အမေရိကန်မှ ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့သော်လည်း တပ်မတော်အပေါ် ဆက်လက်ထားရှိ

...

အမေရိကန်မှ ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့သော်လည်း တပ်မတော်အပေါ် ဆက်လက်ထားရှိ

The Irrawaddy, 15 Sep 2016

URL: http://www.irrawaddy.com/burma/us-lifts-sanctions-retains-limitations-military.html
အမေရိကန် ပြည်ထောင်စု သမ္မတအိုဘားမားမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများအား ဖြေလျော့ပေး
လိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သောကြောင့် တပ်မတော်နှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ပတ်သတ်သည့်
အချို့သော အရေးယူ ပိတ်ဆို့မှုများသည် ထိုအကျိုးသက်ရောက်မှုများထဲတွင် ပါဝင်ခဲ့သည်။

ယူအက်စ်သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို ၂၀၁၁ခုနှစ်မှ စတင်ကာ ဖြေလျော့ပေးနေခဲ့ပြီး ယခုရက်
သတ္တပတ်တွင် ယူအက်စ်သို့ မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်
ပတ်သည့် အချိန်အတွင်းတွင် စစ်တပ်အုပ်ချုပ်မှုမှ ပိုမိုကြီးမားသည့် ဒီမိုကရေစီသို့ ရောက်ရှိလာသည့် နိုင်ငံ၏အပြောင်း
အလဲ နောက်ဆက်တွဲအနေဖြင့် ပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ပေးလိုက်ကြောင်း ကြေငြာခဲ့သည်။

မြောက်ကိုရီးယားနှင့် ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါး အရောင်းအဝယ် ပတ်သတ်မှုများ၊ စစ်ရေးသြဇာလွှမ်းမိုးမှုများနှင့်
ကျောက်မျက်ရတနာ ကုန်သွယ်ရေးများ စသည်တို့နှင့် ပတ်သတ်သည့် အချို့သော ပိတ်ဆို့မှုများသည် ကျန်ရှိနေဆဲဖြစ်
သည်။

သတင်းစာရှင်းလင်းပွဲတွင် ယူအက်စ်ပြည်နယ် အစိုးရမှ ၎င်းတို့ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ ဒီမိုကရေ
စီနှင့်ဆိုင်သည့် ပြင်းပြသော ဆန္ဒများကို ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း၊ စီးပွားရေးတွင် စစ်တပ်၏ အညီအမျှမရှိသည့်အပိုင်း
များ အပါအဝင် အခက်အခဲ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင် မူဝါဒအသစ်များ ချမှတ်နိုင်ရန်အတွက် အစိုးရ
သစ်နှင့်အတူ အနီးကပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နှင့် ရင်းနှီးမြှပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများတွင်တာဝန်
ယူတတ်ရန် လိုအပ်မှု၊ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်မှု နှင့် အထူးသဖြင့် ကျောက်စိမ်းနှင့် ကျောက်မျက်အရိုင်းတုံးကဏ္ဍ
တွင် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသွားသည်။