ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲဖြစ်လာရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် လှည့်လည်စစ်ဆေးမည့် လူထုပူးပေါင်းဆောင်ရွက်မှုအစီအစဉ်

...

ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲဖြစ်လာရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် လှည့်လည်စစ်ဆေးမည့် လူထုပူးပေါင်းဆောင်ရွက်မှုအစီအစဉ်

Burma News International, 22 Nov 2016

URL: http://www.bnionline.net/news/mizzima/item/2510-people-s-alliance-for-credible-elections-to-monitor-by-elections.html
ရွေးကောက်ပွဲမတိုင်မီ နှင့် ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒနယ်မြေလစ်လပ်နေရာ(၁၉)နေရာကို ဖြည့်ရန်အတွက် ဆောင်ရွက်ရသည့်
ကဏ္ဍလုပ်ငန်းစဉ်များကို ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲဖြစ်လာရန် လူထုပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ(PACE) ဖြင့် လှည့်လည်ကြည့်ရှု့စစ်ဆေးမည်ဖြစ်သည် ဟု နိုဝင်ဘာလ(၂၁)ရက်နေ့ထုတ် အဖွဲ့အစည်း၏ ကြေငြာချက်ထဲတွင် ဖော်ပြထားသည်။

ထိုသို့ကြိုးပမ်းအားထုတ်မှု၏ တစိတ်တဒေသအနေဖြင့် PACE သည်ကြားဖြတ်ရွေးကောက်ပွဲမဲဆန္ဒနယ်မြေများအားလုံးတွင်လွတ်
လပ်သော မဲဆန္ဒရှင်စာရင်း စိစစ်ရေးအတွက် လုပ်ဆောင်ရန် ပြင်ဆင်နေသည်။ " လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ
အနည်းသာရှိပေမယ့်လည်း ဒါဟာလေ့လာဖို့အတွက်အရေးပါတဲ့လုပ်ငန်းစဉ်တစ်ခုလို့ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရွေးကောက်
ပွဲတုန်းက ပြည်တွင်း ပြည်ပလေ့လာသူတွေ လွတ်လပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုဖြစ်စေဖို့ ၊UEC နဲ့အတူ ကော်
မရှင်ခွဲတွေနဲ့ ဆက်ဆံရေးကောင်းမွန်စေဖို့ ၊ ရွေးကောက်ပွဲနေ့ လုပ်ထုံးလုပ်နည်းများကို ကြီးကြပ်ဖို့၊ မဲဆန္ဒရှင်စာရင်းမွမ်းမံပြင်ဆင်ဖို့
လုပ်ငန်းစဉ်တွေနဲ့ မဲဆန္ဒရှင်စာရင်း အရည်အသွေးတိုးတက်လာစေဖို့ ၊ ကြိုတင်မဲပေးရာစနစ်များတွင် ပိုမို ပွင့်လင်းမြင်သာမှုရှိစေဖို့၊
အရပ်သား လူမှုအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍတွေနဲ့ နိုင်ငံသားတိုင်း ရွေးကောက်ပွဲ သတင်းအချက်အလက်တွေ ရရှိစေဖို့ စတာတွေ
အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ တိုးတက်စေဖို့ ကောက်ချက်ချတာတွေကလည်း အရေးပါ ပါတယ်" ဟု PACE ၏ အလုပ်
အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမှ ပြောခဲ့သည်။

၂၀၁၇ခုနှစ် ဧပြီလ ၁ ရက်နေ့၌ မဲဆန္ဒလစ်လပ်နယ်မြေ ၃၁ ခုတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ၁၉ နေရာ ယှဉ်ပြိုင်မည်ဖြစ်သည်။ကြား
ဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအတွက် အချိန်ကာလ အကြိုစာရင်းကို အောက်တိုဘာလနှောင်းပိုင်းတွင် ကြေငြာခဲ့သည်။