အပစ်အခတ်ရပ်စဲရေးဒေသများတွင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဦးစားပေးလုပ်ဆောင်မည်

...

အပစ်အခတ်ရပ်စဲရေးဒေသများတွင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဦးစားပေးလုပ်ဆောင်မည်

The Global New Light of Myanmar, 16 Oct 2015

URL: http://issuu.com/yelay/docs/16_oct_15_gnlm_0805103f78fe8f
အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့်နေရာများတွင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုဦးစားပေးလုပ်ဆောင်
မည်ဟုယမန်နေ့ကနေပြည်တော်၌တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးသည့်အခမ်းအနားပြီးဆုံးပြီး
နောက်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး(NCA)တွင်သတ်မှတ်ထားသည့်သဘောတူညီချက်များကြောင့်နိုင်ငံတကာအလှူရှင်များ
၏အကူအညီများနှင့်အတူဖွံ့ဖြိုးတိုးတက်ရေးအတွက်အစိုးရမှငွေကြေးထောက်ပံ့ပေးမည်ဖြစ်သည်။

အစိုးရမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၅)ဖွဲ့အားအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်ပါဝင်ရန်ဖိတ်ကြားခဲ့သော်လည်းတိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သာပါဝင်ရန်သဘောတူညီခဲ့သည်။လက်မှတ်ရေးထိုးသည့်အခမ်းအနားအတွင်းတွင်နှစ်ဖက်စလုံးက
လက်မှတ်ရေးထိုးခြင်းသည်မြန်မာနိုင်ငံတွင်နောက်ဆုံးငြိမ်းချမ်းရေးအောင်မြင်မှုရရှိခြင်းအတွက်မှန်ကန်သည့်လမ်းကြောင်းတွင်
ပထမဦးဆုံးခြေလှမ်းဖြစ်ကြောင်းသဘောထားထုတ်ဖော်ပြခဲ့သည်။

ဦးအောင်မင်းမှဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုအပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးသည့်အဖွဲ့များအခြေချသည့်နေရာများတွင်
ခြုံငုံပါဝင်လိမ့်မည်ဖြစ်ပြီးထိုဒေသများတွင်ထိုသို့ပြုလုပ်ရန်အတွက်လည်းအဖွဲ့များကိုသဘောတူညီခွင့်ပြုကြောင်းပြောကြားခဲ့သည်။
“သူတို့ကဘေးထွက်နေမှာမဟုတ်ပါဘူး၊ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတစ်နိုင်ငံတည်းနေထိုင်ကြတဲ့ညီအစ်ကိုမောင်နှမ
တွေဖြစ်လို့ပါပဲ။ဒါပေမယ့်ဖွံ့ဖြိုးမှုအလုပ်တွေလုပ်ဖို့အတွက်ခွင့်ပြုမပြုဆုံးဖြတ်ရမှာကတော့သူတို့သဘောပါပဲ။”

ထိပ်ဆုံးဦးစားပေးဆောင်ရွက်မှုများတွင်မြေမြုပ်မိုင်းရှင်းလင်းဖယ်ရှားခြင်း၊အစားအစာနှင့်နေအိမ်အမိုးအကာများပံ့ပိုးပေးခြင်း၊အ
လုပ်အကိုင်များဖန်တီးပေးခြင်းနှင့်ယခင်ကပဋိပက္ခများကြောင့်ထွက်ပြေးတိမ်းရှောင်သွားပြီးနောက်နေရပ်ပြန်လာချင်သည့်သူများ
အတွက်အကူအညီများကူညီပံ့ပိုးပေးခြင်းစသည်တို့ကိုထိပ်ဆုံးဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးကရှင်းပြ
ခဲ့သည်။

အသက်မွေးဝမ်းကျောင်းများတိုးတက်မှုရှိစေရန်နှင့်ထိုသို့လုပ်ဆောင်ရာတွင်ပွင့်လင်းမြင်သာမှုရှိစေရန်အတွက်အထည်ချုပ်အစက်
ရုံအလုပ်ရုံများအသားပေးသည့်စက်မှုဇုန်များဖန်တီးဆောက်လုပ်ရန်အရေးကြီးပုံကို၎င်းကမီးမောင်းထိုးပြောပြခဲ့သည်။ပဋိပက္ခထိ
ခိုက်သက်ရောက်မှုရှိခဲ့သောနေရာဒေသများတွင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အစိုးရ၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်နိုင်ငံတကာအလှူရှင်များမှအတူတကွဝိုင်းဝန်းလုပ်ဆောင်မည်ဖြစ်ကြောင်း၎င်းကထပ်
ပေါင်းပြောခဲ့သည်။

“ဒီသုံးပွင့်ဆိုင်အဖွဲ့ဆုံးဖြတ်ချက်နောက်ဆက်တွဲအရ၊အလှူရှင်တွေကအကူအညီတွေကိုအစိုးရရဲ့မည်သည့်စွက်ဖက်မှုမှမပါပဲသူတို့
ကိုယ်တိုင်စီမံခန့်ခွဲပါလိမ့်မယ်။”

ဖြစ်နိုင်ခြေရှိသည့်စီမံကိန်းများအတွက်အစိုးရမှကနဦးရင်းနှီးငွေနှင့်အတူအစိုးရမှအကြံဉာဏ်များပံ့ပိုးကူညီပေးမည်ဖြစ်သည်။