အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလမ်းညွှန်မှုပြုနိုင်ရန်အတွက် NCAအဖွဲ့များမှအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း

...

အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလမ်းညွှန်မှုပြုနိုင်ရန်အတွက် NCAအဖွဲ့များမှအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း

The Irrawaddy, 28 Mar 2016

URL: http://www.irrawaddy.com/burma/nca-signatories-form-team-to-steer-future-peace-process.html
မြန်မာတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကိုလက်မှတ်ရေးထိုးထားသည့်အဖွဲ့များသည်လာမည့်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်(NLD)အစိုးရနှင့်အတူငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ညှိနှိုင်းပြောဆိုရန်အတွက်အဖွဲ့သစ်တစ်ဖွဲ့ကိုဖွဲ့စည်းလိုက်သည်။

ယခင်ဦးသိန်းစိန်အစိုးရနှင့်အတူNCAကိုလက်မှတ်ရေးထိုးခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သည်ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၌ညီလာ
ခံတစ်ရပ်ကျင်းပပြုလုပ်ကာဆုံဆွေးနွေးခဲ့ပြီး“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများငြိမ်းချမ်းရေးဦးဆောင်အဖွဲ့(EAO
PPST)”ကိုစနေနေ့တွင်ဖွဲ့စည်းလိုက်သည်။အဖွဲ့အစည်း၏ရည်ရွယ်ချက်မှာအနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ချိန်အတွင်းအပစ်
ရပ်(၈)ဖွဲ့အတွက်နိုင်ငံရေးအရဦးဆောင်ပေးနိုင်ရန်ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်အဖြစ်ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဌဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးကဆောင်ရွက်မည်ဖြစ်ပြီးအဖွဲ့ခေါင်းဆောင်
(၂)အဖြစ်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှဒုဗိုလ်ချုပ်ကြီးရွက်ဆစ်ကဆောင်ရွက်မည်ဖြစ်ကာကျန်အဖွဲ့ဝင်များမှအသင်း
ဝင်များအဖြစ်ပါဝင်ကြမည်ဖြစ်သည်။