မွန်ပြည်နယ်၏ရွေးကောက်ခံပထမဦးဆုံးအမျိုးသမီးမွန်ပြည်နယ်လွှတ်တော်ဥက္ကဌ

...

မွန်ပြည်နယ်၏ရွေးကောက်ခံပထမဦးဆုံးအမျိုးသမီးမွန်ပြည်နယ်လွှတ်တော်ဥက္ကဌ

The Irrawaddy, 10 Feb 2016

URL: http://www.irrawaddy.com/burma/mon-state-elects-parliaments-first-female-speaker.html
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့မဲဆန္ဒနယ်မြေမှလွှတ်တော်အမတ်တစ်ဦးဖြစ်သူဒေါ်တင်အိသည်မြန်မာနိုင်ငံ၏မွန်ပြည်နယ်လွှတ်တော်တွင်ပထ
မဦးဆုံးအမျိုးသမီးဥက္ကဌတစ်ဦးဖြစ်လာသည်။

မြန်မာနိုင်ငံ၏ပြည်နယ်နှင့်တိုင်း(၁၄)ခုဥပဒေပြုလွှတ်တော်တွင်ပြောရေးဆိုခွင့်ရှိသူဥက္ကဌနှင့်နှင့်ဒု-ဥက္ကဌနေရာများကိုတနင်္လာနေ့တွင်ရွေး
ကောက်တင်မြှောက်ခဲ့ရာရခိုင်နှင့်ရှမ်းပြည်နယ်များမှလွဲ၍ပြည်နယ်အဆင့်လွှတ်တော်နေရာများအားလုံးတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD)မှနေရာရရှိခဲ့သည်။

သူမအားမွန်ပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ်ခန့်ထားမည်ဖြစ်ကြောင်းကိုတနင်္ဂနွေနေ့ကမှသူမသိခဲ့ရကြောင်းအသက်(၇၀)အရွယ်ရှိဒေါ်တင်
အိကပြောပြခဲ့သည်။ပြည်နယ်နှင့်တိုင်းလွှတ်တော်များအတွက်ကျင်းပသည့်အစည်းအဝေးပထမဆုံးနေ့ဖြစ်သောဖေဖော်ဝါရီလ(၈)ရက်နေ့
တွင်နေရာများရွေးချယ်ခြင်းကိုအပြီးသတ်ရွေးချယ်ခဲ့သည်။

၁၉၈၈ခုနှစ်ကတည်းကပင်NLDဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်သည့်ဒေါ်တင်အိသည်၁၉၉၀ခုနှစ်ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း
မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦးမှကိုယ်စားလှယ်လောင်းတစ်ဦးကိုရှုံးနိမ့်ခဲ့သည်။

မွန်ပြည်နယ်၌ဥပဒေရေးရာတွင်အတွေ့အကြုံ(၃၅)နှစ်ရှိသည့်လက်ရှိတွင်လည်းရှေ့နေတစ်ဦးဖြစ်သူဒေါ်တင်အိသည်ဒေသကြီးလွှတ်တော်
မှတဆင့်ဥပဒေကဏ္ဍကိုပြန်လည်ပြင်ဆင်ရန်နိုင်ရန်မျှော်မှန်းထားသည်။ယခုလက်ရှိတွင်ဒေါ်တင်အိသည်ပြီးခဲ့သည့်ပြည်နယ်အဆင့်တရား
ရေးရာများမှအတည်ပြုပြဌာန်း​ခဲ့သည့်ဥပဒေများကိုပြန်လည်သုံးသပ်နေပြီးအခြားအတည်မပြုခဲ့သည့်ဥပဒေများကိုမည်သို့ကြောင့်​အတည်
မပြုဖြစ်သည်ဆိုသည်ကို​ချင့်ချိန်အကဲဖြတ်နေသည်။