ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဇုန်သစ် ပြီးစီးလုနီးပါးဖြစ်

...

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဇုန်သစ် ပြီးစီးလုနီးပါးဖြစ်

FRONTIER MYANMAR, 06 May 2016

URL: http://frontiermyanmar.net/en/business/new-thai-myanmar-border-trade-zone-nears-completion
ထိုင်း-မြန်မာ နယ်စပ်ရှိ (၅) ခုမြောက် ကုန်သွယ်ရေးဇုန်သည် ယခုနှစ်နောက်အကျဆုံးထားကဖွင့်လှစ်မည်ဖြစ်သည်ဟုပြည်တွင်းသတင်းစာ၏
ဖော်ပြချက်အရ ဖြစ်သည်။ ကယားပြည်နယ် ၊ မယ်စဲ့ရှိ ဇုန်သည်ဆောက်လုပ်နေသော်လည်း ပြီးစီးလုနီးပါး ဖြစ်နေပြီဟု စီမံကိန်းမန်နေဂျာက
မြန်မာ့အလင်းသတင်းစာသို့ ပြောပြခဲ့သည်။

မြန်မာတိုင်းမ်သတင်းစာက မဲ့စဲ့နှင့် ထိုင်းနိုင်ငံ ၊ မဲ့ဟောင်ဆောင်အတွင်း နယ်စပ်ဖြတ်သန်းဂိတ်အား နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း
၂၀၁၅ခုနှစ် ၊ ဇွန်လတွင်အစီရင်ခံ ဖော်ပြခဲ့သည်။

တချိန်ထဲမှာပင် ထိုင်းအရာရှိများက နယ်စပ်ဖြတ်သန်းဂိတ်သည် ကမ္ဘာလှည့်ခရီးသွားလာရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်
ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နယ်စပ်ဂိတ်ဖွင့်သောအခါ လူဝင်မှုကြီးကြပ်ရေးဌာနမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်မည့်သူများ
အား (၇)ရက် ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်ဟု အစီရင်ခံ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့်အတူ နယ်စပ်ဖြတ်သန်းဂိတ် (၄) ဂိတ် ရှိသည် ၊ မြဝတီ-မဲဆောက် ၊ တာချီလိတ် - မယ်ဆိုင် ၊ ကော့သောင်း -
ရနောင်း နှင့် ထီးခီး - ဖုနန်းရွန် တို့ဖြစ်သည်။