မွန်ပြည်သစ်နှင့်ကေအမ်ယူကြား စစ်ရေးပဋိပက္ခထပ်မံမဖြစ်ပွားရန်ဆက်သွယ်ရေးကော်မတီဖွဲ့

...

မွန်ပြည်သစ်နှင့်ကေအမ်ယူကြား စစ်ရေးပဋိပက္ခထပ်မံမဖြစ်ပွားရန်ဆက်သွယ်ရေးကော်မတီဖွဲ့

Burma News International, 13 Sep 2016

URL: http://www.bnionline.net/news/mon-state/item/2293-liaison-committee-established-to-prevent-further-clashes-between-nmsp-and-knu.html
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၌ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့သည် တနင်္ဂနွေနေတွင်
အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး နှစ်ဖက်စလုံးမှ နောင်ထပ်တိုက်ပွဲများထပ်မံမဖြစ်ပွားစေရန်အတွက်ကာကွယ်မှုပြုရန် ဆက်သွယ်
ရေးကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့သည်။

စက်တင်ဘာ(၈)ရက်နေ့တွင် နှစ်ဖက်တပ်ဖွဲ့များကြား နယ်မြေအငြင်းပွားမှု့ကြောင့်တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်(ကလိန်အောင်မြို့နယ်
ခွဲ)သဲချောင်းကျေးရွာအနီးတွင်စစ်ရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီး၊ နယ်မြေပိုင်းခြားမှုကို မဖြေရှင်းပဋိပက္ခထပ်မံမဖြစ်ပွားရန်ယခုကဲ့ဆက်
သွယ်ရေးကော်မတီကိုဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိသော်လည်း သဲချောင်းကျေးရွာမှ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့သည်ဟုဒေသခံ
များကပြောသည်။နှစ်ဖက်စလုံးမှ စက်တင်ဘာ(၁၁)ရက်နေ့တွင်တွေ့ဆုံခဲ့ပြီးဆက်ဆံရေးကော်မတီကိုဖွဲ့စည်းလိုက်သည်။

အဆိုပါဖြစ် စဉ်သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းနယ်မြေစည်းခြားသတ်မှတ်ချက်မရှိခြင်းနှင့်ဆက်သွယ်ရေးအားနည်း
ချက်ကြောင့်ဖြစ်ပွားရခြင်းဖြစ်သည့်အတွက် လိုအပ်ချက်အနေနှင့်ဖွဲ့စည်းရခြင်းဖြစ်သည်ဟု KNU ဘိတ်ထားဝယ်ခရိုင်ဆက်ဆံရေးရုံး
တာဝန်ခံ ပဒိုဝင်းခိုင်ကပြောသည်။

ဆွေးနွေးပွဲတွင် မွန်ပြည်သစ်နှင့်ကေအမ်ယူကြား နယ်နိမိတ်ပိုင်းခြား သတ်မှတ်ခြင်းကို ဗဟိုအဆင့်တွင်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်
မှဗဟိုသို့အမြန်ဆုံးတင်ပြသွားရန်၊ စစ်ရေးပဋိပက္ခထပ်မံမဖြစ်ပွားစေရန်အတွက်သက်ဆိုင်ရာနယ်မြေခံတပ်မှူးများကြီးကြပ်သွားရန်၊သွား
လာလှုပ်ရှားမှုကို အသိပေးအကြောင်းကြားရန် စသည်တို့ကိုသဘောတူညီခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ၏ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံနိုင်ဝင်းလှက ဖြစ်ခဲ့တာကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်ခဲ့တာမဟုတ်ပါဘူး။အခု
လိုဆက်သွယ်ညှိနှိုင်းတဲ့ အဖွဲ့တစ်ခု ဖွဲ့လိုက်နိုင်တာဟာ နောက်ထပ်မဖြစ်ဖို့အလားအလာကောင်းပဲ ဟု ပြောသည်။