မြန်မာနိုင်ငံတောင်ပိုင်းတွင်အရပ်သားအပစ်ရပ်စောင့်ကြည့်လေ့လာခြင်းမွမ်းမံလမ်းညွှန်သင်တန်းပေး

...

မြန်မာနိုင်ငံတောင်ပိုင်းတွင်အရပ်သားအပစ်ရပ်စောင့်ကြည့်လေ့လာခြင်းမွမ်းမံလမ်းညွှန်သင်တန်းပေး

Burma News International, 06 Aug 2016

URL: http://www.bnionline.net/news/karen-state/item/2088-ceasefire-monitoring-training-provided-in-southern-burma.html
အရပ်ဖက်လူမှု့အဖွဲ့အစည်းနှစ်ဖွဲ့သည် တနင်္သာရီဒေသကြီးရှိ ထားဝယ်တွင် အရပ်သားအပစ်ရပ်စောင့်ကြည့်လေ့လာရေးမွမ်းမံလမ်း
ညွှန်သင်တန်းတစ်ခုကို မကြာသေးမီကပေးခဲ့သည်။ ယမန်နှစ်ကပင် Karen Development Network (KDN)နှင့် Nonviolent
Peaceforce(NP)အဖွဲ့တို့သည် မြန်မာနိုင်ငံတောင်ပိုင်း၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ အသိပညာပေးကမ်ပိန်းများ
ပံ့ပိုးပေးရာတွင် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံတောင်ပိုင်းတွင် မကြာသေးမီကပြုလုပ်ခဲ့သည့် သင်တန်းသည် ပြစ်မှုကျူးလွန်ခြင်းခံရသူအား အကူအညီများပံ့ပိုးပေး
ခြင်း၊ သတင်းအချက်အလက်များစုဆောင်းခြင်းနှင့်အာဏာပိုင်များနှင့်ချိတ်ဆက်ပြုလုပ်ခြင်းများအပါအဝင် ပစ်ရပ်စောင့်ကြည့်လေ့
လာခြင်းနှင့် အရပ်သားအကာအကွယ်ပေးရေးများပါဝင်သည်ဟု NP မှထရိန်နာဖြစ်သူ Rosemary Kibaki က KIC သို့ပြောပြခဲ့
သည်။

ရေဖြူ၊ ပလောနှင့် သရက်ချောင်းမြို့နယ်များရှိ ကျေးရွာ(၁၅)ရွာမှ (၃၅)ဦးတက်ရောက်ကြပြီး သုံးရက်တာသင်တန်းဖြစ်ကာသြဂုတ်
လ(၃)ရက်နေ့တွင် သင်တန်းပြီးဆုံးမည်ဖြစ်သည်။

အလားတူသင်တန်းမျိုးကို ထားဝယ်တွင် မတ်လ၌ပေးခဲ့ပြီး ကရင်ပြည်နယ်၊ သံတောင်ကြီး၌ ဖေဖော်ဝါရီလ တွင်ပေးခဲ့သည်။