NCA လက်မှတ်ရေးထိုးသည့်အဖွဲ့များထိပ်သီးညီလာခံကျင်းပမည်

...

NCA လက်မှတ်ရေးထိုးသည့်အဖွဲ့များထိပ်သီးညီလာခံကျင်းပမည်

Mon News Agency, 16 Mar 2016

URL: http://monnews.org/2016/03/16/nca-signatories-hold-summit/
ယမန်နှစ်၊အောက်တိုဘာလ၌ဦးသိန်းစိန်အစိုးရနှင့်အတူတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကိုလက်မှတ်ရေးထိုးခဲ့
သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သည်အစိုးရသစ်နှင့်အတူငြိမ်းချမ်းရေးကိစ္စများဆွေးနွေးနိုင်ရေးအတွက်ယခုလကုန်ပိုင်းတွင်
ညီလာခံတစ်ရပ်ကျင်းပပြုလုပ်မည်ဖြစ်သည်။

“သူတို့နောက်တက်လာမယ့်အစိုးရနဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက်အရင်ဆုံးလက်မှတ်ထိုးထားတဲ့အဖွဲ့(၈)ဖွဲ့ကခေါင်းဆောင်တွေက
ထိပ်သီးအစည်းအဝေးတစ်ခုလုပ်ဖို့စီစဉ်နေကြတာပါ။ အသေချာတော့မသိရသေးဘူး။ လော လောဆယ်တော့ညှိနှိုင်းနေဆဲပဲလို့သိရတယ်” ဟုမြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)ကဦးညိုအုန်းမြင့်ကပြောခဲ့သည်။

အဆိုပါအဖွဲ့(၈)ဖွဲ့၏ထိပ်သီးအစည်းအဝေးကိုရန်ကုန်မြို့ရှိမြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)၌မတ်လ(၂၅)ရက်နေ့(သို့မဟုတ်(၂၆)ရက်
နေ့
တွင်ပြုလုပ်သွားရန်အကြမ်းဖျင်းရက်သတ်မှတ်ထားကြောင်း၎င်းကဆိုသည်။

အဆိုပါအဖွဲ့(၈)ဖွဲ့၏ထိပ်သီးအစည်းအဝေးကိုရန်ကုန်မြို့ရှိမြန်မာ့ငြိမ်းချမ်းရေးစင်တာ၌မတ်လနေ့တွင်ပြုလုပ်သွားရန်အကြမ်းဖျင်းရက်
သတ်မှတ်ထားကြောင်း၎င်းကဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရသည်၂၀၁၆ ခုနှစ်၊ မတ်လ(၃၀)ရက်နေ့တွင်အစိုးရသက်တမ်းကုန်ဆုံးမည်ဖြစ်ပြီအစိုးရသစ်ကိုယမန်နှစ်ကအ
ထွေထွေရွေးကောက်ပွဲတွင်အနိုင်ရသည့်အမျိုးသားဒီမိုကရေစီအဖွဲ့မှဦးဆောင်မည်ဖြစ်သည်။ NCAလက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့်NLDအစိုးရသစ်တရားဝင်မတွေ့ဆုံမီထိပ်သီးအစည်းအဝေးညီလာခံတစ်ရပ်ကျင်းပရန်စီ
စဉ်နေခြင်းဖြစ်သည်။