မွန်ပြည်နယ်တွင် ဆင်းရဲချို့တဲ့သော ကျောင်းသားများအတွက် လစဉ်ထောက်ပံ့ကြေးငွေ တိုးပေး

...

မွန်ပြည်နယ်တွင် ဆင်းရဲချို့တဲ့သော ကျောင်းသားများအတွက် လစဉ်ထောက်ပံ့ကြေးငွေ တိုးပေး

The Global New Light of Myanmar, 30 Jun 2016

URL: https://issuu.com/myanmarnewspaper/docs/30_june_16_gnlm
မွန်ပြည်နယ်ရှိဝင်ငွေနည်းပါးသည့်မိသားစုများမှကျောင်းသားများကို ထောက်ပံ့ကြေးငွေတိုးမြှင့်ပေးအပ်မည်ဖြစ်သည်၊၎င်းတို့မှာ ပေါင်မြို့နယ်တွင်ရှိသောအခြေခံပညာစာသင်ကျောင်း(၁၅၉)ကျောင်းရှိ မူလတန်းကျောင်းသား(၇၉၇)ဦး ၊ အလယ်တန်းကျောင်း
သား(၂၂၈၅)ဦး နှင့်အထက်တန်းကျောင်းသား(၆၉၁)ဦး အပါအဝင်စုစုပေါင်းကျောင်းသား(၄၀၀၀)ကျော်ပါဝင်သည်။

ဤထောက်ပံ့မှုအစီအစဉ်ကို သထုံခရိုင်ရှိ ကျိုက်ထို ၊ ဘီးလင်း နှင့် ပေါင်မြို့နယ်တို့၌ ၂၀၁၂ ခုနှစ်တွင် ဦးစွာစတင်ဆောင်ရွက်ခဲ့
ခြင်းဖြစ်သည်။

“ကမ္ဘာ့ဘဏ်နဲ့စေတနာရှင်တွေရဲ့ငွေကြေးကူညီပေးမှုကြောင့်ဒီစာသင်နှစ်မှာကျောင်းသားတယောက်ချင်းစီကိုထောက်ပံ့ကြေးတိုး
ပေးနိုင်တာပါ ” ဟုပေါင်မြို့နယ်၊ပညာရေးအရာရှိဒေါ်စန်းစန်းအေးကပြောခဲ့သည်။

အာဏာပိုင်များမှပြီးခဲ့သည့်စာသင်နှစ်တွင် မူလတန်းကျောင်းသားတစ်ဦးစီလျှင်(၄၀၀၀)ကျပ် ၊ အလယ်တန်းကျောင်းသားတစ်ဦး
စီလျှင်(၅၀၀၀)ကျပ် နှင့်အထက်တန်းကျောင်းသားတစ်ဦးစီလျှင်(၆၀၀၀)ကျပ်စီပေးခဲ့ခြင်းဖြစ်သည်။အတန်းကြီးကျောင်းသားများ
အားထောက်ပံ့ကြေးငွေပိုမိုပေးအပ်ရခြင်းမှာ ၎င်းတို့အားအလုပ်လုပ်ခိုင်းရန်အတွက် စာသင်ကျောင်းမှထွက်ခွာရမည့်အခြေအနေ
ပိုမိုမြင့်မားနေသောကြောင့်ဖြစ်သည်။

“ဆင်းရဲချို့တဲ့မှုနောက်ခံရှိတဲ့မိဘကလာတဲ့ကျောင်းသားပဲဖြစ်ဖြစ် ၊ မိဘမရှိပဲဆင်းရဲချို့တဲ့မှုနောက်ခံရှိတဲ့ကျောင်းသားပဲဖြစ်ဖြစ်
ဒီအစီအစဉ်အတွက်သင့်တော်တဲ့သူတွေဖြစ်ပါတယ် ” ဟုသူမကထပ်ပေါင်းပြောကြားခဲ့သည်။တိုးပေးမည့်ထောက်ပံ့ကြေးငွေပမာ
ဏမှာ မူလတန်းအဆင့်ကျောင်းသားများ​အတွက် (၄၀၀၀) ကျပ် မှ (၅၀၀၀)ကျပ်သို့လည်းကောင်း ၊ အလယ်တန်းအဆင့်ကျောင်း
သားများ​အတွက် (၅၀၀၀) ကျပ် မှ (၈၀၀၀)ကျပ် သို့လည်းကောင်း ၊ အထက်တန်းအဆင့်ကျောင်းသားများ​အတွက်(၆၀၀၀)ကျပ်
မှ(၁၀၀၀၀)ကျပ်သို့လည်းကောင်း တိုးပေးမည်ဖြစ်သည်။