စာသင်ကျောင်းပြင်ပ ပညာရေးအစီအစဉ် တိုးချဲ့ဆောင်ရွက်မည်

...

စာသင်ကျောင်းပြင်ပ ပညာရေးအစီအစဉ် တိုးချဲ့ဆောင်ရွက်မည်

Myanmar Times, 11 Jul 2016

URL: http://www.mmtimes.com/index.php/national-news/nay-pyi-taw/21310-non-formal-education-program-to-expand.html
အခမဲ့ပညာသင်ကြားရေးအစီအစဉ်သည် ပြင်ပပညာရေးသင်တန်းများမှတဆင့် အသက်(၁၄)နှစ်အောက်ရှိကျောင်းသားများကို မူလတန်းပညာ
ရေးရရှိစေရန်နှင့် အသက်(၁၆)နှစ်အောက်ရှိ ကျောင်းသားများကို အလယ်တန်းပညာရေးအဆင့်ပြီးမြောက်စေရန်အတွက် ထောက်ပံ့ပေးမည့်အ
ခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်ပြီးခဲ့သောရက်သတ္တပတ်၌ နေပြည်တော်တွင်ပြုလုပ်သည့် စာကျောင်းပြင်ပပညာရေးအလုပ်ရုံဆွေးနွေးပွဲတွင်ပြည်
ထောင်စုပညာရေးဝန်ကြီး ဦးမျိုးသိန်းကြီးကဤအစီအစဉ်အတွက် ကျပ်ငွေသန်းတစ်ထောင်လျာထားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

စမ်းသပ်စီ​မံကိန်းအဖြစ် ကျောင်းပြင်ပ အလယ်တန်းပညာရေးကို ယခုနှစ်ပညာသင်နှစ်တွင်ရန်ကုန်ရှိ ဒလမြို့နယ် ၊ ကချင်ပြည်နယ်ရှိ မြစ်ကြီး
နားမြို့ ၊ ကယားပြည်နယ်ရှိ လွိုင်ကော်မြို့နှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့တို့တွင်စတင်လုပ်ဆောင်မည်ဖြစ်သည်။ ဝန်ကြီးဌာနမှကွင်းဆင်းလေ့
လာချက်အရ ယင်းမြို့နယ်(၄)မြို့နယ်မှ ကျောင်းသားအယောက်(၂၅၀)သည် ကျောင်းပြင်ပ ပညာရေးစာသင်ခန်းများ၌ ၎င်းတို့၏အလယ်တန်း
ကျောင်းပညာရေးကို ပြန်လည်တက်ရောက်ရန် အရည်အချင်းပြည့်မီကြသည်။

ထိုသို့လုပ်ဆောင်ရန်အတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့်ထိုမြို့နယ်တစ်မြို့နယ်စီလျှင် ကျောင်းဆရာ၊ဆရာမ(၉)ဦးဖြင့် မြို့နယ်လေးခုပေါင်း
စုစုပေါင်း(၃၆)ဦးအား ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်အတွက်ဇွန်လ၌သင်ရိုးသင်တန်းများပေးမည်ဖြစ်သည်ဟုအစီအစဉ်အတွက်
စီမံကိန်းမန်နေဂျာဦးထွန်းကြည်ကပြောပြခဲ့သည်။