နိုင်ငံရေးဆွေးနွေးပွဲအတွက်မူဘောင်ရေးဆွဲမည်

...

နိုင်ငံရေးဆွေးနွေးပွဲအတွက်မူဘောင်ရေးဆွဲမည်

Business Standard, 17 Nov 2015

URL: http://www.business-standard.com/article/news-ians/myanmar-to-draft-framework-for-holding-political-dialogue-115111700775_1.html
နိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစိတ်တပိုင်းအနေဖြင့်နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲကျင်းပရန်အတွက်မူဘောင်ရေးဆွဲဖို့စတင်
ရန်မြန်မာမှပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ(UPDJC)ကိုဖွဲ့စည်းရန်စီစဉ်နေသည်ဟုတာဝန်ရှိသူများမှ
အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

UPDJC တွင်အစိုးရ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်နိုင်ငံရေးပါတီများစသည်တို့မှကိုယ်စားလှယ်(၁၆)ဦးပါဝင်ပြီးနိုဝင်
ဘာလ(၂၄)ရက်နေ့တွင်တွေ့ဆုံရန်သတ်မှတ်ခဲ့သည်ဟုအစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)မှ
ဒုတိယဥက္ကဌဖြစ်သူဦးအောင်မင်းကတစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အကောင်အထည်ဖော်
မှုဆိုင်ရာဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေး(JICM)တွင်ပြောကြားခဲ့သည်။

မူဘောင်ရေးဆွဲခြင်းကိုဒီဇင်ဘာလ(၁၄)ရက်နေ့မတိုင်မီစတင်ရန်မျှော်မှန်းထားပြီးနိုင်ငံရေးဆွေးနွေးပွဲကြီးကိုနောင်နှစ်ဇန်နဝါ
ရီလ(၁၄)ရက်နေ့မတိုင်မီစတင်ရန်မျှော်မှန်းထားသည်ဟုရှင်ဟွာသတင်းဌာနကအစီရင်ခံခဲ့သည်။