အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များအတွက် ပြုစုပျိုးထောင်သင်ကြားပေးမည့် ဆရာဖြစ်သင်တန်း ကို ကျောင်းဆရာ/မ ၁၀၀၀ကျော်အား ပေးမည်

...

အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များအတွက် ပြုစုပျိုးထောင်သင်ကြားပေးမည့် ဆရာဖြစ်သင်တန်း ကို ကျောင်းဆရာ/မ ၁၀၀၀ကျော်အား ပေးမည်

Myanmar Times, 14 Dec 2016

URL: http://www.mmtimes.com/index.php/national-news/yangon/24191-1000-teachers-to-be-trained-for-children-with-special-needs.html
ဉာဏ်ရည်မသန်စွမ်းသည့် ကလေးများအတွက် ပညာရေးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာအထူးပညာရေးအသင်း(MSEA) မှကျောင်း
ဆရာ၊ဆရာမတစ်ထောင်ကျော်အား၂၀၁၇ ခုနှစ်တွင် နိုင်ငံတဝှမ်း၌ အထူးဆရာဖြစ်သင်တန်းများ စတင်ပို့ချပေးမည့် အစီအစဉ်များကို
ကြေငြာခဲ့သည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအား ပံ့ပိုးပေးမှုမရှိခြင်း၊ ချန်လှပ်ထားခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကို သိသာထင်ရှားစွာ တွေ့မြင်နိုင်
သည်။ လူဦးရေ ၂.၃ သန်းသည် တမျိုးမျိုးသော ကိုယ်လက်အင်္ဂါမပြည့်စုံသည့်အခြေအနေများရှိသည်။လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၀ခုနှစ် တနိုင်ငံလုံးစစ်တမ်းအရ မသန်စွမ်းသူ ၅၃ ရာခိုင်နှုန်းသည် ပညာသင်ကြားခွင့်မရ
ပဲ ၂ ရာခိုင်နှုန်းသာ ဘွဲ့ရရှိကြကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မသန်စွမ်းကလေးများအတွက် အထူးလေ့ကျင့်ပေးထားဆရာ၊ဆရာများရှိသည့် ကျောင်းမှာ နိုင်ငံတဝှမ်းလုံး
တွင်မှ ကျောင်းအလုံး (၂၀)သာရှိပြီး အများအားဖြင့် ထိုဆရာ၊ဆရာမများရှိသည့်ကျောင်းများမှာ ရန်ကုန်နှင့် မန္တလေးတွင်ဖြစ်သည်။
MSEAသင်တန်းသည် ထိုသို့ဖြစ်ခြင်းကို ပြောင်းလဲပစ်နိုင်ရန်မျှော်မှန်းထားပြီး နိုင်ငံ၏ ကျေးလက်ဒေသများတွင်နေထိုင်သူ၆၆ ရာခိုင်
နှုန်းအတွက် ပိုမိုဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းသည်။

“ဆရာဖြစ်သင်တန်းတွေကို ခရိုင်နဲ့တိုင်းအားလုံးမှာ ကျွန်တော်တို့ပေးသွားမှာပါ” ဟု MSEA ၏ national coordinatorဖြစ်သူ အယ်လ်
ဇော်ဒင်က ပြောပြခဲ့သည်။“ကျွန်တော်တို့ ဆရာ၊ ဆရာမ အယောက် ၈၀၀ ကနေ ၁၀၀၀ အထိ သင်တန်းတက်ရောက်ဖို့မျှော်မှန်းထားပါ
တယ်။”

ပြည်နယ် တစ်ပြည်နယ်ချင်းစီနှင့် တိုင်း တစ်တိုင်းချင်းစီတွင် သင်တန်းတစ်ခုစီအပါအဝင် မြန်မာနိုင်ငံတလျှောက်တွင် သင်တန်း ၁၅
ခုပေးရန်အတွက် MSEA မှ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Wolverhampton တက္ကသိုလ်
နှင့်UK စေတနာအဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်၊ ရှမ်းပြည်နယ်တွင် သင်တန်း ၂ ခု ပေးမည်ဖြစ်သည်။

“တကယ်လို့ ကျွန်တော်တို့ရဲ့ ရန်ပုံငွေပြတ်သွားတာပဲဖြစ်ဖြစ်၊ အခြားအတားအဆီးတွေကြောင့်ပဲဖြစ်ဖြစ် ရှိလာမယ်ဆိုရင် ဧရာ၀တီတိုင်း၊
ရှမ်း၊ ချင်း၊ မွန်နဲ့ ကယားပြည်နယ်တွေကို ဦးစားပေး ရွေးချယ်ထားပြီးပါပြီ ” ဟု အယ်လ်ဇော်ဒင်က ဆက်လက်ပြောပြခဲ့သည်။

သင်တန်းအစီအစဉ်သည် သုံးလတာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်သည်။သင်တန်းတက်ရောက်ချင်သည့် မည်
သည့်ဆရာ၊ဆရာမ မဆို MSEA သို့ဖြစ်စေ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ဖြစ်စေ ဆက်
သွယ်နိုင်သည်။