မြန်မာနိုင်ငံ​ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်မှအောင်ဆန်းစုကြည်အားငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းစဉ်ကိုအသေးစိတ်ရှင်းလင်းတင်ပြပေး

...

မြန်မာနိုင်ငံ​ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်မှအောင်ဆန်းစုကြည်အားငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းစဉ်ကိုအသေးစိတ်ရှင်းလင်းတင်ပြပေး

Radio Free Asia, 09 Dec 2015

URL: http://www.rfa.org/english/news/myanmar/peace-12092015161421.html
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပြန်လည်ရင်ကြားစေ့ရေးနှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်ရန်
မြန်မာအတိုက်အခံခေါင်းဆောင်အောင်ဆန်းစုကြည်နှင့်ဦးအောင်မင်းတို့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့်လအတွင်းအထွေထွေရွေးကောက်ပွဲပြုလုပ်ခဲ့ပြီးနောက်သူမဦးဆောင်သော(NLD)ပါတီမှအစိုးရ
အသစ်တည်ထောင်ရန်အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပါသည်ဟုပါတီ၏အရာရှိတစ်ဦးကဗုဒ္ဓဟူး
နေ့တွင်ထုတ်ဖေါ်ပြောဆိုခဲ့သည်။

အောင်တိုဘာလ(၁၅)ရက်နေ့တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့်အစိုးရအကြားလက်မှတ်ရေးထိုး
ခဲ့သည့်( NCA)စာချုပ်အပေါ်လာမည့်(NLD)ပါတီ၏အုပ်ချုပ်ရေးနှင့်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်အတွက်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့များမှကော်မတီတစ်ဖွဲ့ကိုဖွဲ့စည်းရန်ဗုဒ္ဓဟူးနေ့တွင်ဆုံးဖြတ်ချက်ချခဲ့
သည်။ဤဆုံးဖြတ်ကိုမချမှီ၎င်းဆွေးနွေးမှုအစည်းအဝေးကိုရှေ့ဦးစွာပြုလုပ်ခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်( NCA)ကိုအစိုရပုဂ္ဂိုလ်များမည်ကဲ့သို့ဖေါ်ဆောင်ခဲ့သည်နှင့်မြန်မာ
ငြိမ်းချမ်းရေးစင်တာ( MPC)များမည်သည့်အရာများကိုလုပ်ဆောင်နေသည်ကိုဦးအောင်မင်းမှအောင်ဆန်းစု
ကြည်အား၎င်းတို့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ချိန်တွင်ရှင်းလင်းစွာပြောပြခဲ့သည်ဟု(NLD)အဆင့်မြင့်အရာ
ရှိဖြစ်သူဝင်းထိန်က(RFA)မြန်မာသတင်းကိုပြောပြခဲ့သည်။