ယခင်စစ်မြေပြင်အား ငြိမ်းချမ်းရေးဥယျာဉ် အဖြစ် ပြောင်းလဲရန် ဆွေးနွေး

...

ယခင်စစ်မြေပြင်အား ငြိမ်းချမ်းရေးဥယျာဉ် အဖြစ် ပြောင်းလဲရန် ဆွေးနွေး

Mizzima, 28 May 2016

URL: http://www.mizzima.com/news-domestic/%E2%80%98peace-park%E2%80%99-intends-turn-battlefield-refuge
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိယခင်စစ်မြေပြင်အား သံလွင်ငြိမ်းချမ်းရေးယျာဉ် အဖြစ်ပြုလုပ်ရန်ရည်ရွယ်ပြီးတောရိုင်းတိရိစ္ဆာန်များ
ကိုကာကွယ်မည့်အမျိုးသားယျာဉ်အမျိုးအစားထဲတွင်ထည့်သွင်းရန်ရည်ရွယ်သည်။

ကရင်ပြည်နယ်ရှိ မုသရော်ခရိုင်၏ဝေးလံခေါင်ဖျားသော နေရာတွင်ရှိသည့်ချောင်ကျသော တောင်ထူထပ်သည့်နေရာများအတွက်
ဒေသတွင်းခေါင်းဆောင်များ၊ တိုင်းရင်းသားစစ်သားများနှင့် တက်ကြွလှုပ်ရှားသူများသည် မေလ(၂၂)မှ(၂၆)ရက်နေ့အထိတိုင်ပင်
ဆွေးနွေးခဲ့ကြပြီးနောက်ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖာပွန်ဟုလည်းခေါ်တွင်သည့် မုသရော်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်း နယ်စပ်တလျှောက်တွင်သစ်တောဧရိယာထူထပ်
စွာရှိသည့်ဒေသဖြစ်သည်။ အရှေ့အာရှတွင် ရေကာတာ မလုပ်သည့်အရှည်ဆုံးမြစ် ဖြစ်သည့် သံလွင်မြစ်သည် ထိုနယ်မြေကိုဖြတ်
သန်းစီးဆင်းနေပြီးအာရှတွင်နောက်ဆုံးကျန်ရှိသည့်တိုင်းရင်းမျိုးနွယ်စုအချို့နှင့်အန္တရယ်ဖြစ်စေသည့် မျိုးစိတ်များခိုလှုံနေသည်။
ကမ္ဘာပေါ်တွင်ပြည်တွင်းစစ်အရှည်ကြာဆုံးဖြစ်ပွားသည့်ဒေသလည်း ဖြစ်သည်၊ ယခုအခါထိရှလွယ်သည့်အပစ်အခတ်ရပ်စဲရေးလုပ်
ထားသည်မှာလေးနှစ်ရှိပြီဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးယျာဉ် (၁၈၀)ကျော် ရှိနေပြီဖြစ်သဖြင့် ငြိမ်းချမ်းရေးယျာဉ် တည်ဆောက်ရန် အကြံဉာဏ်သည်
အသစ်အဆန်းတစ်ခုမဟုတ်တော့ပေ။ ငြိမ်းချမ်းရေးယျာဉ် ဆောက်လုပ်ရန် အကြံဉာဏ်သည် ကမ္ဘာတလွှားက ရည်ရွယ်ချက်များ
ကိုပေါင်းစပ်ထားခြင်းဖြစ်သည်၊၎င်းတို့မှာ-ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်း ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုသံယံဇာ
တများကို ထိန်းသိမ်းခြင်း ၊ နှင့်လူထုအတွင်းပဋိပက္ခ​ခဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်နိုင်ရန်နှင့် ပြန်လည်တည်ဆောက်နိုင်
ရန်စသည်တို့ဖြစ်သည်။ သို့သော်လည်းKSNGမှ ငြိမ်းချမ်းရေးယျာဉ်ကော်မရှင်အားလေ့လာပြီးနောက်သံလွင်ငြိမ်းချမ်းရေးယျာဉ်
သည် ထိုအမျိုးအစားများထဲမှတစ်ခုဖြစ်သည်။ ငြိမ်းချမ်းရေးယျာဉ်အများစုသည်ရည်ရွယ်ချက်လေးခုထဲမှတစ်ခု(သို့မဟုတ်)နှစ်ခု
ပါဝင်ကြသည်။ KESAN အဆိုအရ တမူထူးခြားသော သံလွင်ငြိမ်းချမ်းရေးဥ​ယျာဉ်ကိုပြုလုပ်ခြင်းဖြင့်ယင်းသည်ကမ္ဘာပေါ်တွင်ရည်
ရွယ်ချက်လေးခုစလုံးပါဝင်သည့်ငြိမ်းချမ်းရေးပန်းခြံတစ်ခုဖြစ်လာမည်ဖြစ်သည်။

သံလွင်ငြိမ်းချမ်းရေးဥ​ယျာဉ် အတွက် ဆွေးနွေးတိုင်ပင်ပြီးနောက် သက်ကြီးဝါကြီးကောင်စီ၊ အတွင်းရေးမှူးအဖွဲ့ နှင့်အလုပ်အမှု
ဆောင်ကော်မတီစသည်တို့ကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးဥ​ယျာဉ်အတွက် လုပ်ငန်းဆိုင်ရာမူဘောင်စာကြမ်းကို အတူတကွရေးဆွဲ
မည်ဖြစ်သည်၊ ၂၀၁၆တစ်နှစ်ပတ်လုံးကော်မတီများနှင့်အတူဆက်လက်ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်သည်။ နောက်ထပ်ဆွေးနွေး
မှုကို၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။