မြန်မာနိုင်ငံ၏သမ္မတရွေးချယ်မှုအပေါ်စိတ်ရှည်မှုရှိကြရန်ဒေါ်အောင်ဆန်းစုကြည်မှတိုက်တွန်း

...

မြန်မာနိုင်ငံ၏သမ္မတရွေးချယ်မှုအပေါ်စိတ်ရှည်မှုရှိကြရန်ဒေါ်အောင်ဆန်းစုကြည်မှတိုက်တွန်း

Mizzima, 04 Feb 2016

URL: http://mizzima.com/latest-news-news-domestic/suu-kyi-urges-patience-over-myanmar-presidency-decision#sthash.sQ4I6Z5J.dpuf
ဆယ်စုနှစ်များစွာစစ်တပ်အုပ်ချုပ်မှုအောက်တွင်ကျရောက်နေခဲ့ပြီးနောက်နိုဝင်ဘာလရွေးကောက်ပွဲတွင်အောင်မြင်မှုအများအပြားရရှိ
ခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ရာပေါင်းများစွာသောဥပဒေပြုအမတ်များသည်တနင်္လာ
နေ့တွင်လွှတ်တော်၌နေရာရရှိလာခဲ့ခြင်းနှင့်အတူနိုင်ငံသားများသည်ပြန်လည်ပြုပြင်ရန်အတွက်မျှော်လင့်ချက်များထားရှိလာကြသည်။

သို့သော်လည်းယခင်စစ်အစိုးရရေးဆွဲထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင်သူမအားသမ္မတဖြစ်ရန်တားဆီးခြင်းခံထားရသည့်
ဒီမိုကရေစီချန်ပီယံမှအစိုးရဖွဲ့ရန်အတွက်အချိန်မကျသေးပါဘူးဟုပြောကြားခဲ့သည်။လွှတ်တော်သစ်စတင်သည့်နောက်သူမ၏ပထမဆုံး
အကြိမ်ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

"စိတ်မလှုပ်ရှားကြပါနဲ့။အချိန်တန်ရင်သိရမှာပါ"ဟုဒေါ်အောင်ဆန်းစုကြည်ကသတင်းထောက်များကိုပြောကြားခဲ့သည်၊ပါတီအနေနဲ့သ
မ္မတလောင်းရွေးချယ်တာ၊အကြံပြုတာတွေနဲ့ပတ်သတ်ပြီးဂရုတစိုက်စဉ်းစားလုပ်ဆောင်ရမှာဖြစ်ပြီးနောက်လထိတိုင်အောင်ဆုံးဖြတ်ချက်
ချမည်ဟုတ်သေးကြောင်းထပ်ပေါင်းပြောကြားခဲ့သည်။

လွှတ်တော်နှစ်ရပ်စလုံးနှင့်စစ်တပ်မှရွေးချယ်ထားသည့်အဖွဲ့ဝင်များကိုမတ်လထိသမ္မတသက်တမ်းကျန်ရှိနေသေးသည့်သမ္မတဦးသိန်း
စိန်နေရာတွင်အစားထိုးရန်အတွက်သင့်တော်သူကိုယ်စားလှယ်လောင်း(၃)ဦးကိုအဆိုပြုရမည်ဖြစ်သည်။