မြန်မာနိုင်ငံ၏ဒီမိုကရေစီလက်ခံယုံကြည်ရန်အတွက်အဆင်သင့်ဖြစ်နေမှုကိုအာဆီယမ်ရွေးကောက်ပွဲ ဖောင်ဒေးရှင်းကချီးကျူး

...

မြန်မာနိုင်ငံ၏ဒီမိုကရေစီလက်ခံယုံကြည်ရန်အတွက်အဆင်သင့်ဖြစ်နေမှုကိုအာဆီယမ်ရွေးကောက်ပွဲ ဖောင်ဒေးရှင်းကချီးကျူး

The Global New Light of Myanmar, 11 Nov 2015

URL: http://issuu.com/yelay/docs/11_nov_15_gnlm
တနင်္ဂနွေနေ့၊အထွေထွေရွေးကောက်ပွဲတွင်လေ့လာခဲ့သည့်လွတ်လပ်သောရွေးကောက်ပွဲဖောင်ဒေးရှင်းအာဆီယမ်ကွန်ယက်ကမြန်
မာပြည်သူလူထုနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အားငြိမ်းငြိမ်းချမ်းချမ်းနှင့်လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ
ကျင်းပနိုင်ခြင်းအတွက်ချီးကျူးခဲ့သည်။ရန်ကုန်၌ယမန်နေ့ကပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်လွတ်လပ်သောရွေးကောက်
ပွဲဖောင်ဒေးရှင်းအာဆီယမ်ကွန်ယက်(ANFREL)မှဥက္ကဥဖြစ်သူMr Damaso G Magbualကမဲရုံ၌စိတ်ရှည်လက်ရှည်ငြိမ်သက်စွာဖြင့်
စီတန်းနေသောမြန်မာလူထုအကြောင်းကိုကနဦးအစီရင်ခံမှုများတွင်တွေ့ခဲ့ရကြောင်း၊ထိုသို့ဖြင့်တိုင်းပြည်ပြောင်းလဲရန်အတွက်အ
လေးအနက်စုပေါင်းလုပ်ဆောင်သည့်ဆန္ဒကိုလက်တွေ့ပြသခြင်းပင်ဖြစ်သည်ဟုပြောကြားခဲ့သည်။

Mr Damaso ကလည်းနိုဝင်ဘာလ(၈)ရက်နေ့ရွေးကောက်ပွဲသည်၎င်းတို့မျှော်လင့်သည်ထက်ပင်ပိုမိုသာလွန်နေပြီးတိုးတက်ကောင်း
မွန်သောဒီမိုကရေစီအစိုးရဖြစ်လာစေဖို့မြန်မာနိုင်ငံအတွက်အခွင့်အလမ်းအများအပြားဆောင်ယူလာနိုင်မည်ဖြစ်ကြောင်းပြောခဲ့သည်။
စည်းကမ်းနှင့်မညီညွတ်သည်များကိုတိုင်ကြားလာပါကအချိန်မီဖြေရှင်းကြရန် UEC နှင့်အာဏာပိုင်များကိုသူကတိုက်တွန်းခဲ့သည်။