ရက် ၁၀၀စီမံချက်ဖြင့် ပြည်နယ်အစိုးရက နိုင်သားကဒ်နှင့် သန်းခေါင်စာရင်း နေ့ချင်းပြီး ပြုလုပ်ပေးနေ

...

ရက် ၁၀၀စီမံချက်ဖြင့် ပြည်နယ်အစိုးရက နိုင်သားကဒ်နှင့် သန်းခေါင်စာရင်း နေ့ချင်းပြီး ပြုလုပ်ပေးနေ

KIC, 26 May 2016

URL: http://kicnews.org/2016/05/%E1%80%9B%E1%80%80%E1%80%B9-%E1%81%81%E1%81%80%E1%81%80%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%81%E1%80%BA%E1%80%80%E1%8
လူထုအကျိုးပြု ရက်၁၀၀စီမံချက်အရ ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်စလုံးတွင် ပြည်နယ်အစိုးရကနိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်)နှင့်
သန်းခေါင်စာရင်းများကို ကျေးရွာများသို့ နေ့ချင်းပြီး ကွင်းဆင်း လုပ်ကိုင်ပေးနေကြောင်း ပြည်နယ်လူထုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦး
စီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းရွှေက ကေအိုင်စီသို့ မေလ(၂၅)ရက်နေ့ကပြောသည်။

"အစိုးရရဲ့ ရက်၁၀၀စီမံချက်အနေနဲ့ပေါ့။ ကျွန်တော်တို့ဌာနက အခု မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း/ယာယီ သန်းခေါင်စာရင်းတွေကိုကျေးနယ်တွေက
ရပ်ရွာအုပ်ချူပ်ရေးမှူးတွေတင်ပြလာတဲ့ လူဦးရေ ၊အိမ်ထောင်စု အချက်အလက်တွေအပေါ်မှာ အခြေခံပြီး NCR အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်တာပါ။တခါ
တည်းသွေးစစ်၊ တစ်ခါတည်း အချက်အလက်တွေ ရေးသွင်းဖြည့်စွက်ပြီး နေ့ချင်းပြီး လိုက်လံဆောင်ရွက်ပေးနေပါတယ် " ဟု ဦးစန်းရွှေက ပြောသည်။

ထိုသို့နေ့ချင်းပြီး ဆောင်ရွက်ရာတွင် (၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကဒ်ထုတ်ပေးခြင်း ၊ သန်းခေါင်စာရင်း ထုတ်ပေးခြင်းနှင့်မိသားစု
ဝင်အတိုးအလျှော့ ပြုလုပ်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် ယာယီသန်းခေါင်စာရင်းထုတ်ပေးခြင်းများ ပါဝင်သည်ဟု ပြည်နယ်လဝကထံမှသိ
ရသည်။

ဘားအံမြို့နယ်၊ ကော့လမုကျေးရွာသား ကိုနိုင်ထွန်းက "မှတ်ပုံတင်လာလုပ်တာပါ ။ လိုအပ်တဲ့ပုံစံတွေဖြည့်ပြီး တင်ထားတယ်။ ဇယားတွေ ဖောင်ပုံစံတွေ
ဖြည့်ရတယ်။ နေ့ချင်းပြီး လုပ်ပေးနေတယ်ကြားလို့ လာလုပ်တာ အဆင်ပြေပါတယ်။ အရင်တုန်းက မှတ်ပုံတင်လုပ်ရတာ မလွယ်ဘူးလေ။အခုတော့ရွာ
တွေဘက်လည်း နေ့ချင်းပြီး ဆင်းလုပ်ပေးနေတယ် " ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါလုပ်ငန်းစဉ်ကို ရက် ၁၀၀စီမံချက်ဖြင့် ပြုလုပ်ပေးနေသည့်အတွက် ဒေသအလိုက်၊ ကျေးရွာအလိုက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဆက်သွယ်ကာ
လာရောက်လုပ်ကိုင်ကြရန်နှင့်မှတ်ပုံတင်၊ သန်းခေါင်စာရင်းများရှိသည့်ဒေသခံများအတွက်အရောင်းအဝယ်ပြုလုပ်ခြင်း၊ခရီးသွားလာရေးတို့တွင်ပိုမိုအ
ဆင်ပြေသွားမည်ဖြစ်သည်ဟုဒု-လဝကမှူးဒေါ်ခင်ညိုညိုထွန်းကလည်းပြောသည်။

လက်ရှိ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာနှင်သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများ၊ ကော့ကရိတ်မြို့နယ်၊
သံတောင်ကြီးမြို့နယ်ရှိကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ တင်ပြလာသည့် စာရင်းများအပေါ် အခြေခံကာ ပြည်နယ်လဝကမှ ယင်းလုပ်ငန်းများ
ကိုကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိပြီး ငွေကြေးတစုံတရာကောက်ခံခြင်းမရှိကြောင်းသိရသည်။

နိုင်ငံသားစိစစ်ရေးကဒ်(မှတ်ပုံတင်)နှင့် သန်းခေါင်စာရင်းများအခမဲ့ပြုလုပ်ပေးခြင်းကို မေလ(၁)ရက်နေ့မှဇူလိုင်လ(၃၁)ရက်နေ့အထိဆောင်ရွက်ပေး
သွားမည်ဖြစ်သည်ဟုပြည်နယ်လဝကမှူးကပြောဆိုလိုက်သည်။