ချန်လှပ်ထားခြင်းခံရသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအဖွဲ့တွေ့ဆုံ

...

ချန်လှပ်ထားခြင်းခံရသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအဖွဲ့တွေ့ဆုံ

Burma News International, 09 Aug 2016

URL: http://www.bnionline.net/news/mon-state/item/2106-govt-meets-with-excluded-armed-groups.html
အစိုးရကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ်တွင်ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် ဖယ်ထုတ်ထားခြင်းခံရ
သည့်အဖွဲ့သုံးဖွဲ့ကို ယမန်နေ့၌ တရုတ်နယ်စပ်အနီးရှိ မုန်လတွင်တွေ့ဆုံခဲ့သည်။

(၂၁ရာစုပင်လုံညီလာခံ)ဟုလည်းခေါ်ဆိုသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီသည် သြဂုတ်လ(၃၁)ရက်နေ့ပင်လုံ
ညီလာ ခံတက်ရောက်ခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအောင်းအမျိုးသားလွတ်
မြောက်ရေးတပ်မတော်၊ ရက္ခိုင်တပ်မတော် နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် စသည်တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

ထိုအဖွဲ့များသည် မြန်မာတပ်နှင့်တိုက်ပွဲများ မကြာခဏဖြစ်ပွားခြင်းဖြင့်သော်လည်းကောင်း၊ လွန်ခဲ့သောနှစ်နှစ်တွင်လက်နက်မချပဲနိုင်ငံရေး ဆွေးနွေး
မှုများ ပြုလုပ်၍သော်လည်းကောင်း အတိုက်အခံပြုလုပ်ခြင်းဖြင့် မြန်မာစစ်တပ်သည် ၎င်းတို့အားငြိမ်းချမ်းရေးလုပ်စဉ်များတွင် ပါဝင်ရန် ဖယ်ထုတ်
ထားခဲ့သည်။ စစ်တပ်မှ ထိုအဖွဲ့များသည်ညီလာခံတွင် ပါဝင်နိုင်လိမ့်မည်မဟုတ်ကြောင်း တရားဝင်ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့သည် လာမည့်ငြိမ်းချမ်းရေးညီလာခံတွင် အားလုံးပါ
ဝင်မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။