ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် တစ်သိန်းကျော် မွန်ပြည်နယ်သို့ လာရောက်လည်ပတ်

...

ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် တစ်သိန်းကျော် မွန်ပြည်နယ်သို့ လာရောက်လည်ပတ်

Mon News Agency, 25 Aug 2016

URL: http://monnews.org/2016/08/24/over-100000-tourists-visit-mon-state-this-year/
မွန်ပြည်နယ်သည် ၂၀၁၆ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်
တစ်သိန်းကိုးထောင်ငါးရာခြောက်ဆယ်ဦးကို ပြည်နယ်တွင် လာရောက်လည်ပတ်ရန်ဆွဲ
ဆောင်နိုင်ခဲ့သည် ဟုမွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားဌာန(မော်လမြိုင်ဌာနခွဲ)ကပြောခဲ့
သည်။

ထိုခရီးသွားများထဲမှ ခုနစ်သောင်းလေးရာငါးဆယ့်ကိုးဦးသည် မွန်ပြည်နယ်၊ကျိုက်ထိုမြို့
ရှိကျိုက်ထီးရိုးဘုရားသို့သွားရောက်လည်ပတ်ခဲ့သည်။

“ကျွန်တော်တို့ပြည်နယ်မှာ နိုင်ငံခြားသားဧည့်သည်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့အတွက်
ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေတုန်းပါပဲ” ဟုမွန်ပြည်နယ်၊ဟိုတယ်နှင့်ခရီးသွား
လာရေး(မော်လမြိုင်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးဟောင်ကျင်မှုန်ကပြော
ခဲ့သည်။

ပြည်နယ်၌ ဧည့်သည်အများအဆုံးလာရောက်လည်ပတ်သည့်နေရာမှာ ကျိုက်ထီးရိုးဘု
ရားဖြစ်ပြီး မော်လမြိုင်၊ချောင်းဆုံနှင့် သံဖြူဇရပ်အပါအဝင် အခြားမြို့နယ်(၁၀)မြို့နယ်
သို့လည်း ဧည့်သည်များလာရောက်လည်ပတ်ကြသည်။

ကျိုက်ထီးရိုးဘုရားတွင် လာရောက်လာပတ်သည့် နိုင်ငံခြားသားအရေအတွက်သည်
တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလျှက်ရှိပြီး သုံးရာသီပတ်လုံး လာရောက်လည်ပတ်
ကြသည်။ ဆောင်းရာသီတွင် လာရောက်လည်ပတ်သူအများဆုံးဖြင့်ကြိတ်ကြိတ်တိုး
စည်ကားသည်။

မွန်ပြည်နယ်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ၂၀၁၂ခုနှစ်တွင် စတင်မြှင့်တင်
ဆောင်ရွက်ခဲ့ပြီး ပြည်နယ်တွင်နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်သူအရေအ
တွက်ပိုမိုတိုးလာလျှက်ရှိသည်။ ၂၀၁၂ခုနှစ်တွင် ပြည်နယ်သို့လာရောက်လည်ပတ်
သူ(၆၆၇၈၈)ဦး ၊ ၂၀၁၃ခုနှစ်တွင်(၁၁၃၁၅၃)ဦး ရှိကာ၊ ၂၀၁၄ ခုနှစ်တွင်(၁၇၂ ၃၄၉)
ဦးရှိပြီး ၊၂၀၁၅ခုနှစ်တွင်(၁၅၈၈၂)ဦးရှိသည်ဟု မွန်ပြည်နယ်၊ဟိုတယ်နှင့်ခရီးသွား
လာရေးဌာန၏ တွက်ချက်မှုအရ သိရှိရသည်။