ကရင်ပြည်နယ်ရှိစစ်ဘေးရှောင်သူများကိုမြန်မာအစိုးရမှအကူအညီများစတင်ပေးအပ်

...

ကရင်ပြည်နယ်ရှိစစ်ဘေးရှောင်သူများကိုမြန်မာအစိုးရမှအကူအညီများစတင်ပေးအပ်

Democratic Voice of Burma, 14 Sep 2016

URL: http://www.dvb.no/news/burmese-govt-launches-aid-effort-for-idps-in-karen-state/70462
မြန်မာနိုင်ငံ၏လူမှု့ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ၎င်းတို့သည် ကရင်ပြည်နယ်တွင်မကြာသေးမီက ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင်းနေရပ်စွန့်ခွာခဲ့ရသူရွာသားသုံးထောင့်ရှစ်ရာကျော်အားလူသားချင်းစာနာသည့် အကူအညီများ ပေး
အပ်ခဲ့ကြောင်းပြောကြားခဲ့သည်။

လှိုင်းဘွဲ့နှင့် မဲသဝေါဝန်းကျင်တွင် နေထိုင်သည့် အရပ်သားများသည်(DKBA)ခွဲထွက်အဖွဲ့နှင့် BGFအဖွဲ့တို့အကြား တိုက်ပွဲအပြင်းအ
ထန်ဖြစ်ပွားမှုကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး ဘားအံမြို့တော်၏မြောက်
ဘက်ကီလို(၇၀)ခန့်အကွာတွင် ရှိသည့်မြိုင်ကြီးငူသို့ ထွက်ပြေးလာခဲ့ကြသည်။

လူမှု့ဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဦးဝင်းမြတ်သည် ၎င်း၏လူမှု့ကွန်ယက်စာမျက်နှာတွင် ဝန်ကြီးဌာမှ မြိုင်ကြီးငူကယ်ဆယ်ရေးစခန်းတွင်နေထိုင်နေကြသည့် မိသားစု(၆၆၅)စု၊ စုစုပေါင်းလူဦးရေ(၃၈၁၃)ဦးထံသို့ ဆန်၊ဆီနှင့်တာလပတ်များ
ကို ပံ့ပိုးကူညီပေးခဲ့ကြောင်းရေးသားဖော်ပြခဲ့သည်။

ကိုယ်ဝန်ဆောင်သည်များနှင့် အသစ်စက်စက် မိခင်လောင်းများကို ကူညီပေးရန်အတွက်ငွေကြေးပံ့ပိုးပေးခဲ့သည်ဟုဝန်ကြီးကပြောကြား
ခဲ့သည်။

ယခုရက်သတ္တပတ် အစောပိုင်းတွင် လှိုင်းဘွဲ့မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့်ကရင်ပြည်နယ်
လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ လွှတ်တော်အမတ်စောချစ်ခင်က လက်နက်ကိုင်တိုက်ပွဲများကြောင့်ကရင်ကျေးရွာ(၁၆)ရွာမှလူဦးရေ
(၂၂၁၂)ဦးသည်နေရပ်စွန့်ခွာထွက် ပြေးခဲ့ရပြီးအန္တရယ်ကင်းလွတ်ရန်အတွက် မြိုင်ကြီးငူတွင်သွားရောက်နေကြကြောင်းပြောခဲ့သည်။

အချို့မိသားစုများသည်လည်းဘားအံသို့ ထွက်ပြေးလာကြပြီးလူဦးရေအတိအကျကို DVB မှအတည်မပြုနိုင်သေးပေ။