မွန်ပြည်နယ်တွင် ရာဘာတစ်ပေါင် ကျပ်တစ်ထောင်နီးပါးအထိ စျေးနှုန်းမြင့်လာ

...

မွန်ပြည်နယ်တွင် ရာဘာတစ်ပေါင် ကျပ်တစ်ထောင်နီးပါးအထိ စျေးနှုန်းမြင့်လာ

Mon News Agency, 02 Dec 2016

URL: http://monnews.org/2016/12/02/rubber-prices-increase-to-nearly-1000-kyat-per-pound/
မွန်ပြည်နယ်တွင် ရာဘာစျေးနှုန်း မြင့်တက်လာနေရာ ဒီဇင်ဘာလ(၁)ရက်နေ့တွင် RSS-3 အမျိုးအစား တစ်ပေါင်လျှင် ၉၉၀ ကျပ်အ
ထိ ပေါက်စျေးရှိခဲ့ကြောင်း သိရသည်။

လတ်တလောပေါက်စျေးမှာ ရာဘာအထူပြား တစ်ပေါင်လျှင် ကျပ်၇၀၀ မှ ၇၇၀ ကြားတွင်ရှိပြီး အပါးပြားမှာ ကျပ်၈၀၀ မှ ၉၉၅ ကြား
တွင်ရှိသည်။

“ဒီနေ့ရာဘာစျေးက ၉၉၅ ကျပ်ရောက်နေတယ်။ အခုဝယ်တာက ရာဘာရဲ့အရည်အသွေးပေါ်မှုတည်ပြီး စျေးဖြတ်တာ၊ ရာဘာကောင်းရင်
ကောင်းသလို စျေးကောင်းမယ်၊ အချို့အစို​ဓာတ်​များနေရင် RSS-3 ဆိုပေမယ့်လည်း ကျပ် ၈၀၀ လောက်ပဲရတယ် ၊ ရာဘာအထူအပြား
က(၇၀၀- ၇၇၀) ကျပ်ကြားနဲ့ အပါးပြားက(၈၀၀) ကနေ ကျပ် (၉၀၀) ကြား ပေါက်စျေးရှိတယ် ” ဟု မုဒုံမြို့နယ် ဖူရှင် ရာဘာဝယ်ယူရေး
စက်ရုံမှ မန်နေဂျာ ဦးသူရက ပြောသည်။

“ တရုတ်နိုင်ငံရဲ့ စီးပွားရေးစျေးကွက် မြှင့်တင်နေလို့ ကျွန်တော်တို့ ရာဘာစျေးမြင့်တက်ရတာပါ၊ ကျွန်တော်တို့ ရာဘာစျေးကွက်က တ
ရုတ်စျေးကွက်ပေါ်မှာ မူတည်နေတဲ့အတွက်ကြောင့်ပါ ” ဟု မွန်ပြည်နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌ နိုင်ကျန်ရစ်က
ပြောပြခဲ့သည်။

ထားဝယ်မြို့တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် စင်္ကာပူမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ရာဘာစျေးသည်(၂၀၂၀)
ခုနှစ်အထိ တက်လာနိုင်မည်ဟု ခန့်မှန်းထားပြီး (၂၀၁၇)ခုနှစ်၌ ရာဘာတစ်ပေါင်စျေးသည် ကျပ်(၂၀၀၀)အထိတက်လာနိုင်မည်ဟု နိုင်ကျန်
ရစ်က ဆက်လက်ပြောပြခဲ့သည်။

ကမ္ဘာတစ်ဝှမ်းတွင် ထိုင်းနိုင်ငံသည် ရာဘာအ​ထွက်အများဆုံးဖြစ်သည်။သို့သော်လည်းကမ္ဘာ့ရာဘာဈေးကွက်ဆက်တိုက်ထိုးကျလာမှုကြောင့်
ထိုင်းအစိုးရက ရာဘာပင်ကို ခုတ်လှဲစေကာ အခြားစီးပွားဖြစ်အပင်များ အစားထိုးစိုက်ပျိုးရန် အားပေးလာကြောင်း၊ ထိုင်းနိုင်ငံတွင် ရာဘာ
အထွက်နှုန်း လျှော့ကျလာပြီး ကမ္ဘာ့ဝယ်လိုအား တိုးလာသည်ကတစ်ကြောင်း၊ မြန်မာငွေတန်ဖိုး ကျဆင်းလာသည်ကတစ်ကြောင်း၊ကမ္ဘာ့
ဈေးကွက်တိုးမြှင့်လုပ်ဆောင်လာ မှုကတစ်ကြောင်းကြောင့် ရာဘာဈေးတက်လာသည်ဟု ရာဘာဝယ်ယူရေးဒိုင်များက သုံးသပ်ကြသည်။