မြန်မာတိုင်းရင်းသားအဖွဲ့များမှငြိမ်းချမ်းရေးအတွက်အစိုးရသစ်အပေါ်ယုံကြည်မှုရှိ

...

မြန်မာတိုင်းရင်းသားအဖွဲ့များမှငြိမ်းချမ်းရေးအတွက်အစိုးရသစ်အပေါ်ယုံကြည်မှုရှိ

Channel News Asia, 19 Jan 2016

URL: http://www.channelnewsasia.com/news/asiapacific/myanmar-ethnic-groups/2432898.html
ငါးရက်တာအစည်းအဝေးနောက်ဆုံးနေ့ဖြစ်သည့်ဇန်နဝါရီလ(၁၆)ရက်နေ့တွင်တိုင်းရင်းသားလက်နက်ကိုင်ညှိနှိုင်းဆွေးနွေးသူများသည်
မြန်မာအာဏာပိုင်များနှင့်ဆွေးနွေးမှုကိုနှစ်သက်ချီးမွမ်းခဲ့သော်လည်းတကယ့်ငြိမ်းချမ်းရေးကိစ္စများမှာအစိုးရသစ်ဖြစ်မည့်ဒေါ်အောင်ဆန်း
စုကြည်အစိုးရပေါ်တွင်မူတည်သည်။

အင်္ဂါနေ့၌ပြုလုပ်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင်ဒေါ်အောင်ဆန်းစုကြည်မှသူမ၏အစိုးရသစ်လက်ထက်တွင်ငြိမ်းချမ်း
ရေးကိုဦးစားပေးအဖြစ်ပြုလုပ်ဆောင်မည်ဖြစ်ကြောင်းကတိပေးခဲ့ပြီးပြည်သူများနှင့်တိုင်းရင်းသားများမှသူမတို့အားလုပ်ပိုင်ခွင့်ပေးခဲ့ခြင်းပင်​
ဖြစ်ကြောင်းပြောကြားခဲ့သည်။

စနေနေ့၌အစည်းအဝေးပြီးသည့်နောက် AFPသို့ပြောကြားရာတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့်ချင်းအမျိုးသားတပ်ဦးမှကိုယ်
စားလှယ်တစ်ဦးဖြစ်သူဆလိုင်းလျှန်မုန်အာခေါင်က NLD အနေနှင့်ကျွန်တော်တို့ပြည်သူလူထုလိုချင်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိချင်တဲ့ဆန္ဒ
ကိုနာလည်ဖို့သူမှမျှော်လင့်ကြောင်းပြောခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊အစိုးရနှင့်တပ်မတော်စသည်တို့မှကိုယ်စားလှယ်များသည်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုနောက်ထပ်(၅)
နှစ်အတွင်းအပြီးသတ်နိုင်ရန်သဘောတူညီခဲ့ကြသည်ဟုအစည်းအဝေးဖြစ်မြောက်အောင်​ဆောင်ရွက်ပေးသည့်အစိုးရရုံးမှဝန်ကြီးဦးအောင်
မင်းကပြောခဲ့ကြားခဲ့သည်။