မွန်ပြည်နယ်တွင် ရာဘာစွန့်ပစ်ပစ္စည်းသုံး လောင်စာတောင့်စက်ရုံ တည်ဆောက်ရန် စီစဉ်နေ

...

မွန်ပြည်နယ်တွင် ရာဘာစွန့်ပစ်ပစ္စည်းသုံး လောင်စာတောင့်စက်ရုံ တည်ဆောက်ရန် စီစဉ်နေ

Mon News Agency, 08 Sep 2016

URL: http://monnews.org/2016/09/06/rubber-fuel-plant-scheme-underway-in-mon-state/
မွန်ပြည်နယ်တွင် မွန်ပြည်နယ်အစိုးရနှင့် TTCL Public Company Limited မှ ရာဘာစွန့်ပစ်ပစ္စည်းသုံး လောင်စာတောင့် စက်ရုံ
တစ်ခုတည်ဆောက်ရန် စီစဉ်နေကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန မွန်ပြည်နယ် ဦးစီးမှုးရုံးမှ သိရသည်။

ယင်းကုမ္ပဏီအနေဖြင့် စက်တင်ဘာလ၂ ရက်နေ့တွင် မွန်ပြည်နယ်ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာနနှင့် လာရောက်
တွေ့ဆုံကာ မွန်ပြည်နယ်ရှိ ရာဘာပင် အများဆုံးစိုက်ပျိုးသည့် နေရာ တစ်ခု ရွေးချယ်ပြီး စက်ရုံတည်ဆောက်ရန် အစီစဉ်ရှိကြောင်းနှင့်
၄င်းစက်
ရုံတည်ဆောက်ပြီး ပါက ရာဘာပင် ကုန်ကြမ်းမှ ထွက်ရှိသည့် ရာဘာကိုင်း နှင့် အမြစ်များ ရယူကာ လောင်စာတောင့် ပြုလုပ် သွားမည်
ဖြစ်ကြောင်း ပြည်နယ်ဦးစီးမှူး ဦးမြင့်လွင်က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း က“ TTCL အနေနဲ့
ရာဘာကိုင်းတွေ၊ ထင်းလုပ်လိုက်ရတဲ့ သစ်တွေကို လောင်စာတောင့်တွေ ထုတ်သွားဖို့ ရှိတယ်၊ ဒီ သစ်ကိ်ုင်း၊ သစ်မြစ်တွေကို ကြိတ်
လိုက်ပြီးတော့ကျောက်မီးသွေးနဲ့ ရောပြီး လောင်စာတောင့် လုပ်မယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ကို လာရောက်ဆွေးနွေးထားတယ်”
ဟုပြောသည်။

၄င်းစက်ရုံ တည်ဆောက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ကို အသေးစိတ် တင်ပြထားခြင်း မရှိသေးကြောင်း ကွင်းဆင်းလေ့လာပြီးပါက
နောက်ထပ်တင်ပြသွားရန်ရှိကြောင်း နှင့် ၄င်းစက်ရုံ တည်ဆောက်ရန် ဒေသခံပြည်သူလူထု သဘောတူလျှင် ပြည်နယ်အစိုးရအနေ
ဖြင့် ကန့်ကွက်ရန်မရှိကြောင်း ၄င်းကဆက်ပြောသည်။