မွန်ပြည်နယ်တွင်သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး(CCGT)ဓာတ်အားပေးစက်ရုံတည်ဆောက်မည်

...

မွန်ပြည်နယ်တွင်သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး(CCGT)ဓာတ်အားပေးစက်ရုံတည်ဆောက်မည်

Mon News Agency, 01 Feb 2016

URL: http://monnews.org/2016/01/31/new-ccgt-power-plant-to-be-installed-in-mon-state/
မွန်ပြည်နယ်၊သထုံမြို့တွင်သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံစီမံကိန်းတစ်ခုကိုဆောက်လုပ်ရန်အတွက်
နေပြည်တော်၌ဇန်နဝါရီလ(၂၆)ရက်နေ့တွင်မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန(MEPE)နှင့်တရုတ်နိုင်ငံChina Engineering
Energy Group (CEEC)တို့အတွင်းစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားပြုလုပ်ကာအပြီးသတ်လက်မှတ်ရေးထိုးခဲ့သည်။

လျှပ်စစ်စွမ်းအင်(၁၁၉)မီဂါဝပ်ထုတ်လုပ်မည့်သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံသည်ပြည်နယ်နှင့်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဓာတ်အားလိုအပ်ချက်ကိုဖြည့်စည်းပေးနိုင်မည်ဟုပြည်ထောင်စုလျှပ်စစ်စွမ်းအားဝန်ကြီးဦးခင်မောင်
စိုးကပြောကြားခဲ့ကြောင်းအခမ်းအနားတက်ရောက်သူများ၏အဆိုအရသိရှိရသည်။

“ဒီစီမံကိန်းကိုပြည်ထောင်စုအစိုးရကနေတိုက်ရိုက်ကိုင်တွယ်ထားတယ်ဆိုတော့အသေးစိတ်ကိုကျွန်တော်မသိပါဘူး၊ကျွန်တော်
သိရသလောက်ကတော့ဓာတ်အားပေးစက်ရုံကထုတ်လုပ်တဲ့လျှပ်စစ်ဓာတ်အားကိုမွန်ပြည်နယ်မှာအဓိကထားပေးဝေသွားမှာပါ
ဟု”မွန်ပြည်နယ်လျှပ်စစ်ဝန်ကြီးနိုင်လဝီအောင်ကမွန်သတင်းအေဂျင်စီနှင့်အင်တာဗျူးတွင်ပြောကြားခဲ့သည်။

စီမံကိန်းငွေကြေးထောက်ပံ့မှုရရှိရန်အတွက်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည်ကမ္ဘာ့ဘဏ်၏နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး(IDA)
ချေးငွေကိုလက်ခံရရှိမည်ဖြစ်သည်။