မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက်အိတ်ဖွင့်တင်ဒါခေါ်ယူ

...

မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက်အိတ်ဖွင့်တင်ဒါခေါ်ယူ

Mon News Agency, 01 May 2016

URL: http://monnews.org/2016/05/01/mon-states-rural-development-projects-open-tender/
ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဧပြီလ(၂၆)ရက်နေ့တွင်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
သုံးခုစီမံကိန်းအတွက်တင်ဒါများခေါ်ယူနေပြီဖြစ်သည်။ စီမံကိန်းများကိုလမ်း၊ တံ တား နှင့် ရေပေးဝေရေးလုပ်ငန်းများ
အကောင်အထည်ဖော်ဆောင် ရွက်သွားရန်ဦးတည်ထားသည်။

လမ်းစီမံကိန်းတွင်ကွန်ကရစ်လမ်း(၁၈/၄.၇၈)မိုင်၊ ကတ္တရာ လမ်း (၁၃/ ၁.၄) မိုင်၊ ကျောက်ခင်းလမ်း(၄/၄) မိုင်၊ မြေသား
လမ်း(၂/ ဝ.၂၈) မိုင်ပါဝင်သည်။ တံတားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင်ကွန် ကရစ်တံတား ၁၁ စင်း(၄၃၉ပေ) နှင့် သစ်
သားတံတား ၁ စင်း(၄၀) ပေပါဝင်သည်။ထို့ပြင်ရေပေးဝေရေးစီမံကိန်းတွင် တွင်းတိမ်(၁၂) တွင်း၊ တွင်းနက်(၂၀)တွင်း၊
လက်တူးတွင်း(၁၇) တွင်း၊ မြေသားရေကန်(၈)ကန်စသည်တို့ပါဝင်သည်ဟုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ကတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်မွန်ပြည်နယ်အခြေစိုက်ကုမ္ပဏီများထံအိတ်ဖွင့်တင်ဒါသွင်းရန်
ဖိတ်ခေါ်သည့်ကြေငြာချက်တွင်ဖော်ပြထားသည်။

“ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးမျိုးကြည်က ဒီ ၂၀၀၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာကျေး
လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ရန်ပုံငွေနဲ့ဆောင်ရွက်မယ့်လုပ်ငန်းတွေမှာလမ်း၊တံတား၊ရေပေးဝေရေးလုပ်ငန်း
ရယ်ဆိုပြီးတော့အဲ့ဒီ့လုပ်ငန်းတွေကိုတင်ဒါခေါ်ယူဖို့ဆောင်ရွက်နေပါတယ်၊တင်ဒါခေါ်ယူတဲ့နေရာမှာအားလုံးသိရှိအောင်ပွင့်
လင်းမြင်သာစွာနဲ့သတင်းစာထဲမှာထည့်သွင်းကြေငြာခဲ့ပါတယ်” ဟုပြောခဲ့သည်။

တင်ဒါအောင်မြင်သည့်လျှောက်လွှာရှင်များကိုသက်ဆိုင်ရာပြည်နယ်အစိုးရဌာနနှင့်ရုံးချုပ်များဆီသို့တင်ဒါကော်မတီမှအ
ကြောင်းကြားမည်ဟုဦးမျိုးကြည်ကဆက်လက်ပြောကြားခဲ့သည်။

တင်ဒါလျှောက်လွှာကိုဧပြီလ(၂၆)ရက်နေ့မှမေလ(၂၆)ရက်နေ့အထိကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင်ရရှိ
နိုင်သည်ဟုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာန၏အဆိုအရသိရှိရသည်။