မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးအတွက် BFM မှ ငွေကျပ် သိန်း၁၀၀၀ လှူဒါန်း

...

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးအတွက် BFM မှ ငွေကျပ် သိန်း၁၀၀၀ လှူဒါန်း

The Global New Light of Myanmar, 20 Aug 2016

URL: https://issuu.com/myanmarnewspaper/docs/20_aug_16_gnlm
မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေးအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)က
ငွေကျပ်သိန်း၁၀၀၀ကို ယမန်နေ့က မွန်ပြည်နယ်အစိုးရထံ လှူဒါန်းခဲ့ပြီး ယခုကဲ့သို့ လှူဒါန်းခြင်းသည် ပြည်နယ်(၁၃)ခုမြောက် လှူဒါန်း
ခြင်းဖြစ်သည်။

စုစုပေါင်းတိုင်းဒေသကြီးနှင့် ပြည်နယ်(၁၃)ခု၏ အစိုးရအဖွဲ့ ဝန်ကြီးချုပ်များထံသို့ အလှူငွေကျပ် သိန်း၁၀၀၀စီဖြင့် စုစုပေါင်းအလှူငွေ
ကျပ်သိန်း ၁၃၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး က ယမန်နေ့၌ အလှူငွေကို လက်ခံယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အကူအညီများအား မြန်မာနိုင်ငံအတွင်း သဘာဝရေဘေးအန္တရယ်များ ကျရောက်လာပါက သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီး
များတွင် လျှင်လျှင်မြန်မြန်ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်ရည်ရွယ်သည်။