မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းများအတွက် ကော်မတီအသစ်တစ်ရပ် ဖွဲ့စည်း

...

မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းများအတွက် ကော်မတီအသစ်တစ်ရပ် ဖွဲ့စည်း

The Irrawaddy, 09 May 2016

URL: http://www.irrawaddy.com/burma/new-bodies-formed-on-land-disputes-other-pressing-matters.html
မြန်မာသမ္မတဦးထင်ကျော်သည် အမျိုးသားစီမံကိန်းကော်မရှင်အပါအဝင် ကော်မတီနှင့် ကော်မရှင်သစ်(၈)ဖွဲ့ကို ဖွဲ့စည်းလိုက်
သည်၊သမ္မတမှ ဦးဆောင်သူအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတွင်ကြာရှည်အငြင်းပွားမှုများ ဖြစ်ပွားနေသည့် မြေယာပိုင်ဆိုင်
မှုအငြင်းပွားမှုများကို ကော်မတီက ကြီးကြပ်မည်ဖြစ်သည်၊ ကော်မတီအား ချင်းတိုင်းရင်းသား ဒုတိယသမ္မတဟင်နရီဗန်ထီးသို
ကဥက္ကဌအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။

သမ္မတရုံး၏ အစီရင်ခံစာအရ ပြည်နယ်အဆင့် စီမံကိန်းများနှင့် စပ်တူစီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍများ၊စီမံကိန်းလက်
ခံခြင်းများ၊ ဘတ်ဂျတ် အလေအလွင့်မစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ကာကွယ်ခြင်း စသည်တို့ကို ကြည့်ရှူ့
စစ်ဆေးရန်အတွက်ကြာသာပတေးနေ့တွင်အမျိုးသားစီမံကိန်းကော်မရှင်ကိုဖွဲ့စည်းလိုက်သည်။ ယင်းကော်မတီသည်ဝန်ကြီးဌာ
နများနှင့်ပြည်တွင်းအစိုးရမှ အဆိုပြုထားသည့် စီမံကိန်းများအပေါ်အကြံပြုခြင်းနှင့် အကြောင်းကိစ္စရပ်များအပေါ် ခွင့်ပြုအတည်
ပြုခြင်းကိုလည်းပြုလုပ်နိုင်သည်။

သမ္မတဦးဆောင်သည့် ကော်မရှင်တွင် မြန်မာဒုသမ္မတ(၂)ဦး အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးအားလုံး(၂၀)ဦး ၊ ရှေ့နေ
ချုပ်၊စာရင်းကိုင်ချုပ် နှင့် ပြည်နယ်နှင့် တိုင်း(၁၄)ခုမှ ဝန်ကြီးများ စသည်တို့ပါဝင်သည်။

ထိုကော်မတီသစ်များအကြားတွင် အမျိုးသားဒီမိုကရေစီ(NLD) အစိုးရအဖွဲ့သစ်မှလည်း လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်း
မှုများနှင့်ပတ်သတ်၍ မြန်မာနိုင်ငံ၏ ရှုပ်ထွေးမှုရှိသောလယ်ယာမြေသိမ်းယူခြင်းနှင့်လယ်သိမ်းမှုဥပဒေများကြောင့်လယ်သမားများ
ချွတ်ခြုံကျ ဆင်းရဲနေခြင်းများကို ဖြေရှင်းရန်အတွက်ပြန်လည်သုံးသပ်ခြင်းဗဟိုကော်မတီကိုကြာသာပတေးနေ့တွင်ဖွဲ့စည်းလိုက်
သည်။

ကော်မတီ၏ တာဝန်မှာ တိုင်းနှင့်ပြည်နယ်အစိုးရ၏ မြေပိုင်ဆိုင်မှု အငြင်းပွားခြင်း ဖြေရှင်းမှုများနှင့် အစိုးရဝန်ကြီးဌာနများ ၊ နိုင်
ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများက လယ်သမားများထံမှ သိမ်းယူထားသည့် မြေများပြန်လည် ပေးအပ်ခြင်းရှိမရှိ စသည့်
တို့ကို လှည့်လည်ကြည့်ရှူ့စစ်ဆေးရန် ဖြစ်သည်။ အငြင်းပွားမှုများကိုတရားဥပဒေနှင့်အညီ ဖြေရှင်းပြီးခြင်း မတိုင်မီနောက်ထပ်မြေ
သိမ်းမှုများ မပြုလုပ်ကြရန်သမ္မတရုံး၏ ကြေငြာချက်ထဲတွင်တိုက်တွန်းထားသည်၊ မြေယာပိုင်ဆိုင်မှု အခွင့်အရေး အကြောင်းကိစ္စ
များသည်လက်ရှိအစိုးရသစ်အတွက်ဦးစားပေးဆောင်ရွက်မှုတစ်ခု ဖြစ်သည်။