စစ်ဖြစ်ပွားနေသောနေရာများတွင်အကူအညီပိုမိုရရှိရန်UN ကြိုးပမ်း

...

စစ်ဖြစ်ပွားနေသောနေရာများတွင်အကူအညီပိုမိုရရှိရန်UN ကြိုးပမ်း

Myanmar Times, 17 Nov 2015

URL: http://www.mmtimes.com/index.php/national-news/17648-un-seeks-more-access-to-conflict-zone.html
ကုလသမဂ္ဂမှ​အချက်အချာကျသောရှမ်းပြည်နယ်အလယ်ပိုင်းရှိတိုက်ပွဲဖြစ်ပွားနေသောနေရာများ၌လူသားချင်းစာနာထောက်
ထားမှုများပေးရာတွင်ခွင့်ပြုပေးရန်အတွက်သက်​ဆိုင်​ရာ​တာ​ဝန်​ရှိ​သူ​များ​ထံ​တောင်းဆိုခဲ့သည်။တပ်မတော်မှထိုးစစ်ဆင်ပြီး​ဝေ
ဟင်တိုက်ခိုက်မှုများကြောင့်ထိုဒေသများရှိပြည်သူလူထု(၇၀၀၀)ခန့်သည်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်ဟုဒေသတွင်းအကူ
အညီပေးရေးဆိုင်ရာလုပ်သားများမှပြောပြကြသည်။

ယမန်နေ့ကထုတ်ပြန်သည့်ကြေငြာချက်၌ UN မှ“ထိခိုက်ခံရသည့်ဒေသများတွင်ကာကွယ်ပေးရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်
၍စိုးရိမ်ပူပန်မှုများကိုအဆက်မပြတ်တင်ပြပေးလျက်ရှိပြီးလူသားချင်းဆိုင်ရာစာနာထောက်ထားမှုအကူအညီများရရှိရေးအတွက်
လည်းတိုက်တွန်းလျက်ရှိကြောင်း”ကို UN အထွေထွေအတွင်းရေးမှူးဘန်ကီမွန်း၏ပြောရေးဆိုခွင့်ရှိသူနယူး ယောက်မှလာသူတစ်
ဦးကပြောခဲ့သည်။

ရန်ကုန်ရှိ UN ရုံးမှလူသားချင်းစာနာထောက်ထားမှုရေးရာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ Pierre Peron
မှ UN နှင့်၎င်း၏လုပ်ဖော်ကိုင်ဖက်များသည်နယ်မြေဒေသရှိဒေသတွင်းအဖွဲ့များထံသို့တကိုယ်ရေအသုံးအဆောင်ပစ္စည်းများ၊အဝတ်
အထည်များ၊အစားအစာများ၊ဆေးဝါးများ၊အမိုးအကာများနှင့်ရေနှင့်ရောဂါကာကွယ်ရန်သန့်ရှင်းရေးပစ္စည်းများစသည်တို့ကိုပံ့ပိုးကူ
ညီပေးနေသည်ဟုပြောကြားခဲ့သည်။