပ်စု(၄၀)စုနှင့်မြို့(၃)မြို့နယ်တွင်မဲရုံပေါင်း(၁၁၀)
ဖွင့်လှစ်ထားရှိပေးမည်ဖြစ်သည်။မြို့နယ်မှအထက်လွှတ်တော်နှင့်အောက်လွှတ်တော်နှစ်ရပ်စလုံးကိုမဲပေးရွေးချယ်မည်ဖြစ်
သည်။