ယူအက်စ်မှမြန်မာနိုင်ငံအားဒေါ်လာ(၂၁)သန်းကူညီမည်

...

ယူအက်စ်မှမြန်မာနိုင်ငံအားဒေါ်လာ(၂၁)သန်းကူညီမည်

The Nation, 25 Jul 2016

URL: http://www.nationmultimedia.com/business/US-approves-$21m-assistance-to-Myanmar-30291292.html
အမေရိကန်ပြည်ထောင်စုသည်မြန်မာနိုင်ငံအားစီးပွားရေးဖွံ့ဖြိုးတက်မှုများတိုးမြှင့်ပေးရန်နှင့်တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်မှု
များဆောက်တည်နိုင်ရန်အတွက်နောက်ထပ်ယူအက်စ်ဒေါ်လာ(၂၁)သန်းပံ့ပိုးကူညီပေးမည်ဖြစ်သည်။

ကနဦးပိုင်းကူညီမှုတွင်အစိုးရ၏ရည်မှန်းချက်ဖြစ်သည့်ငါးနှစ်တာကာလအတွင်းပို့ကုန်များတွင်သုံးဆတိုးလာစေရန်၊အစိုးရနှင့်
တရားဥပဒေပိုင်းဆိုင်ရာလုပ်ဆောင်မှုစွမ်းရည်ခိုင်မာလာစေရန်နှင့်တာဝန်ယူမှုပိုင်းများနှင့်ပွင့်လင်းမြင်သာမှုများရှိလာစေရန်အ
တွက်ပံ့ပိုးကူညီပေးမည်ဖြစ်သည်၊နောင်ဆယ်နှစ်ကျော်တွင်အလုပ်သမားများအားအလုပ်အကိုင်အများအပြားပေးနိုင်မည့်စိုက်
ပျိုးရေးကဏ္ဍများခေတ်မီတိုးတက်လာစေရန်ကူညီပေးမည်ဖြစ်သည်ဟုယူအက်စ်နိုင်ငံတော်လုံခြုံရေးဒုတိယအကြံပေးဖြစ်သူ
Ben Rhodes ကပြောကြားခဲ့သည်။

Rhodesသည်မြန်မာနိုင်ငံသို့(၅)ကြိမ်မြောက်အလည်အပတ်ခရီးဖြစ်ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်လာရောက်လည်ပတ်ခဲ့သည်။
မြန်မာနိုင်ငံ၌ဒီမိုကရေစီခိုင်မာရေး ၊ အမျိုးသားရင်ကြားစေ့ရေးနှင့်လူထုအချင်းချင်းပါဝင်ဆောင်ရွက်မှုစသည်တို့တိုးတက်လာ
စေရန်အတွက်ယူအက်စ်မှ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း Rhodes ကပြောကြားခဲ့သည်။ တရားဥပဒေစိုးမိုးမှုရှိစေရန်နှင့်စိုက်
ပျိုးရေးကဏ္ဍများအောင်မြင်မှုရှိစေရန်အတွက် သမ္မတဦးထင်ကျော်အစိုးရအဖွဲ့အားကူညီပံ့ပိုးပေးမည်ဖြစ်သည်။