အမျိုးသားလွှတ်တော်တွင် NLD အမတ်များမှ ငြိမ်းချမ်းရေးသည် ပထမဦးစားပေးဖြစ်ပြီး ပညာရေးသည် ဒုတိယ ဟု ပြောကြား

...

အမျိုးသားလွှတ်တော်တွင် NLD အမတ်များမှ ငြိမ်းချမ်းရေးသည် ပထမဦးစားပေးဖြစ်ပြီး ပညာရေးသည် ဒုတိယ ဟု ပြောကြား

The Irrawaddy, 15 Sep 2016

URL: http://www.irrawaddy.com/burma/peace-first-education-second-say-upper-house-nld parliamentarians.html
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အများဆုံးပါဝင်သည့် အထက်လွှတ်တော်တွင် တိုင်းရင်းသားများ၏
ဘာသာစကား ပညာရေးကို ပိုမိုချဲ့တွင်ပေးရန် တင်ပြသည့်အဆိုကို တနင်္လာနေ့တွင် ကန့်ကွက်မဲဖြင့် ပယ်
ချခဲ့ပြီး တနိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးရရှိရန် အလျင်ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြော
ကြားခဲ့သည်။

တိုင်းရင်းသားဒေသများတွင် ပညာရေးကို တိုးတက်စေရန် ရှေ့ဆက်စီစဉ်သင့်ကြောင်းကို ယခင်လွှတ်တော်
ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးခင်မောင်မြင့်က တင်ပြခဲ့ခြင်းဖြစ်သည်။
၎င်း၏အဆိုပြုလွှာတွင် တိုင်းရင်းသားပညာရေးကို ဆက်လက်ပံ့ပိုးပေးရန် တောင်းဆိုထားသည်။

တချို့သော တိုင်းရင်းသားအမတ်များမှ ထိုအဆိုပြုချက်ကို ထောက်ခံခဲ့ပြီး ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုပြု
ခြင်းသည် ၎င်းတို့လူထုအပေါ် အကျိုးရရှိနိုင်ပြီး အစိုးရစာသင်ကျောင်းများတွင် ၎င်းတို့၏ မိခင်ဘာသာစ
ကားကို သင်ကြားပေးရန် အလေးထား ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် လွှတ်တော်၌ တနိုင်ငံလုံး ငြိမ်းချမ်းရေး အောင်မြင်စွာရရှိရန် ဦးစားပေး လုပ်ဆောင်နေ
ကြောင်းပြောကြားရင်း ယင်းအဆိုသည် ၁၀၇ မဲ တွင် ၈၂ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။ ၎င်းတို့မှ ပညာရေးနှင့်
ပတ်သတ်၍ ပြုလုပ်နေကြောင်း သို့သော်လည်း အဆိုပြုချက်ကို လွှတ်တော်မှတ်တမ်းတွင် မှတ်တမ်းတင်
ထားရန် အကြံပြုခဲ့ကြသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၇) မှ NLD အမတ်ဖြစ်သူ ဒေါက်တာအာကာမိုးက သူမ၏ မဲဆန္ဒ
နယ်မြေတွင် လူဦးရေ တစ်သိန်းကျော်ရှိသော်လည်း စာသင်ကျောင်း ၂၀၀ သာ ရှိကြောင်း ပြောကြားခဲ့
သည်။

“မူလတန်းကျောင်းတွေမှာ ကျောင်းသား တစ်သောင်းခွဲရှိကြပေမယ့် အထက်တန်းကို ကျောင်းသား ၁၀၀
လောက်သာ ကျောင်းပြီးကြတယ်” ဟု ပြောခဲ့သည်။

“ဦးစွာ ကျွန်မတို့အနေနဲ့ ပညာရေး တိုးတက်လာစေဖို့အတွက် ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်
တစ်ရက်တည်းနဲ့တော့ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ပါဘူး၊ အစိုးရက လူထုမှာ ဘာတွေလိုအပ်တယ်ဆို
တာကို လေ့လာသင်ယူနေပြီး ကူညီနေပါတယ်” ဟုပြောခဲ့သည်။