မြန်မာနိုင်ငံအတွက် ရွေးချယ်စရာ အစ္စရေးအဆင်မြင့် စိုက်ပျိုးရေး နည်းပညာ

...

မြန်မာနိုင်ငံအတွက် ရွေးချယ်စရာ အစ္စရေးအဆင်မြင့် စိုက်ပျိုးရေး နည်းပညာ

Mizzima, 29 Sep 2016

URL: http://www.mizzima.com/development-features/advanced-israeli-farming-technology-offers-options-myanmar
ယခုသီတင်းတပတ်တွင် အစ္စရေးနိုင်ငံရှိ နောက်ဆုံးပေါ်ခေတ်မီလယ်ယာသို့ သွားရောက်လည်ပတ်ခဲ့ရာတွင် မြန်မာ့စိုက်ပျိုးရေး
တိုးတက်ရေးအတွက် အလားအလာများကို ထိုလယ်ယာတွင် မြင်တွေ့ခဲ့သည်။ အစ္စရေး စိုက်ပျိုးရေးပညာရှင်များ ချဲ့တွင်လုပ်
ဆောင်ထားသည့် အဆင့်မြင့် နည်းပညာများကိုမြင်တွေ့ခွင့်ရရန် အခွင့်အရေး ရရှိခဲ့သည်၊ လယ်သမားများသည် အသီးအနှံများ
တာရှည်ခံရန်နှင့် ကြီးထွားလာစေရန်အတွက် ရေကို များနိုင်သလောက်များများ အသုံးပြုသည်ကို တွေ့ရသည်။

ကျွန်ုပ်လေ့လာရသလောက် အစ္စရေး၏ စိုက်ပျိုးရေးစီးပွားရေး အောင်မြင်ရခြင်းမှာ ကောင်းမွန်သော ရာသီဥတုရှိခြင်း၊ စိုက်ပျိုး
ရေး အဆင့်မြင့် နည်းပညာများနှင့် ခေတ်မီသော လယ်ယာပစ္စည်းများကို အသုံးပြုခြင်းကြောင့်ဖြစ်သည်။ မြေများသည် နိုင်ငံ၏
အကောင်းဆုံး နေရာများတွင် တည်ရှိပြီး သယံဇာတများကို ဂရုတစိုက် စောင့်ရှောက်ကြသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင်မူ ကျွန်ုပ်သည် ကျေးလက်ဒေသများသို့ မရေတွက်နိုင်အောင် ခရီးထွက်ခြင်း၏ ရလဒ်အနေဖြင့်
တွေ့ရှိရသည်မှာ စိုက်ပျိုးစီးပွားရေးတွင် ခေတ်မီသည့် အဆင့်မြင့် လယ်ယာပစ္စည်းများနှင့် နည်းပညာများ အသုံးပြုမှုသည် အ
လွန်ညံ့ဖျင်းသည့် အခြေအနေထဲတွင် ရှိနေသေးကြောင်း တွေ့ရှိရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည့် အစ္စရေးသံအမတ်ကြီးသည် မဇ္ဇျိမ၏ တိုက်ရိုက် ထုတ်လွှင့်ခန်းတွင်
ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်၊ ဆည်မြောင်း ရေပေးသွင်း စိုက်ပျိုးခြင်းအပါအဝင် အစ္စရေးလယ်သမားများ အသုံးပြုသည့်
နည်းလမ်းနှင့် အခြားသော နည်းလမ်းများသည် မြန်မာနိုင်ငံနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကိုက်ညီမှု ရှိနိုင်
ကြောင်း ပြောကြားခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ လယ်သမား အလုပ်သမားအများစုသည် ထိုင်းနိုင်ငံမှ လာသူများ ဖြစ်နေခြင်းပင်ဖြစ်သည်။ အ
ခြားနိုင်ငံမှ လာသည့် ဒုက္ခသည် အချို့ကိုလည်း အလုပ်ခန့်ထားသည်ကို တွေ့ရသည်။

သစ်သီးခြံများနှင့် စိုက်ခင်းအများစုတွင် လူအင်အားကို အနည်းဆုံးအသုံးပြုပြီး စက်များကို အကြီးအကျယ် အသုံးပြုကြသည်။
ပိုးမွှားအန္တရယ် ကျရောက်ခြင်းများကို ကာကွယ်ရန် အဆင့်မြင့် နည်းပညာများ အသုံးပြုခဲ့ပြီး ဆည်မြောင်းရေပေးသွင်းခြင်းကို
လည်း ကွန်ပျူတာ ထိန်းချုပ်မှုစနစ်ဖြင့် အဆင့်မြင့် နည်းပညာ အသုံးပြုခဲ့သည်။ ထိုသစ်သီးခြံများနှင့် စိုက်ခင်းများသည် ရေရှည်
ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြပြီး စီးပွားရေးအတွက် အရေးပါလှသည်၊ ယင်းတို့အား သဘာဝဘေးအန္တရယ်မှာ ကာကွယ်ရန်အတွက်
နည်းပညာများကို အသုံးပြုကြသည်၊ အင်ဂျင်နီယာ ပညာပိုင်းဆိုင်ရာ ဆန်းစစ် လေ့လာမှုများကိုလည်း အသုံးပြုကြသည်။