၂၀၁၇ခုနှစ်တွင် ကရင်ပြည်နယ်၌ လေ့ကျင့်ရေးဆေးရုံ ဖွင့်လှစ်မည်

...

၂၀၁၇ခုနှစ်တွင် ကရင်ပြည်နယ်၌ လေ့ကျင့်ရေးဆေးရုံ ဖွင့်လှစ်မည်

Karen News, 22 Nov 2016

URL: http://karennews.org/2016/11/karen-teaching-hospital-to-open-in-2017.html/
ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ ကျန်းမာရေးဝန်ဆောင်မှု ပံ့ပိုးပေးသော ကရင်ပြည်နယ်ကျန်းမာရေးနှင့်
လူမှုဖူလုံရေးဌာနသည် ကော့ကရိတ်မြို့အနီးတွင် ဆေးပညာပို့ချရေးဆေးရုံတစ်ရုံ ဖွင့်လှစ်ရန် စီစဉ်နေပြီး ၂၀၁၇ ဇန်န
ဝါရီလတွင် စတင်လုပ်ကိုင်မည်ဖြစ်သည်။

တောနော(ဒေါန)ဟုခေါ်ဆိုသည့် သင်ကြားပို့ချရေးဆေးရုံကို ဇန်နဝါရီလ ပထမအပတ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော်
လည်း အဆောက်အဦး ဆောက်လုပ်မှု မပြီးသေးသောကြောင့် တရားဝင်ဖွင့်လှစ်ရန်သတ်မှတ်ထားသည့် အချိန်ထက်
နှောင့်နှေးနိုင်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အကုန်ပိုင်းလောက်မှသာ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

KDHW မှ ဌာနမှူးဖြစ်သူ ပဒိုစောအဲ့ကလူရွှေဦး မှသင်ကြားပို့ချရေးဆေးရုံအား ကနေဒါမှ အလှူရှင်များက ပံ့ပိုးပေး
ခဲ့သည်ဟု ပြောပြခဲ့သည်။

“၂၀၁၇၊ ဇန်နဝါရီမှာ ဖွင့်လှစ်ဖို့ ကျွန်တော်တို့စီစဉ်ထားပါတယ်။ ဆောက်လုပ်ရေးကြာနေတာကြောင့် အဆောက်အ
ဦးတွေ ဆောက်လုပ်မှု နှောင့်နှေးနေပေမယ့်လည်း ဇန်နဝါရီလမကုန်ခင်မှာ ဖွင့်လှစ်နိုင်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါ
တယ် ” ဟု ပဒိုစောအဲ့ကလူရွှေဦးက ကရင်သတင်းစဉ်သို့ ပြောခဲ့သည်။

နန်းရွှေမွန်ကျေးရွာတွင် တောနောသင်ကြားပို့ချရေးဆေးရုံ ဆောက်လုပ်ပြီးစီးသည့်အခါ KDHW မှ စီမံခန့်ခွဲမည်ဖြစ်
ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပံ့ပိုးပေးမည်ဟု ပဒိုစောအဲ့ကလူရွှေဦးက ပြောခဲ့သည်။ KDHWမှ သင်
တန်းပေးထားသော ကျန်းမာရေးလုပ်သားများကို ဆေးရုံသစ်တွင် လက်တွေ့သင်တန်းဆင်းရမည်ဖြစ်ကြောင်း ပဒို
စောအဲ့ကလူရွှေဦးက ထပ်ပေါင်း ပြောခဲ့သည်။

KDHW မှ ဆေးရုံသည် ခန့်မှန်းခြေအားဖြင့် ထိုနေရာဒေသတွင် နေထိုင်ကြသည့် ကျေးရွာသား တစ်သောင်းခန့်ကို
ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ဆေးရုံသည် သင်တန်းပေးရာတွင် ကျန်း
မာရေးအခြေခံ စောင့်ရှောက်မှု အမှန်တကယ်လိုအပ်သည့် နေရာဒေသများမှလာသော ကျန်းမာရေးလုပ်သားများ
ကိုဦးစားပေးကူညီမည်ဖြစ်ကြောင်း KDHW က ထပ်ပေါင်းပြောပြခဲ့သည်။

၂၀၁၅ ခုနှစ် မတ်လတွင် စတင်ဆောက်လုပ်ခဲ့သည့် ကုတင် ၂၅လုံးဆန့် ဆေးရုံကို Global Neighbors Canada Inc
ကုမ္ပဏီ နှင့်တစ်သီးပုဂ္ဂလိက အလှူရှင်များမှ ပံ့ပိုးပေးခဲ့ပြီး စုစုပေါင်းကုန်ကျငွေမှာ ထိုင်းဘတ် ၁၆ သန်း (ယူအက်စ်ဒေါ်လာ
၄.၅ သန်း သို့မဟုတ် မြန်မာငွေသိန်းငါးထောင်ကျပ်) ကုန်ကျသည်။

“ ဒီမှာ ဒီလိုဆေးရုံမျိုး ကျွန်တော်တို့ တခါမှ မရရှိခဲ့ဖူးပါဘူး။ ရွာသားတွေ ဆေးရုံသွားမယ်ဆိုရင် ကော့ကရိတ်မြို့နယ်က
ဆေးရုံကို သွားဖို့အခက်အခဲရှိပါတယ်။ ဒီဆေးရုံးပြီးစီးတဲ့အခါ ကျွန်တော်တို့ ဒေသခံရွာသားတွေအတွက် အလွန်ကို
အကျိုးရှိသွားပါပြီ။”

တောနောသင်ကြားပို့ချရေးဆေးရုံသည် KNU ထိန်းချုပ်ရာနယ်မြေတွင် ပထမဦးဆုံးအကြိမ် ဆောက်လုပ်သည့် ဆေးရုံ
ဖြစ်သည်။ KDHW ထံမှ ရရှိလာသော သတင်းအချက်အလက်များအရ အလားတူနောက်ထပ်ဆေးရုံတစ်ရုံကို KNU ဖာ
ပွန်ခရိုင် (သို့မဟုတ်) ဘားအံခရိုင်တွင် ဆောက်လုပ်ရန် စီစဉ်နေသည်။