မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဆွီဒင်က ဒေါ်လာသိန်း(၃၀)ကျော် ထောက်ပံ့

...

မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဆွီဒင်က ဒေါ်လာသိန်း(၃၀)ကျော် ထောက်ပံ့

Mizzima, 18 Jun 2016

URL: http://mizzima.com/development-news/sweden-provides-financial-support-undp%E2%80%99s-work-myanmar
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး အပါအဝင် ဖွံဖြိုး
မှုနယ်ပယ်များအတွက် UNDP ဆောင်ရွက်နေသောလုပ်ငန်းများကို ပံ့ပိုးပေးရန် ဆွီဒင်အစိုးရမှ မြန်မာနိုင်ငံတွင်း လုပ်ဆောင်သည့်ကု
လသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း UNDP လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ(၃၆၀,၀၅၅၂)နှင့် ညီမျှသော ဆွီဒင်ကရိုနာသန်း
၃၀ ကိုထောက်ပံ့ကြောင်း ဇွန်လ(၁၇)ရက်နေ့ အစိုးရသတင်းစာတွင်ဖော်ပြထားသည်။

လူထုခေါင်းဆောင်များနှင့် ဥပဒေပညာရှင်များအတွင်း လူ့အခွင့်အရေးနှင့် တရားစီရင်ရေးများ၌ အသိပညာများတိုးလာစေရန် တရား
ရေးရာများကို လူထုမှပိုမိုနားလည် သဘောပေါက်လာစေရန်အတွက် နိုင်ငံအနှံ့ တရားဥပဒေစင်တာများကို တည်ထောင်ရာ၌ဆွီဒင်၏
ပံ့ပိုးကူညီပေးမှုသည် အရေးပါသည်။

ယခုနှစ်အစောပိုင်းတွင်နိုင်ငံတကာဆွီဒင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(Sida)မှညွှန်ကြားရေးမှူးချူပ်ဖြစ်သူ Ms Charlotte Petri Gornitzka
သည်မြန်မာနိုင်ငံသို့အလည်အပတ်ခရီး လာရောက်စဉ်အတွင်း ဒေသတွင်းအဆင့် အမျိုးသမီးကျေးလက်အုပ်ချုပ်ရေးမှူးများနှင့်မယ်တို့
ကမ္ဘာမြန်မာ့ကျေးလက် အမျိုးသမီးကွန်ရက် စသည်တို့နှင့် တွေ့ဆုံခဲ့သည်။ အမျိုးသမီးခေါင်းဆောင်မှုပိုင်းစွမ်းရည် တိုးမြှင့်ပေးခြင်းနှင့်
အခွင့်အရေးများ တိုးမြှင့်ဆောင်ရွက်ပေးခြင်းသည် UNDP အစီအစဉ်တွင်အဓိကကျသည့်ကဏ္ဍဖြစ်သည်။