DKBA ၉၀၈ တပ်ရင်းမှူးနှင့် အဖွဲ့ဝင် ၂၀ကျော် KNLAနှင့် ပြန်လည်ပေါင်းစည်း

Karen News, 20 Jun 2016
URL: http://karennews.org/2016/06/dkba-soldiers-reunite-with-knla.html/
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)၏ ၉၀၈ တပ်ရင်းမှူးပါဝင်သည့် တပ်ဖွဲ့ဝင်(၂၁)ဦးသည် ကရင်ပြည်နယ်၊
ကော့ကရိတ်မြို့နယ်၊မော်ခီး ကျေးရွာအုပ်စုအခြေစိုက်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၂၀၁ တပ်ရင်းထံ
တွင်ဇွန်လ(၁၇)ရက်နေ့ကပေါင်းစည်းလိုက်သည်။
လယ့်ခေါ်အခြေစိုက်ဒီကေဘီအေ ၉၀၈တပ်ရင်းမှူးဒုဗိုလ်မှူးကြီး စောနော်ခူ့၊ ဒုတပ်ခွဲမှူးဒုဗိုလ်ကြီး စောကူးနူ့ ၊ တပ်စုမှူးဗိုလ်ကြီး
စောမော့ဖလို့၊တပ်စုမှူး ဗိုလ်ကြီးစောလှခိုင်တို့ဦးစီးသည့်တပ်ဖွဲ့ဝင် အင်အား ၂၁ ဦးသည် KNLA ၂၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး
စောဘူးဖောဦးနှင့်ချိတ်ဆက်ကာပေါင်းစည်းလိုက်ခြင်းဖြစ်သည်။
ဒီကေဘီအေ ၉၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောနော်ခူ့ က “ကျွန်တော်တို့တစ်ဘက်နဲ့တစ်ဘက် မုန်းတီးတာလည်းဘာမှမရှိပါ
ဘူး။အချင်းချင်းအကွဲအပြဲဖြစ်လာဖို့ရည်ရွယ်ချက်လည်းမရှိပါဘူး။အခုခေါင်းဆောင်တွေတိုင်းပြည်နဲ့ငြိမ်းချမ်းရေးအတွက်
တောင်းဆိုနေတဲ့ကာလဖြစ်ပါတယ်။ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကရင်တပ်မတော်ဟာ အကွဲအပြဲတအားများတယ်။ဒါ
ကြောင့်ကျွန်တော်တို့တွေပြန်လည်ပူးပေါင်းဖို့လိုအပ်နေပြီလို့ယူဆတဲ့အတွက် အခုလိုပြန်လာပူးပေါင်းတာ ဖြစ်တယ် ”ဟုကေ
အိုင်စီသို့ပြောသည်။
KNLA ၂၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဘူးဖောက "ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းနိုင်ရေးအ
တွက်၁၅ကြိမ်မြောက်ကွန်ကရက်မှာ ချမှတ်ထားပြီးသား ဖြစ်ပါတယ်။ဒီလိုပြန်လည်ပေါင်းစည်းလာတဲ့အတွက်ကျွန်တော်တို့
ကရင်အမျိုးသားအားလုံးအတွက်အင်အားဖြစ်တယ်။နိုင်ငံရေးအတွက်လည်းအင်အားဖြစ်စေတယ် " ဟုကေအိုင်စီသို့ပြော
သည်။