အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်စစ်ဆေးရေးကော်မတီမှလုပ်ပိုင်ခွင့်ထပ်တိုး

...

အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်စစ်ဆေးရေးကော်မတီမှလုပ်ပိုင်ခွင့်ထပ်တိုး

The Irrawaddy, 01 Apr 2016

URL: http://www.irrawaddy.com/burma/joint-ceasefire-monitoring-committee-to-extend-mandate.html
မြန်မာတပ်မတော်နှင့်NCA လက်မှတ်ရေးထိုးခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်များသည်၂၀၁၅ခုနှစ်၊နိုဝင်ဘာလတွင်JMC စတင်တည်
ထောင်ခဲ့သည်အချိန်မှစ၍စာချုပ်တွင်ပါရှိသည့်အပစ်ရပ်နေရာများအားအနီးကပ်စောင့်ကြည့်စစ်ဆေးခဲ့သည်၊အပစ်ရပ်စာချုပ်ကိုအောက်
တိုဘာလ၌အစိုးရနှင့်အစိုးရမဟုတ်သည့်တိုင်းပြည်၌ရှိသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဆယ်ကျော်ထဲမှအဖွဲ့(၈)ဖွဲ့ကလက်မှတ်
ရေးထိုးခဲ့သည်။

JMCသို့တိုင်ကြားမှုများတွင်လုယက်မှုအများအပြားနှင့်ပစ်ခတ်မှုအချို့ပါဝင်ပြီးအများစုမှာမြန်မာစစ်တပ်မှတိုင်းရင်းသာလက်နက်ကိုင်များ
နှင့်ပတ်သတ်၍တိုင်ကြားခြင်းဖြစ်ပြီးနှစ်ဖက်အပြန်အလှန်တိုင်ကြားခြင်းဖြစ်သည်ဟုယခင်အစိုးရကျောထောက်နောက်ခံပြုထားသည့်မြန်
မာ့ငြိမ်းချမ်းရေးစင်တာ(MPC)မှဝန်ထမ်းများ၏ပြောကြားချက်အရသိရှိရသည်။ဒေသခံများမှလည်းနှစ်ဖက်စလုံးအားတိုင်ကြားမှုအချို့ရှိခဲ့
သည်။

MPC ပံ့ပိုးပေးမှုများရရှိသည့်ဌာနတစ်ခုဖြစ်သောအပစ်အခတ်ရပ်စဲရေးစေ့စပ်ညှိနှိုင်းရေးနှင့်အကောင်အထည်ဖော်ရေးမှညွှန်ကြားရေးမှူး
ဖြစ်သည့် JMC ပြည်ထောင်စုအဆင့်အဖွဲ့ဝင်(၂၆)ဦးတွင်လည်းတစ်ဦးအပါအဝင်ဖြစ်သူဒေါက်တာမင်းဇော်ဦးမှ JMC သည်တိုင်ကြားမှုပေါင်း
များစွာကိုဖြေရှင်းနိုင်ခဲ့သော်လည်းပြဿနာများကိုရှေ့လျှောက်ဖြေရှင်းရာတွင်ဘက်မလိုက်သောနည်းလမ်းများဖြင့်ပံ့ပိုးကူညီဖြေရှင်းရန်အ
တွက်တာဝန်နှင့်လုပ်ပိုင်ခွင့်များ (ToRs) ရေးဆွဲရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

ယခင်ဦးသိန်းစိန်အစိုးရတည်ထောင်ခဲ့သော MPC အားမကြာမီပိတ်သိမ်းရတော့မည်ဖြစ်သည့်အားလျှော်စွာJMC ဝန်ထမ်းများသည်၎င်းတို့
၏လုပ်ငန်းဆောင်တာများကိုနောက်သုံးလဆက်လက်လုပ်ကိုင်မည်ဖြစ်ပြီးမြန်မာနိုင်ငံသည်အမျိုးသားခေါင်းဆောင်သစ်တင်သောကြောင့်
ထိုကြားဖြတ်ကာလတွင်၎င်းတို့၏လုပ်ပိုင်ခွင့်ကိုတိုးသွားမည်ဖြစ်သည်။

နောက်ထပ်နှစ်နေရာဖြစ်သည့်မွန်ပြည်နှင့်ကရင်ပြည်နယ်တို့တွင် JMCs အားဖွဲ့စည်းမည်ဖြစ်ပြီးထိုနေရာများသည် KNU လှုပ်ရှားသွားလာ
သည့်နေရာများလည်းဖြစ်သည်။