ယခုအချိန်တွင်ဒုက္ခသည်များအတွက်အစီအစဉ်လိုအပ်နေ

...

ယခုအချိန်တွင်ဒုက္ခသည်များအတွက်အစီအစဉ်လိုအပ်နေ

Bangkok Post, 10 Oct 2015

URL: http://www.bangkokpost.com/opinion/opinion/734264/refugee-plan-needed-now.%20View%20our%20policies%20at%20http:/goo.gl/9HgTd%20and%20http:/goo.gl/ou
မြန်မာနိုင်ငံအနောက်ပိုင်းနှင့်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုန်ရာသီကုန်ဆုံးပြီဖြစ်ပြီးပြဿနာအရိပ်အယောင်များသန်းလာပြီ
ဖြစ်သည်။မြန်မာနိုင်ငံရှိရခိုင်ပြည်နယ်နှင့်ဘင်္ဂလားဒေ့(ရှ)မှအစီရင်ခံစာများတွင်သတိပေးထားနှင့်ပြီးဖြစ်သည်၊လူကုန်ကူးသူများ
နှင့်၎င်းတို့၏ရိုဟင်ဂျာဖောက်သည်လောင်းများသည်လှေဖြင့်သွားလာမှုများရှိန်မြင့်လာနေကြပြီးအရှေ့တောင်အာရှကိုတဖန်ထိုး
နှက်လာသည်။တလိပ်လိပ်တက်လာသောရွှေ့ပြောင်းမှုလှိုင်းသစ်သည်ကျိန်းသေပေါ်ပေါက်နေသည်။

ထိုင်းနိုင်ငံသာမကထိခိုက်နစ်နာမှုရှိခဲ့သော၎င်း၏အိမ်နီးချင်းနိုင်ငံများသည်ကြိုတင်ပြင်ဆင်မှုမရှိခဲ့ပေ။လူကုန်ကူးသူများနှင့်ကြံမိ
ကြံရာကြံကြသောရိုဟင်ဂျာများသည်၎င်းတို့အစီအစဉ်ကိုဖျက်သိမ်းရန်အလားအလာမရှိခင်ကတည်းကပင်အစိုးရနှင့်အခြားတိုင်း
ပြည်များသည်ကြိုတင်ပြင်ဆင်ရန်အတွက်အချိန်တောင်လွန်နေပြီဖြစ်သည်။

မရှိမဖြစ်လိုအပ်လာပါက၎င်းတို့၏အချို့အစီအစဉ်များကိုလုပ်ဆောင်လိမ့်မည်ဖြစ်ပြီးလျှို့ဝှက်ထားရှိမည်ဖြစ်သည်၊အစိုးရမှတရားမ
ဝင်ဝင်ရောက်လာသည့်ပြောင်းရွှေ့မှုများကိုဆွဲဆောင်သည့်အခြေအနေများဖန်တီးရမည်မဟုတ်ပေ။ပြီးခဲ့သည့်တစ်နှစ်လုံးတွင်ကံ
ဆိုးမိုးမှောင်ကျမှုများနှင့်ဒုက္ခများအားလုံးနီးပါးကိုတားဆီးနိုင်ခဲ့သော်လည်းအကယ်၍မည်သည့်ပြောင်းလဲမှုမှမရှိလာပါကအိမ်မက်
ဆိုးများထပ်တလဲလဲမက်နေရလိမ့်မည်ဖြစ်သည်။

ဤအခြေအနေအရေးအခင်းများအတွက်အပြစ်တင်ရမည်ဆိုလျှင်၎င်းနှင့်ပတ်သက်သည့်နိုင်ငံကိုပဲအပြစ်တင်ရမည်ဖြစ်သည်။သမ္မ
တအပါအဝင်မြန်မာနိုင်ငံရှိအာဏာပိုင်များနှင့်အထက်ပိုင်းအရာရှိများသည်ရိုဟင်ဂျာအများအပြားအစုလိုက်အပြုံလိုက်ပြောင်းရွှေ့
မှုကိုရပ်တန့်အောင်လုပ်ဆောင်ရာတွင်အကူအညီမပေးခဲ့ပေ။နိုင်ငံတကာဥပဒေအားလုံးနှင့်လက်တွေ့ဆောင်ရွက်မှုအားလုံးကိုဆန့်
ကျင်ခဲ့သောနေပြည်တော်ကရခိုင်ပြည်နယ်တွင်ဆွေစဉ်မျိုးဆက်နေထိုင်လာခဲ့သောရိုဟင်ဂျာများသည်နိုင်ငံသားများမဟုတ်ဟုမ
လျော့တမ်းအခိုင်အမာပြောခဲ့သည်။

အခြေခံအမှားမှာဆင်းရဲတွင်း၌ရှိသော၎င်းတို့၏သားစဉ်မြေးဆက်အားလုံးနှင့်၎င်းတို့၏အခွင့်အရေးအားလုံးနီးပါးမှချန်လှပ်ထားခြင်း
ခံရသည့်ပထုတ်ခံဟိုရိုဟင်ဂျာလူထုဆီသို့ဦးတည်သွားခဲ့ပြီး၎င်းတို့၏ဘဝတိုးတက်စေရန်အတွက်တစ်နေရာရာ၊ဘယ်နေရာမဆိုသို့
သွားရောက်ရန်ဆန္ဒဖြစ်ပေါ်စေဖို့ဖန်တီးပေးနေသည်။

ကမ္ဘာ့အသိုင်းအဝိုင်း၊ထိုင်းနိုင်ငံအပါအဝင်အာဆီယမ်အဖွဲ့ဝင်တစ်ဖွဲ့တလေကမျှမြန်မာနိုင်ငံအား၎င်းတို့၏ပြဿနာကိုပြန်လည်ပြင်
ဆင်နိုင်ဖို့အတွက်ထိထိရောက်ရောက်ပြစ်တင်ရှုံ့ချခြင်းမရှိခဲ့ကြပေ။အဘယ့်ကြောင့်ဆိုသော်နေပြည်တော်မှရိုဟင်ဂျာများအားတရား
ဝင်အသိအမှတ်ပြုရန်ငြင်းဆိုလိုက်သောကြောင့်ဖြစ်သည်၊၎င်းတို့စွန့်ခွာထွက်ပြေးလာသည့်နေရပ်သို့ရွှေ့ပြောင်းရိုဟင်ဂျာများဘေး
ကင်းစွာပြန်လည်အခြေဖို့အတွက်ကျိန်းသေပေါက်မဖြစ်နိုင်ပေ။တစ်နေရာမှတစ်နေရာပြောင်းရွှေ့ခြင်းနှင့်၎င်းတို့အားထိုင်းနိုင်ငံ၊
မလေးရှားနှင့်အင်ဒိုနီးရှားတွင်ရှိသောစခန်းများတွင်အတင်းအကြပ်လက်ခံခိုင်းခြင်းစက်ဝန်းကိုကျွန်ုပ်တို့ချိုးနှိမ်နိုင်ခြင်းမရှိသကဲ့
သို့ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်းမှလွန်ခဲ့သောနှစ်ကပြောင်းရွှေ့မှုအရေးသည်အမှန်တကယ်ပင်စိတ်မချမ်း
မြေ့စရာဖြစ်ခုဖြစ်သည်ဟုကြေငြာခဲ့သည်။ဤအချိန်တွင်အစောပိုင်းအရိပ်လက္ခဏာများသည်ကုန်ကူးသူများကိုအဟန့်အတားပြု
လုပ်ခြင်းမရှိကြောင်းဖော်ပြနေသည်။မျက်မြင်သက်သေများ၏ပြောကြားချက်များအရအခြားနိုင်ငံများတွင်ဘေးကင်းသောဆိပ်
ကမ်းကိုရှာဖွေဖို့ကြိုးပမ်းရန်အတွက်ခနော်နီခနော်နဲ့နေသည့်လှေပေါ်ရှိလမ်းကြောင်းပေါ်တွင်၎င်းတို့၏အသက်များကိုစိုးရိမ်ဖွယ်
ရာထားရှိနေသည့်ကျန်နေသေးသောရိုဟင်ဂျာများကိုဖျောင်းဖျဟန့်တားမှုမရှိပေ။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးပြောရေးဆိုခွင့်ရှိသူဗီဗီယန်တန်မှရွှေ့ပြောင်းလာသည့်ရိုဟင်ဂျာအရေအတွက်
သည်၂၀၁၁ခုနှစ်ကတည်းကနေ ပြီးခဲ့သည့်နှစ်တွင်(၆၃၀၀၀)ထိသုံးဆတက်လာသည်ဟုပြီးခဲ့သောရက်သတ္တပတ်ကပြောကြားခဲ့
သည်။ပြောင်းရွှေ့မှုတွေကဆက်လက်ဖြစ်ဖို့အလားအလာရှိပါတယ်ဟုသူမကဂါးဒီးယန်းသတင်းစာသို့ပြောခဲ့သည်။ရပ်တန့်အောင်
လုပ်ဖို့တစ်ခုတည်းသောမျှော်လင့်ချက်သည်ဖြစ်ပွားလာသည့်အကြောင်းရင်းခံကိုဖြေရှင်းပေးရန်ပင်ဖြစ်ပြီးနေပြည်တော်ကို၎င်း
၏မူဝါဒများအားပြောင်းလဲပစ်ရန်အတွက်ဖျောင်းဖျဖို့ပင်ဖြစ်သည်။ထိုသို့ပြုလုပ်နိုင်ရန်လည်းအခွင့်အရေးအနည်းငယ်သာရှိနိုင်
ဖွယ်ရာရှိသည်။နောက်တစ်ချက်မှာနိုင်ငံသည်နိုဝင်ဘာလရွေးကောက်ပွဲအတွက်နက်နက်နဲနဲနစ်မြုပ်ထားသည်။

ရိုဟင်ဂျာပြောင်းရွှေ့နေထိုင်သူအများစုသည်ထိုင်းနိုင်ငံတွင်နေထိုင်ရန်ဆန္ဒမရှိကြပေ၊သို့သော်လည်းလူကုန်ကူးသည့်လမ်း
ကြောင်းသည်ဤနိုင်ငံမှတဆင့်ဖြတ်သန်းသွားသည်။ယမန်နှစ်ကထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်းအိုချာသည်ကုန်ကူးမှုများကိုအ
ရှိန်အဟုန်မြှင့်တိုက်ဖျက်ချေမှုန်းရန်အမိန့်ပေးခဲ့သည်။USလူကုန်ကူးတိုက်ဖျက်ရေးပုဂ္ဂိုလ်များစာရင်းတွင်တိုးမြှင့်လုပ်ဆောင်မှု
ဖြင့်ထိုင်းနိုင်ငံအားထောပနာပြုနိုင်သည်။ပြီးခဲ့သည့်အပတ်၌နိုင်ငံခြားရေးဝန်ကြီးဖြစ်သူဒွန်ပရာမတ်ဝင်းနိုင်းသည်ထိုစာရင်းများ
နှင့်ပတ်သက်၍USအဆင့်မြင့်စီစစ်လေ့လာလုပ်ဆောင်သူဖြစ်သည့် Johnstone နှင့်တွေ့ဆုံစကားပြောဆိုခဲ့သည်။