မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သြစတေးလျမှ Save the Children အား ဒေါ်လာ(၁၂)သန်းပေးအပ်

...

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သြစတေးလျမှ Save the Children အား ဒေါ်လာ(၁၂)သန်းပေးအပ်

Mizzima, 02 Aug 2016

URL: http://www.mizzima.com/development-news/australia-gives-save-children-12-million-humanitarian-boost-myanmar
နေရပ်စွန့်ခွာထွက်ပြေးသူများအတွက် ပညာရေးနှင့် သဘာဝဘေးအန္တရယ်ကာကွယ်ရေးများတွင် မြန်မာနိုင်ငံအတွက်
အကူအညီများပေးရန် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး
Julie Bishop ၏ သြဂုတ်လ(၁)ရက်နေ့တွင် ထုတ်ပြန်သည့်ကြေငြာချက်ကို ကမ္ဘာအနှံ့အကူအညီများပေးနေသည့်
Save the Childrenအဖွဲ့အစည်းကကြိုဆိုလိုက်သည်။

သြစတေးလျမှ ပေးအပ်သော ဒေါ်လာ(၁၂)သန်းသည် ဤသို့သော စိန်ခေါ်မှုအခက်အခဲများကို ဖြေရှင်းရန်ဖြစ်ပြီး
၂၀၁၂ ကတည်းကပ​င် မြန်မာနိုင်ငံ​အား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်အတွက် စုစုပေါင်းဒေါ်
လာ(၆၅)သန်း ကူညီပေးခဲ့သည်။

သြစတေးလျမှ Save the Children အလုပ်အမှုဆောင်ချုပ် Paul Ronalds က “အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကနေရပ်
စွန့်ခွာထွက်ပြေးတဲ့ကလေးေတွနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့သူတွေရဲ့ ပညာရေးကို တိုက်ရိုက်ကူညီပံ့ပိုးပေး
နေတာကြောင့် သြစတေးလျကလာမယ့်နောက်ထပ်အကူအညီတွေကိုလည်း Save the Childrenကကြိုဆိုပါတယ်။
ဒီအကူအညီပေးမှုတွေက နေရပ်စွန့်ခွာထွက်ပြေးတဲ့ကလေးတွေရဲ့ ပညာရေးကို သေချာပေါက်ကူညီပေးနိုင်ပြီး သူတို့
ကိုဆင်းရဲတွင်းကနေလွတ်မြောက်စေဖို့ အလားအလာအပြည့်အဝရှိပါတယ်" ဟုပြောကြား
ခဲ့သည်။