မြန်မာ၊ စင်ကာပူ ဗီဇာကင်းလွတ်ခွင့် သဘောတူလက်မှတ်ထိုး

...

မြန်မာ၊ စင်ကာပူ ဗီဇာကင်းလွတ်ခွင့် သဘောတူလက်မှတ်ထိုး

The Nation, 07 Jun 2016

URL: http://www.nationmultimedia.com/breakingnews/Myanmar-Singapore-agree-on-visa-free-travel-30287643.html
ဒီဇင်ဘာလ(၁)ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသားများနှင့် စင်ကာပူနိုင်ငံသားများသည် နှစ်နိုင်ငံတွင်းခရီးသွားလာရာတွင်​ဗီဇာလျှောက်ဖို့မလိုတော့ကြောင်း မြန်မာနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန(MOFA)က ပြောကြားလိုက်သည်။

ကြေငြာချက်ထဲတွင် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ကြောင့် မြန်မာနှင့်စင်ကာပူနိုင်ငံသည် ဗီဇာကင်းလွတ်ခွင့်ရက်(၃၀) ရရှိမည်ဖြစ်သည်။

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့မွန်းလွဲပိုင်း၌ နိုင်ငံတော်သမ္မတအိမ်တော်တွင်တွေ့ဆုံ
ခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ဗီဇာကင်းလွတ်ခွင့်သဘောတူစာချူပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြားသာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများရက်(၃၀)
ဗီဇာကင်းလွတ်ခွင့်ဖြင့် အပြန်အလှန်သွားရောက်နိုင်ရေး သဘောတူညီချက်စာချူပ်ကို ဒုတိယဝန်ကြီးဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံအမတ်
ကြီး မစ္စတာရောဘတ်ချွာတို့က လဲလှယ်ခဲ့ကြသည်။