အပစ်ရပ်စဲရေးတွင် အားလုံးပါဝင်နိုင်ရေးအတွက် KNPP မှ အစိုးရနှင့် ဆွေးနွေးမည်

...

အပစ်ရပ်စဲရေးတွင် အားလုံးပါဝင်နိုင်ရေးအတွက် KNPP မှ အစိုးရနှင့် ဆွေးနွေးမည်

Burma News International, 21 Jun 2016

URL: http://mizzima.com/news-domestic/knpp-discuss-all-inclusive-ceasefire-government
ကရင်အမျိုးသားတိုးတက်ရေးပါတီ KNPP သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(EAOs)အားလုံး ပါဝင်နိုင်ရေးအတွက် မြန်မာအစိုးရနှင့်ဆွေးနွေးမည် ဟု KNPPအရာရှိတစ်
ဦးကသျှမ်းသတင်းစဉ်သို့ ပြောပြခဲ့သည်။

အစိုးရသစ်နှင့်နောင်လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သတ်၍ KNPPမှ၎င်းတို့
ဌာနချုပ်၌ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အတူ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်ဟု KNPP အထွေထွေအတွင်းရေးမှူး
(၂)ဦးရွှေမျိုးသန့်ကပြော​ပြခဲ့သည်။အစည်းအဝေး၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ရေးကိုKNPPမှဆက်လက်
တောင်းဆိုသွားရန် ဆုံးဖြတ်ခဲ့သည်။

"မူဝါဒမပြောင်းပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ဖြစ်တဲ့ UNFC နဲ့အတူ ကျွန်တော်တို့ ဆက်လက်ပူးပေါင်းဆောင်
ရွက်သွားမှာပါ ။ အားလုံးပါဝင်နိုင်တဲ့ အချိန်ကျမှသာ ကျွန်တော်တို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကိုလက်မှတ်ရေးထိုးဖို့ဆုံး
ဖြတ်ထားပါတယ်" ဟု၎င်းကပြောခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဌာနချုပ်တွင်ကျင်းပသည့် အစည်းအဝေးအတွင်း KNPP ဒုဥက္ကဌဖြစ်သူ ခွန်ဦးရယ်နှင့် ဗိုလ်ချူပ်ဘီးထူးအား
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရာတွင် ဦးဆောင်မှုပြုရန် ရွေးချယ်ခဲ့သည်။