နိုင်ငံရေးအကျဉ်းသားများမှသည်နိုင်ငံရေးရုံးခန်းများဆီသို့

...

နိုင်ငံရေးအကျဉ်းသားများမှသည်နိုင်ငံရေးရုံးခန်းများဆီသို့

The Irrawaddy, 17 Nov 2015

URL: http://www.irrawaddy.org/election/news/from-political-prisoner-to-political-office
၂၀၁၆ခုနှစ်၌အမျိုးသားဒီမိုကရေစီအဖွဲ့သည်နောင်လာမည့်အစိုးရကိုဖွဲ့စည်းမည်သာမကနောင်လာမည့်လွှတ်တော်တွင်လည်း
နိုင်ငံရေးအကျဉ်းသား(၁၀၀)ကျော်ကို၎င်းတို့၏သက်ဆိုင်ရာအဆင့်နေရာများအလိုက်တွေ့မြင်ရတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏နိုဝင်ဘာလ(၈)ရက်နေ့ရွေးကောက်ပွဲတွင်အတိုက်အခံပါတီဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)မှအပြတ်အ
သတ်အနိုင်ရရှိသော်လည်းရလဒ်သည်အကြောင်းပြချက်များစွာဖြင့်သမိုင်းဝင်ခဲ့သည်။ယနေ့ထိကိုယ်စားလှယ်လောင်း(၁၁၃၉)ဦး
ကို​အနိုင်ရသူအဖြစ်ကြေငြာခဲ့သည်၊ကိုယ်စားလှယ်လောင်း(၁၁၀)ဦးသို့မဟုတ်(၁၀)ရာခိုင်နှုန်းဝန်းကျင်သည်အကျဉ်းထောင်များ
ထဲ​တွင်နိုင်ငံရေးအကျဉ်းသားအဖြစ်နှစ်ပေါင်းများစွာကုန်ဆုံးခဲ့ရ​သည်။

၎င်းတို့၏နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများကြောင့်​အကျဉ်းထောင်များထဲတွင်၎င်းတို့၏အချိန်များကိုကုန်ဆုံးခဲ့ရသူအများအပြား
သည်ယုံကြည်မှုကြောင့်​ဖမ်း​ဆီး​ခံ​ရ​သော​နိုင်ငံရေးအကျဉ်းသားများအားအကျဉ်းချခြင်းကိုအဆုံးသတ်နိုင်ရန်အတွက်တောင်းဆို
မှုပြုလုပ်ရန်နေပြည်တော်၌၎င်းတို့၏နိုင်ငံရေးဆိုင်ရာလမ်းစဉ်သစ်ကိုအသုံးပြု​ရန်စီစဉ်ထားသည်။